(ep7)

411 5 0
                                    

အပိုင်း ၇

''အဖေရယ် သမီးတော့ ကျီးလန့်စာ
စားရသလို မနေချင်တော့ဘူးတော်
ရွာပဲ ပြန်နေချင်တော့တယ်''

''မြေးလေးတွေနဲ့ သမီးကို အဖေ နည်းနည်း
ခြေထောက် ပိုကောင်းကြည့် လှည်း က
လိုက်ပို့ပါတယ် သမီးရယ်''

''သမီးတော့ ဦးကျော်ရင်ကို ဒီမှာ
နေရသရွေ့ ရူးမတတ်သတိရမှာပဲ
ဒါတွေဟာ အမေ့ကြောင့်လို့ အပြစ်တင်
ချင်ပေမဲ့ အမေ မလုပ်တောင် ဦးကျော်ရင်က
ကတိတည်သူကြီးလေ''

''သမီးသွားချင်ရင် မြေးလေး လှထွေး
ကြီးခါမှ သွားပါကွယ်''

''အဖေ့သား ဟာလီက အခုဆို
အိမ်ကို မူးမူးလာတယ် ညဆို
အပေါက်ပိတ်ထားတာတောင်
တံခါးကို တဝုန်းဝုန်းထုတယ်
သမီးလေးခမြာ လန့်လန့်ငိုရရှာတယ်
အဖေရယ်''

''ညည်းမှာလည်းလေ အေးလေကွယ်
အဖေလည်း မတတ်နိုင်တော့ဘူး
ဝဋ်ပဲလည်လေသလား မပြောတတ်''

''ဟော နေတောင် မြင့်နေပြီအဖေရယ်
သမီးလေ ကန်စွန်းရွက်ခူး သွားမလို့အဖေ''

''ဟေ ဒါဆို ကလေးက ဘယ်လို
လုပ်မလဲ သမီးရဲ့''

''ကျောပိုး ခူးရုံပဲပေါ့ အဖေရယ်
မရရင်တော့ တွေ့တဲ့နေရာ သိပ်ထားရုံ''

''ပိုးကောင်မွှားကောင်နဲ့ကွယ်''

''ဦးကျော်ရင် ပေးတဲ့ ရွှေက ကြေးဖြစ်သွား
တော့ သုံးမရတော့ဘူးလေ အဖေ၊
သမီးလည်း ကိုယ့်မာနနဲ့ ကိုယ်ပါ
သားအကြီးလေးကို ရှင်ပြုမယ်
ပြီးရင်တော့လေ ရွာကို ပြန်ပါရစေ
အဖေရယ်''

ဦးဖေသန်း ဘာမျှမပြောနိုင်။
သားကြီးကိုလည်း လွမ်းသလို ယောက္ခမရဲ့
ချေးသေး အညစ်အကြေးကအစ မရွံမရှာ
သိတတ်လွန်းခဲ့တဲ့ ချွေးမကို သမီးရင်းမခြား
အားကိုးရာရခဲ့သည်။

အခုလို ဒုက္ခရောက်တာကလည်း
ကိုယ့်အပြစ်။ ဟို မိန်းမယုတ်နဲ့
သားစုတ် ပယောဂကြောင့် သားကိုလည်း ဆုံး ချွေးမကောင်းကိုပါ ပစ်ရတော့မယ်။

''ဟဲ့ ညည်းက ကိုကျော်ရင် မိန်းမမလား''

''ဟုတ်ပါတယ် အစ်မရယ် ဒါက
အစ်မတို့ လယ်တောလားတော်
တောင်းပန်ပါတယ် အစ်မရယ်
အစကတော့ ခူးရောင်းဖို့ လာခူးမိတာ
ပါတော်၊ အခုတော့ အခု ခူးထားသမျှ
ယူထားပါနော် ကျွန်မစားဖို့တော့
တစ်ဆုပ်လေးပဲ ပေးလိုက်ပါ''

Love + Love [Normal Fiction]Where stories live. Discover now