part27(unicode)

1.5K 35 6
                                    

love+love
Author blackclock

Chapter 16

          ထိုတစ်နေ့က အနမ်းတွေကြောင့်ပေါ့။

အေသြး အသည်းမာချင်ခဲ့ပေမယ့်
ထိုလူရဲ့ အကြည့်တွေ့ကြောင့် အရည်ပျော်
က် ခွေယိုင်နေမိတဲ့ အဖြစ်။

  စေစေ့ကျေးဇူးနဲ့ အသံသွင်းရာ လိုက်ခဲ့
ရေလေတာ့ သားသားလေးကို ပွေ့ချီလို့
မျက်တောင်မခတ်တမ်း အသံသွင်းနေတဲ့
အေသြးကို ဦး စိုက်ကြည့်နေလေသည်။

  အေသြး အသံတောင် မထွက်နိုင်။
ရှက်ကိုးရှက်ကန်းဖြစ်နေမှန်းသိတော့
ဦး တစ်ယောက် သားမုန်းသွေးကို
အပြင် ခေါ်လို့ ထွက်သွားလေသည်။

သီချင်း ဆိုပြီးသွင်းပြီးမှသာ အေသြး အခန်းက
ထွက်အလာ မြင်လိုက်ရသည်က သားအဖ
နှစ်ယောက် ပျော်ရွှင်စွာ ဆော့ကစားနေ
တဲ့ မြင်ကွင်း။

      အစ ကြည့်စတော့ အေသြး နှစ်ခြိုက်
မိနေပေမယ့် ခဏကြာလေတော့ မသိ
စိတ်ကတဆင့် လံှု့ဆော်လာခြင်းကြောင့်
အေသြး နှလုံးသားက မုန်းလိုစိတ်တို့နဲ့
ပြည့်နှက်ကုန်လေပြီ။

" သား သွားမယ် ပြန်မယ် "
"ပြန်တော့မှာလားကွ အင်း ပင်ပန်းသွားပါပြီ၊
မုန်းသွေး ဦးဦးနဲ့ နောက်မှ ပြန်ဆုံမယ်နော်
ဘိုင့် ဘိုင်"

  ဦး တစ်ယောက် အေသြး ပြန်မယ်လို့
မူ ပြောကာ ရှိသေး သားသားကို လက်ပြ
နှုတ်ဆက်လို့ အေသြးကို တစ်ချက်ငဲ့မ
ကြည့်ဘဲ လှည့်ထွက်သွားလေသည်။

"ဟင်း ရတယ်လေ "

  အေသြး စိတ်တိုတိုနဲ့ သားကို ပွေ့ချီလို့
အိမ္ကို ပြန်လာခဲ့မိတော့သည်။ အိမ်အလုပ်
တွေ လုပ်နေရင်းလည်း စိမ်းကားရက်လွန်း
သော ဦးကို မေတ္တာပို့ ကျိန်ဆဲနေမိလေသည်။

" အလကားလူ ဟင်း နေပေါ့ ရှင်တောင်
နေနိုင်သေးတာပဲ၊ အသွေးမတို့က သာလို့
တောင် နေနိုင်သေး၊ အရူးကြီး မခ်စ္ဘူး
မုန်းတယ် မုန်းစရာသိပ်ကောင်းတယ်"

  အမုန်းစကားတို့နဲ့သာ ပြောနေပေမယ့်
သားသားနားနား ပြည့်ပြည့်ဖြိုးဖြိုး ရှိနေ
တဲ့ ဦး ကို အပျိုစင်မလေးလို ရင်ခုန်မိခဲ့
တာတော့ မလြဲ အမှန်တရားပင်။ ချစ်လွန်းတဲ့
စိတ္ကို အမုန်းတရာနဲ့ ဖုံးကားထားတယ် ဆို
ရမလားပေါ့။

Love + Love [Normal Fiction]Where stories live. Discover now