part14(zawgyi)

2.2K 22 0
                                    

Love + Love
|Author Blackclock

      " အမေ "
"ဟွန် အင်း သား……"

   ထွက်သွားလေသည့် ချစ်သောလင်ဖြစ်သူကို
ဒေါ်အသွေးမြတ်လျှံခြယ် ငေးမျှော် ကျန်နေ
ခဲ့စဉ် အခိုက်အတန့် အနားရောက်လာလေ
သော သားဖြစ်သူ။

   " ဘယ်လို လုပ်မလဲ အမေ၊ အဖိုးရဲ့
ရန်ကြွေးတွေကို သားတို့ ဆပ်နေရ
တာ အခုထိ မကုန်နိုင်သေးဘူးလားဗျာ"
"သားရယ်……"

   ပင်ပန်းညှိုးနွမ်းနေသော သားဖြစ်သူကို
ပွေ့ဖက်လို့သာ နှစ်သိမ့်ပေးနေမိလေ
သည်။

  ဘယ်လိုတွေ ဖြစ်ပါစေဦးတော့ ဒယ်ဒီချန်
ခဲ့တဲ့ ဒုက္ခအမွေထဲကြားက လွတ်မြောက်
ရမှာဖြစ်သလို ချစ်သောသူအနား နေရမှာ
ဆိုတော့  ဒေါ်အသွေးမြတ် တစ်ယောက်
ဧည့်ခန်းဆီသို့ ခြေကျဲကျဲ လှမ်းခဲ့မိလေ
သည်။ ထို့နောက်တော့………။

       အထင်လွဲနေသော လင်တော်မောင်
အပါး ခစားဖို့ ဆုံးဖြတ်လိုက်တော့သည်။

  " အမေ ဟုတ်မှ လုပ်ပါဗျာ
သားလည်း ကျောင်းထွက်ပြီး
ရှာကျွေးလို့ ရနေပြီဟာ ဟို ……"

"ဟင့်အင်း မဖြစ်ပါဘူး သားရယ်
သား ဟိုမှာလည်း အလုပ်တစ်ဖက်နဲ့
ကျောင်းတက်နေရတာမလား မပူပါနဲ့
အမေက အပျိုစင်မဟုတ်သလို ငွေရှိ
ကြေးရှိ မိန်းမတစ်ယောက် မဟုတ်တော့ဘူးလေ
ပြီးတော့ မေမေ အဟင်း……"

"ဆက်ပြောလေအမေ ဟို အန်ကယ်ချောကြီး
နဲ့ အမေတို့ သိခဲ့ကြဖူးတာလား အမေ
ဟွန် ပြောပြပါ"

"သူက မေမေ ချစ်ခဲ့ရတဲ့ ယောကျာ်း
တစ်ယောက်လေ ဒါပေမယ့်မေမေ့ကို
အထင်လွဲခဲ့ဖူးတာဆိုတော့ အင်း ထုံးစံ
အတိုင်း သားအဖိုးရဲ့ ရန်ကြွေးကို ဆပ်ရ
ဦးမယ် ထင်ပါရဲ့ကွယ်"

  " အဖိုးကလည်း ရက်စက်လိုက်တာဗျာ
အင်း ဘာဖြစ်ဖြစ် သား အမေ့နားမှာ အမြဲ
ရှိနေပေးမှာပါ စိတ်ချ၊ ဟိုလူကြီး မေမေ့ကို
မနှိပ်စက်စေရဘူး"

     သားဖြစ်သူ မျက်ဝန်းတွေမှာ အလိုမကျ
သော အရိပ်အခြည်တို့ မရှိ။ နှစ်လိုဟန်သာ
ပြည့်နေလေတော့ ……

ဦးနဲ့ရတဲ့သားတော့ သွေးက စကားပြောပြီ
ထင်ပါရဲ့ ဦးညှို့နက်ရယ်……။

Love + Love [Normal Fiction]Where stories live. Discover now