၆၀၀

2.1K 269 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၀)

တစ်ဦးတည်းသောမင်းသားကို ပြန်ပေးဆွဲထားပြီး မင်းတိုင်ပင်ကိုလည်း ခြိမ်းခြောက်ထားတာကို ရှန်ယန်ရှောင်က ပုန်ကန်ဖို့စိတ်ကူးမရှိဘူးဆိုတော့ ဒါက...
ဒီကောင်မလေးက ငါတို့ကို အလကားနေရင်း ဟာသလုပ်ပြနေတာလား...
"မရှိဘူး မလုပ်ဘူး အခုလည်းမလုပ်ဘူး နောင်လည်း လုပ်မှာမဟုတ်ဘူး"လို့ ရှန်ယန်ရှောင်က ပြောရင်းနဲ့ တန်နာဇီကို မျက်စောင်းတစ်ချက်ကြွေးလိုက်သည်။
"အဲ့လိုဆိုရင် သူတို့ကို လောင်းရွှမ်ပြည်ဆီ ပြန်ပို့မလို့လား"ဟု ရှန်ယန်ရှောင်ကို ကြည့်ပြီးတော့ တန်နာဇီကမေးလိုက်သည်။
ရှန်ယန်ရှောင်က ရိုးရိုးသားသားနဲ့ ခေါင်းညိတ်ပြလိုက်သည်။ငါက သူတို့ကိုပြန်မပို့ရင် တစ်သက်တာ အလကားကျွေးမွေးထားရမှာလား လာနောက်မနေနဲ့ အစားအသောက်ဈေးက ကြီးပါဘိနဲ့။
"မိုးမင်းကြီးရေ"လို့ရေရွတ်လိုက်ပြီး ကိုယ့်နဖူးကိုကိုယ် ပထမဆုံးအကြိမ်အဖြစ် ရိုက်လိုက်တဲ့ တန်နာဇီက ရုတ်တရက်ဆိုသလို ရှန်ယန်ရှောင်ရဲ့ စိတ်က ပျော့လှပါလားဟု တွေးမိသွားခဲ့သည်။
"နင်က သူတို့ကိုမသတ်ဘဲထားပြီး ပုန်ကန်ဖို့ရည်ရွယ်ချက် မရှိတာနဲ့ဘဲ သူတို့က နင့်ကို ကျေးဇူးတင်နေမှာလို့ ထင်နေတာလား။သူတို့ကို နင်ပြန်ပို့လို့ နေပြည်တော်ရောက်တာနဲ့ စစ်တပ်ကို တက်သစ်နေမြို့ဆီလွှတ်ပြီး သိမ်းပိုက်ခိုင်းဖို့ ဧကရာဇ်ကို တောင်းဆိုကြမယ်လို့ မထင်ဘူးလား"
ပုန်ကန်မှုမစခင် လုပ်ရမယ့်အလုပ်အားလုံးကို လုပ်ပြီးသွားတာနဲ့ ပုန်ကန်ဖို့ကိုတော့ မလုပ်ဘူးလို့ ငြင်းနေပါတယ် ဒီကောင်မလေးက အကျိုးဆက်တွေကို မတွေးမိဖူးလား...
ရှန်ယန်ရှောင် တန်နာဇီကို ကြည့်လိုက်ပြီးနောက် စကားပြောချင်နေပေမယ့် နည်းနည်းတွန့်နေ ကြတဲ့ ကျန်သူတွေကို ကြည့်လိုက်ပြန်ပါတယ်။
"နင်တို့က ကိစ္စတွေကို အရမ်းရှုပ်အောင် တွေးနေကြတာပဲ။ငါက တက်သစ်နေမြို့အကြောင်း လောလောဆယ်အတွင်း မပေါက်ကြားစေချင်သေးလို့ သူတို့ကို အကျယ်ချုပ်သဘော လုပ်ထားတာ ကျန်တဲ့ဘာစိတ်ကူးမှကို မရှိဘူး။နောင်ကျရင် သူတို့ ဘယ်လိုပဲတုံ့ပြန်တုံ့ပြန် ငါ့အတွက်တော့ အရေးမကြီးဘူး။တက်သစ်နေမြို့တော်ကြီး ရာနှုန်းပြည့်ပြီးစီးသွားတဲ့အခါ ဧကရာဇ်မှာ အစွမ်းရှိရင် သူလွှတ်ချင်သလောက်လူတွေကိုလွှတ်ပြီးတော့ ငါတို့ကို တိုက်ကြည့်ပေါ့"လို့ ခေါင်းကိုကုတ်ပြီးတော့ ရှန်ယန်ရှောင် ရှင်းပြလိုက်သည်။
မီးသင့်ကျောက်တို့ဖြင့်ပြုလုပ်ထားပြီး နတ်ဆိုးမျိုးနွယ်၏ မှော်အစီအရင်ဖြင့် ထပ်ပေါင်း အားဖြည့်ထားတဲ့ တက်သစ်နေမြို့တံတိုင်းက လောင်းရွှမ်ပြည်ရဲ့ လက်နက်ကြီးဒဏ်ကို မခံနိုင်စရာအကြောင်း မရှိဘူးလို့ သူမ ယုံကြည်ထားပါသည်။
သူတို့တွေ သုံးနှစ်လောက် တံတိုင်းကိုတိုက်ခိုက်ဖြိုဖျက်နေတုန်း မြို့တံတိုင်းပေါ်မှာ သူမ ဘာကိုမှ ကြောင့်ကြပူပန်နေစရာမလိုဘဲ ရပ်ပြနေလို့ရပါသေးသည်။ဦးလေးတို့ရေ ကျွန်မက တော်ရုံလောက်နဲ့ မဖြုံလို့ ဇရှိရင်တော့ စမ်းကြည့်ကြပေါ့။
"နင် မဆင်မခြင်လုပ်လွန်းရာမရောက်ဘူးလား"လို့ ယန်ယုက စိုးရိမ်စွာဖြင့်မေးလိုက်သည်။
ဒီနေ့လုပ်ခဲ့တဲ့ ရှန်ယန်ရှောင်ရဲ့ အပြုအမူတွေလုပ်ရပ်တွေက သက်ဦးဆံပိုင်စနစ်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပါပြီ။ခွင့်ပြုချက်မရှိတဲ့ လူတစ်ယောက်က မင်းသားတစ်ပါးကို ချုပ်နှောင်ထားခြင်းဟာ မည်သည့်တိုင်းပြည်မှာမဆို ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခုဖြစ်ပါသည်။
"မဆင်ခြင်ရာရောက်သတဲ့လား"လို့ ရှန်ယန်ရှောင်က ရယ်သွေးသွမ်းကာပြောသည်။
"ငါ့ကို ရန်လာမစမချင်း ဧကရာဇ်ကို ငါဘာမှလုပ်မှာမဟုတ်ပါဘူး။ဖေးယွမ်အတွက်ကတော့ ငါ့အထင်မှာ သူက စိတ်သဘောထားသေးသိမ်တဲ့လူ မဟုတ်လောက်ဘူး။သူတို့ကို တက်သစ်နေ မြို့မှာ ခေါ်ထားရတဲ့ အကြောင်းရင်းက နောက်ထပ်ရည်ရွယ်ချက်တစ်ခုကြောင့်ပဲ" လို့ဆိုလိုက်ပြီး ပြန်လည်တည်ဆောက်ရေး လုပ်နေကြတာတွေကို ရှန်ယန်ရှောင် လှမ်းကြည့်လိုက်သောအခါ သူမမျက်ဝန်းထဲမှာ မျှော်လင့်ချက်အလင်းရောင်လေး လက်ကနဲဖြစ်သွားသည်။
"နတ်ဆိုးတွေနဲ့လူသားတွေ အတူယှဉ်တွဲနေထိုင်နိုင်တဲ့အကြောင်းကို သူတို့ကိုယ်တိုင် မြင်တွေ့ သွားစေချင်တယ်ဟာ အဲ့လိုဆို သူတို့ကိုယ်တိုင်လည်း နတ်ဆိုးတွေနဲ့ ပြောဆိုဆက်ဆံမှုတွေ လုပ်ပြီးတော့ ဒီမှာရရှိသွားခဲ့တဲ့ အတွေ့အကြုံတွေကြောင့် နတ်ဆိုးတွေအပေါ်မှာ သူတို့မြင်ထား တဲ့ သဘောထားအမြင်တွေ ပြောင်းလဲသွားစေဖို့ပဲ ငါမျှော်လင့်တယ်"

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now