(ep8)

245 3 0
                                    

သခင်မအမိန့်တော်ခံ သတို့သား

အပိုင်း ၈

''ဟေ့ကောင် မင်းတို့ အခုချက်ချင်း
ကလေးကို လွှတ်စမ်း လွှတ်လေကွာ''

''ကျစ် မင်း ဘယ်ရွာကလဲ ဘာသမိုင်း
ရှုပ်ချင်တာလဲ လစ်''

''ဟာ တယ် ပြောရခက်အုံး''

''ခွပ် ခွပ် ခွပ်''

ဖြောင့်လက်သီးက ကလေးငယ်မလေး
ကို သွေးဆောင်ဖြားယောင်းဖို့ ကျန်နေတဲ့
လူဆိုးကောင် နှစ်ကောင်ဆီ ပျံလှန်နေ
အောင် ရောက်သွားလေသည်။

ကလေးမလေးခမြာ ဆေးတိုက်ခံထားရတယ်
ထင်ရဲ့။ အပြန်အလှန်ထိုးကြိတ်တော့
သက်တမ်းရင့် လူမိုက်ကြီး မင်းစေသက်ကို
ငနှဲသားတွေ ဘယ်နိုင်လိမ့်မလဲ။

ပြေးလိုက်တာမှ တန်းနေလေရော။

ကလေးကို ထမ်းပိုးတော့
နာမည်တစ်ခုကို ရွတ်နေသူလေး။

''ဘာပြောနေသလဲ ကလေးမ''

''ကိုကို ကိုကိုညွှန့်ရွှေ''

''ဟေ သူက ဘယ်မှာကျန်ခဲ့လဲ''

လက်ကလေးထိုးရာ လိုက်မိတော့
သရက်ပင်ကြီးအောက်မှာ လဲကျနေလေ
တဲ့ ကောင်လေးတစ်ယောက်။

ထိုးကြိတ်ခံထားရတယ် ထင်ရဲ့။
မူးဝေသလိုလို ဖြစ်နေတဲ့ ကောင်လေးကို
လှုပ်နိုးတော့ အနာတရ ဖြစ်နေတဲ့
ကလေးနှစ်ယောက်ကြား မင်းစေသက်
တိုင်ပတ်နေလေပြီ။

တစ်ခဏ ကြာကာမှ နွားမောင်းသံကြားလို့
ပြေးကာ ပြောရတော့ ကလေးတွေကို
နွားလှည်းပေါ် ပွေ့ချီတင်ကာ လိုက်ခဲ့မိ
သည်။

အိမ်ကိုရောက်တော့ အူယားဖားယား
ပြေးလာတဲ့ အန်တီကြီးတစ်ယောက်။

''နင့်ကလေးတွေကို ဒီကောင်လေး
ကယ်ထားလို့ပဲ တော်သေးရဲ့
ဂရုစိုက်အုံး မြကျင်ရဲ့''

ဒေါ်မြကျင်တဲ့။ နာမည်ကို သေချာမှတ်လိုက်
သလို စိတ်ထဲက အကြံအတွက် ဝမ်းသာလိုက်
သည်။

''ဦးလေး''

''ပြောလေ သား''

''သား အမေနဲ့တူတဲ့ မိန်းကလေး
တစ်ယောက်ကို တွေ့ခဲ့တယ် သေရေးရှင်ရေး
ကြားထဲမို့ ထားရစ်ခဲ့ရတယ်''

Love + Love [Normal Fiction]Where stories live. Discover now