p9/S3(Z&U)

879 6 0
                                    

အခန်း ၉

     လူသုံးဦးကား ဦးတည်ရာတစ်ခုထံ
အပြေးအလွှား ခရီးနှင်  လာကြလေပြီ။
မဏိစလယ် တိုင်းပြည်က အိုင်း ၊ ဇိုဝီ နှင့် ဇလုတို့ပင်။

  " ရှင် ဘာကြည့်နေတာလဲ "
"မဟုတ် မကြည့်ပါဘူး ကျုပ်က ဇလုကို ငေးကြည့်တာ"
"ဟားဟ"
"လှောင်ပြန်ပြီ"
"ဟုတ်တယ်လေ ဟိုက ကျားနက်ပျံပြောင်းထားတာလေ"
"အေးလေ အဲ့တာကြောင့် စိတ်ဝင်တစား
လှမ်းကြည့်တာ"
"အပိုတွေ လာပြောနေတယ် ဟူး……"

  အိုင်း ဆိုသော မင်းသမီး ပေါက်စကား နဖူး
ထက် ဆံစကို လေပြေတစ်ချက် မှုတ်ထုတ်
လို့ မြွေနဂါးပျံအသွင် ဖန်ဆင်းလျက် ကောင်း
ကင်ထက် ပျံတက်သွားလေသည်။ တဆက်တည်း
မှာတင် ဇလုလည်း အတောင်ပံခတ်လို့ ရောပါ ပျံ
တက်သွားလေသည်။ မြေပြင်တွင် ဇိုဝီသာ လူသား
အသွင်နှင့် လှမ်းလျှောက်နေမိဆဲ။

  " အော် ဟော မင်းတို့က ဒီလိုလား လာပြီလေ"

    ဇိုဝီ မကြာလိုက်။ ကျားဖြူပျံဖန်ဆင်းလို့ နှစ်
ကောင်ကြား အမီ ပျံလိုက်လာခဲ့မိလေသည်။ထို့
နောက် အရှိန်အဟုန်ဖြင့် အပြင်းအဆိုင် ပျံသန်း
ခဲ့လေကြပြီးနောက် ရောက်ရှိခဲ့လေသော ဌာနေက
နှင်းဆီခင်းအနီးရှိ ခမ်းနားလွန်းသည့် တိုက်ဆောင်ကြီးသို့ပင်။

  " ချွင် ဝီး……"
"ချလွင်……"

     အိုင်းကော ဇိုဝီပါ မြေပြင်ကို ရောက်သည်နှင့် လူအသွင်
ပြောင်းလိုက်မိကြလေသည်။
"ဇလု ပြောင်းတော့လေ"

  ဇိုဝီပြောလည်းမရ။ ဇလု ဘာဗွေဖောက်သည်မသိ။
နှာမှုတ်လို့ မာန်ဖီနေလေသည်။

"ဟေး ကောင်မလေး မင်းဒါဘာလုပ်တာလဲ"
"ရှင်မသိရင် အသာနေပါ"

    ဖြတ်ကနဲ့ အလျင်အမြန်ရောက်လာလေသော
အိုင်း။ လက်ကိုဝေ့ရမ်းလို့ ကျားနက်ကောင်၏
ဦးခေါင်းကို မှော်ဖြင့် ထိန်းချုပ်လိုက်သည်။ သူမ
မျက်လုံးတို့ကို မှိတ်ထားဆဲ။ အချိန်တစ်ခုကြာမှ
မျက်အိမ်ကို ဖွင့်လပ်လို့ နဖူးထက်က ချွေးသီးလေး
တို့ကို ဖယ်သုတ်နေတော့သည်။

"ဘာ ဘာဖြစ်တာလဲ ဟင်"
"ဘာရယ်မဟုတ်ဘူး ရှင့်လူ ပုံမှန်မဟုတ်ဘူး
တစ်စုံတစ်ခုကို အလိုမကျနေတဲ့ ပုံပဲ"

Love + Love [Normal Fiction]Where stories live. Discover now