သခင်မအသုံးတော်ခံ သတို့သား(ep1)

634 15 0
                                    

သခင်မအသုံးတော်ခံ သတို့သား

အပိုင်း ၁

'' လှလေးပို ဟဲ့ လှလေးပို ''

''ရှင် မေကြီးရေ သမီး နောက်ဖေးမယ်တော့''

''မြန်မြန်လာစမ်းအေ ညည်းမှာလဲ''

''လာပြီ မေကြီး''

လှလေးပို အရွယ်လေးက ဆယ်ကျော်သက်။
အပျိုနုနုလှလှလေး။ ဆံပင်အုံကောင်းကောင်း
ပါးကွက်အဖွေးသားလေးထက် ချွေးစီးကြောင်းတွေဖြင့် သဘာဝဆန်ဆန်လှနေသူလေး။

''ခင်စန်းရေ ဒါ ​ကျုပ်သမီးပဲအေ
ဘယ်လိုလဲ လှတယ်မလားအေ''

''မြကျင်ရယ် ဘယ်လိုများမေးလိုက်သလဲ
အိမ်က ဖေသန်းတော့ ဖျားတော့မှာပဲ
သူက မြေးလိုချင်နေတာမှ တစ်ပိုင်းကို
သေနေတာအေ့''

''ဖြစ်ရလေ ဖြစ်ရလေ ညည်းသားက
သမီးထက် အသက်နှစ်ဆကြီးတာလွဲလို့
ဘာပြောစရာရှိလဲ၊ ရွှေရှိမြေရှိတွေပဲ
ကျုပ်မငြင်းဘူး''

''သမီးလေး နာမည်က ဘယ်လိုခေါ်သလဲကွဲ''

''လှလေးပိုပါ ​ကြီးကြီး''

''လှလိုက်တာကွယ် ရွာရဲ့ ကွမ်းတောင်ကိုင်ဆို''

''အရင်နှစ်ကပါ ကြီးကြီး
အခုတော့ မဟုတ်​တော့ပါဘူး
အဖေဆုံးတော့ အဲ့နေရာ မပေးတော့လို့''

''အေး ဟုတ်ပေသား ဒီဘက်နယ်က
အဲ့လို ရွေးတတ်ကြတာပဲ၊ ဘာဖြစ်ဖြစ်
ညည်းတို့လည်း တောင်သာအောင်
အဒေါ်သားကြီးနဲ့ လက်ထပ်လိုက်ပါကွယ်
အဒေါ်အကောင်းဆုံး မင်္ဂလာပွဲ စီစဥ်ပေးမယ်''

လှလေးပို အမေ့ကို ကြည့်သည်။
အံကြိတ်သယောင်ဆိုတော့ ခေါင်းသာ
ညိတ်လိုက်သည်။ စိတ်က မပါ။

အောက်မှာလည်း ညီမတွေ ရှိသေးတော့
အသာတကြည်လက်ခံလိုက်ရသည်။

အဲ့ဒီလူနာမည်က ဦးကျော်ရင်တဲ့။
လှလေးပိုကို လက်ထပ်ဖို့သာ ပြောပြီး
အပြင်မှာ တစ်ခေါက်တောင် လာမတွေ့။
ကောက်စိုက်ချိန်ကြုံနေတာမို့ လှလေးပိုလည်း
စိတ်မဝင်စားအား။

''မမစောရင်''

''ပြောလေ လှလေးပို''

''လင်ယူတာ ကောင်းလားဟင်''

Love + Love [Normal Fiction]Where stories live. Discover now