(ep4)

344 8 0
                                    

သခင်မအသုံးတော်ခံ သတို့သား

အပိုင်း ၄

''အလိုလေး မနက်အစောကြီး
ဘာအတွက် ငိုနေသလဲ လှလေးပို''

''ဟွင့်အင်း ဘာရယ်မဟုတ်ပါဘူး
ဦးကျော်ရင်ရယ်''

''ဦး အလုပ်တွေများ မခိုင်းရက်ပါကောလား''

''အိုဝို ဘယ်လိုပြောလိုက်တာပ
လှလေးပို ဟန်ဆောင်ငိုတာ မဟုတ်ပါဘူး
အခုချိန်ဆို အမေတို့ အဆင်မှပြေမယ်
စန်းဝေက ပျင်းပျင်း ကလေးမို့လား
အမေက ထမင်းမာတာ စားရင် ဗိုက်အောင့်
တတ်တယ်တော့ မတော် ညနေ ထမင်းကြမ်း
နဲ့ နှစ်ပါးသွားကြည့် ထိုးထိုးအန်ပေအုံးတော့
မယ်''

''ဒီအတွက်ဆို တော်ပါသေးရဲ့
မဟုတ် ညက ဒီလူဆိုးကြီးကိုများ
လန့်လွန်းလို့ ထမင်းအိုးတည်ရင်း
ထိုင်ငိုနေသလားလို့''

''အို ဦးကျော်ရင်နော် မနက်စောစောစီးစီး
နားရှက်စရာတွေ မပြောချင်စမ်းပါနဲ့
တကတည်း ဟွင်း''

''ဦး ထမင်းစားချိန် ပြန်လာမယ်နော်
ဟင်းရွက်လေးတွေ သွားခူးလိုက်မယ်''

''အလို လှလေးပိုကိုလည်း ခေါ်လေတော်
ခဏပဲ ထမင်းအိုးက နပ်တော့မှာ
မီးမသေခင် ဟင်းအိုးအမြန်တည်နိုင်အောင်
အတူလိုက်ခူးမယ်''

''ဦးကို စိတ်မချလို့လား ကိုယ့်တော
ကိုယ်ယာတွင်းတင်ပါ''

''ဦးကျော်ရင်နော် ရှင်ကြီး
သိပ်ကို အကဲပိုနေ ရပြီ ရပြီ
သွားကြစို့''

''အွင်း''

လင်မယားနှစ်ယောက် ဆူးပုပ်ကြီးဆူးပုပ်လေး
အခင်းဘက်ရှိရာ လျှောက်လာမိကြသည်။

''ဆူးစူးမယ်နော် လှလေးပို သတိထားအုံး''

''အမလေး ဦးကျော်ရင်ရယ်
တော်ယူထားတာ ရွှေပလ္လင်ထက်က
ရွှေအိမ်စံ မင်းသမီးမှမဟုတ်တာ
လှလေးပိုက တောသူပါ ရှင် .... အ
နာလိုက်တာ တော်''

''ပြစမ်း ဟာ သွေးတွေပါ့လား''

''အို နေပါ''

''ပေးစမ်းပါ လက်ကို''

စူးသွားသော လက်ထိပ်က သွေးကလေး
တွေက နွေးသော ချစ်လင်ခံတွင်းမှာ
ခုန်ပေါက်ပျောက်ကွယ်သွားလေပြီ။

Love + Love [Normal Fiction]Where stories live. Discover now