၅၉၉

6.1K 327 2
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၉)

"အရှင့်သား မကြောက်ပါနဲ့ ဒီကကျွန်တော်မျိုးလူအိုကြီးရဲ့ အသက်ဆုံးတဲ့ထိအောင် အရှင့်သားကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်"လို့ ဖေးယွမ်က အပြစ်မကင်းစွာနဲ့ ပြောလိုက်သည်။
မင်းသားရဲ့လုံခြုံရေးအတွက်တောင် စောင့်ရှောက်မှုမပေးနိုင်လို့ မင်းတိုင်ပင်ဆိုတဲ့ ရာထူးနဲ့ လားလားမျှမထိုက်တန်ပါလားလို့ ဖေးယွမ်တွေးမိသည်။
အခုလို အန္တရာယ်ပြည့်နှက်နေတဲ့နေရာမှာ နေရတော့မယ့်အဖြစ်ကို တွေးမိလိုက်တိုင်း ဖေးယွမ်စိတ်ဓာတ်ကျမိသည်။တက်သစ်နေတစ်မြို့လုံးအပြည့် ရှိနေတဲ့ နတ်ဆိုးတွေကို ဆက် သွယ်နေတဲ့ ရှန်ယန်ရှောင်ရဲ့ လုပ်ရပ်က တစ်ကယ့်ကို အန္တရာယ်ကြီးလှပါသည်။ဒီနေ့မှစလို့ ရှန်ယန်ရှောင်ဟာ ဖေးယွမ်ရဲ့စိတ်ထဲမှာ နတ်ဆိုးတစ်ကောင်နဲ့ တူညီသူတစ်ယောက်လို့ သတ်မှတ်ပြီးသွားပါပြီ။
တစ်နေ့နေ့မှာ အခွင့်အရေးရပြီးတော့ လောင်ယုနဲ့အတူ ထွက်ပြေးနိုင်ပါစေလို့ပဲ သူ ဆုတောင်းမိပါတော့သည်။
လောင်ယုခေါင်းညိတ်ပြလိုက်သည်။သူက မင်းသားတစ်ပါးဆိုပေမယ့် ငယ်သေးလို့ အခုလိုမျိုး မမျှော်လင့်တဲ့ အခြေအနေပြောင်းလဲမှုအောက်မှာ နေသားကျဖို့ခဲယဉ်းမှာဖြစ်ပြီး ဖေးယွမ်အပေါ် သာ ပိုပြီးအားကိုးရတော့မှာဖြစ်သည်။
တစ်ချိန်တည်းမှာပဲ သူ့ရင်ထဲမှာတော့ ဝိရောဓိတစ်ခုဖြစ်တည်နေပါသည်။သူ ရှန်ယန်ရှောင်ရဲ့ အေးစက်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာဟုတ်ပေမယ့် သူမရဲ့ လှပသော ပုံရိပ်ကိုတော့ နှလုံးအိမ်ထဲမှ ဖျက်မပစ်နိုင်ခဲ့ဘူး ဖြစ်နေခြင်းပါပဲ။
"ဟား...ငါတို့လောင်းရွှမ်ပြည်ကြီးကို မိုးကောင်းကင်က စောင့်ရှောက်ပေးဖို့ပဲ မျှော်လင့်ပါ တယ်"လို့ သက်ပြင်းမောကြီးချလိုက်တဲ့ ဖေးယွမ်က ဝမ်းနည်းစွာပြောလိုက်ခြင်းဖြစ်သည်။
ဖေးယွမ်တို့ဆီကနေ ထွက်လာပြီးတာနဲ့ ရှန်ယန်ရှောင်မျက်နှာအမူအယာလည်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။သူမနောက်ကနေ ဘာမှမပြောဘဲ ရှိနေကြတဲ့ ငနာငါးကောင်ကို ကြည့်လိုက်ပြီးနောက် သူမ ရယ်ချယ်သွားမိသည်။
"နင်တို့က အဲ့ဒါဘာဖြစ်နေကြတာလဲ"
"ရှောင်လေးရာ နင့်ဇကဒီလောက်အထိ ကြီးလိမ့်မယ်လို့ အခုမှပဲ သိလိုက်ရတယ်"ဟု ယန်ယုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"တိုင်းပြည်ရဲ့မင်းသားတစ်ပါးကို ပြန်ပေးဆွဲပြီးတော့ မင်းတိုင်ပင်ကို ခြိမ်းခြောက်တယ် လောင်းရွှမ်ပြည်အနေနဲ့တော့ နှစ်ရာချီကြာတောင် အခုလောက် သတ္တိရှိတဲ့လူကို ရှာတွေ့နိုင်မယ် မထင်ပါဘူး"လို့ မျက်နှာအမူအယာတစ်မျိုးဖြစ်နေတဲ့ ယန်းရှီက ဖြစ်ပျက်ခဲ့တဲ့အပေါ် ပြန်လည်သုံးသပ်ပြောကြားလိုက်သည်။
"နင်က မြို့တော်ကို ဘုရင်တစ်ပါးအဖြစ် သိမ်းပိုက်ပြီးတော့ ဧကရာဇ်ကို နန်းချတော့မှာလား"ဟု ထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတို့ ယှက်သန်းနေသော မျက်ဝန်းပိုင်ရှင် တန်နာဇီကမေးလိုက်သည်။
"ငါတို့ဧကရာဇ်ရဲ့ တုံးအပုံမျိုးနဲ့ဆိုရင် သူ့ကို အစားထိုးမယ့်စိတ်ကူးက မဆိုးဘူးနော်"လို့ ထူးခြားရှားပါးစွာဖြင့် လီရှောင်ဝေရဲ့ စိတ်ကူးကို ကြားသိလိုက်ရသည်။
"ဟုတ်တယ်"ဟူ၍ ပြောသွားသမျှ အချက်အားလုံးကို ကြူရှီယာက စကားတစ်လုံးဖြင့်သာ ဖော်ပြလိုက်သည်။
ရှန်ယန်ရှောင်နှုတ်ခမ်းတို့ တစ်လှုပ်လှုပ်ဖြစ်သွားခဲ့သည်။ဒီငနာကောင်တွေက ပုံစံကြည့်တော့ သူမရဲ့ ပုန်ကန်နိုင်ခြေရှိတဲ့လုပ်ရပ်အပေါ်မှာ စိုးရိမ်နေဟန်ပေါက်နေပေမယ့် တစ်ကယ်တန်းကျ တော့ သူတို့ရဲ့ စိတ်လှုပ်ရှားနေသောအသံတွေနှင့် တက်ကြွနေသော မျက်ဝန်းတွေအရ သူမအား အားပေးတိုက်တွန်းနေတာနှင့်မခြားပါချေ။
"နင်တို့ကောင်တွေ ကိုယ့်မေးခွန်းရဲ့ နောက်ဆက်တွဲအဖြစ်တွေကိုလည်း ပြန်သုံးသပ်ကြည့်ကြပါ ဦးလားကွာ ငါက တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်ပဲ ဖြစ်ချင်တာ ဧကရာဇ်တွေဘာတွေကို စိတ်မဝင်စားဘူးဟေ့"
ငါတို့အိမ်တော်ငါးခုရဲ့ ဂုဏ်သိက္ခာက အလွန်အမင်းမြင့်မားသော်လည်း မိမိတိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိခဲ့ကြဆဲဖြစ်ပါသည်။ဒါပေမယ့် ဘာကြောင့်များ လူငယ်မျိုးဆက်လက်ထပ်ရောက် ချိန်မှာ အားလုံးရဲ့ စိတ်တွေက သွေဖည်လာကြရတာလဲဟု ရှန်ယန်ရှောင်တွေးမိသွားသည်။
တိုင်းပြည်အပေါ်မှာ သစ္စာရှိဖို့ဆိုတာကို တစ်နေ့တစ်ခါတောင် တွေးမိပုံမရကြသလို အခုအခါမှာ လည်း ပုန်ကန်ဖို့တောင် တွေးနေကြသေးည်လေ...
"ဟမ် နင့်ခေါင်းထဲမှာ ဒီကိစ္စမရှိဘူးပေါ့"ဟူ၍ ရှန်ယန်ရှောင်အဖြေကို လက်မခံနိုင်ပုံပေါက်တဲ့ တန်နာဇီကပြောလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now