part17(zawgyi)

1.8K 19 6
                                    

Love + Love
|Author Blackclock

   ညှို့မှိုင်း ဖခင်ဖြစ်သူကို ပွေ့ချီလိုပေမယ့်
မချီဝံ့။ အဘယ်ကြောင့်ဟူသည်ကား
လူတစ်ပိုင်းမြွေတစ်ပိုင်း ဖြစ်နေလေသော
အသွင်ဟန်ကြောင့်။

  " အမေ သား……"
        အမေ့ဖြစ်သူဆီကိုသာ အလောတကြီး
ပြေးကပ်သွားလေတော့ သနားစဖွယ် ဖြစ်နေ
လေသော ဦးညှို့နက်ဆိုသူကို အလေးမမူမိ။

    " အမေတို့ ထွက်သွားကြစို့ သား "
"ဟင် ဒီလူကိုကော အမေ
သားတို့ ဘယ်လို လုပ်မလဲ"

"ထားခဲ့လိုက်ပါ"
"ဟင် အမေ  ဟို ဟင် အဖိုး အဖိုးလား"

    " သွားစို့ သမီး"
"ဟုတ် ဒယ်ဒီ ၊ လာ သွားစို့ သားရေ နော်"
"ဟို ဟို ဦး ဦးကြီးကို ထားခဲ့……"

"ဒုတ်"

ဂုတ်ပိုးတစ်ချက် အနှက်ခံရပြီးနောက်
ညှို့မှိုင်း မေ့မြောသွားရလေသည်။

  ထို့နောက် ထို့နောက်တော့………။

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

Chapter 9

    အထူးတဆန်း ဖြစ်ရပ်တို့ မဖြစ်မီ
အချိန်ကာလ တချို့။

         အိပ်ရာထက် အာရုံလင်းကျင်းသည်နှင့်
နိုးထလာမိလေတော့ နံဘေးအနားတွင် အိပ်
ပျော်နေလေသော ယောကျာ်း။ ဦး။ ဦးညှို့နက်။

ဦးရဲ့ ရင်အုပ်ကြီးကို လက်ကလေးနဲ့ အသာ
တင်ကြည့်တော့ ဟောက်သံမဲ့လို့ အိပ်
စက်ကောင်းနေဆဲ ဦးညှို့နက်။ ကြွက်သား
ကျစ်ကျစ်လေးတွေနဲ့ ပြည့်နေတဲ့ ခါးကို
ပွေ့ဖက်မိတော့ ရင်ခုန်ချင်စရာ။

  " ဟင်  …… ဟွန်…… အဟင်း……"

   ဟိုထိ ဒီထိလုပ်မိတော့ သိပ်မကြာလိုက်။
ဦး နိုးလာလေသည်။ သူမဘက်လှည့်လို့
စိုက်ကြည့်လာလေသည်။

   " မင်း ဘာတွေ ကြံနေတာလဲ သွေး"
"ရှင် သွေး ဘာလုပ်လို့လဲ"
"မင်း ငါ့ကို သတ်ဖို့ ကျန်နေတာလား
စိတ်ချ ဒီကမ္ဘာလောကမှာ ငါ့ကိုယ်ငါ
မသေခိုင်းသ၍ သေမှာ မဟုတ်ဘူး"

"အို ဦး ဘာတွေ ပြောနေတာလဲ ရှင်"
"အမှန်တွေ ပြောနေတာလေ ခဏနေလောက်ဆို
လူယုတ်မာဖန်တီးတဲ့လူက မင်းဆီ မင်းရဲ့ဒယ်ဒီ
ကို လွှတ်လိုက်လိမ့်မယ် ဟင်း……ပြီးရင်တော့
ငါ့ကို သတ်ဖို့ လုပ်မယ် ဟူး……ခက်တော့တာပဲ"

Love + Love [Normal Fiction]Where stories live. Discover now