၆၃၁

2.3K 264 7
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၃၁)

“ငါ့မိသားစုကဖော်စပ်တဲ့ ဆေးဝါးအမျိုးမျိုးကို ငါထောက်ပံ့ပေးနိုင်တယ်လေ”

ထိုသို့ပြောလိုက်တဲ့ယန်ယုတစ်ယောက် သူတို့အိမ်တော်ဆေးခန်းမှနေပြီး မည်ကဲ့သို့သော ဆေးဝါးများကိုခိုးရကောင်းမလဲဟု တွေးနေပါသည်။

“ငါကတော့ လေလံအိမ်နဲ့ဝန်ထမ်းတွေကို ကြီးကြပ်ပေးမယ် ဒီကာလအတွင်းမှာ ရှားပါးပစ္စည်းတွေကို စုဆောင်းထားခိုင်းလိုက်မယ်”လို့ကြူရှီယာကပြောသည်။

တန်နာဇီစိတ်ညစ်သွားခဲ့ရသည်။ဒီအချိန်ကာလဟာ သခင်လေးတွေ အတူတကွပေါင်းစုလို့ လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။သို့သော်လည်း သူ့မှာဩဇာကြီးမားတဲ့ ဖခင်ရှိနေပေမယ့်လို့ သူ့မိသားစုအမွေပစ္စည်းတွေဆိုတာ ရောင်းစားလို့ရတဲ့အရာတွေမဟုတ်ပါဘူး။

ဘာစစ်ဗျူဟာသေနင်္ဂနဲ့တိုက်ပွဲဝင်ပုံစံလဲ ဒီအရာက လက်တွေ့ကျပေမယ့် ဈေးကွက်မှာ ဒီအတိုင်းချရောင်းလို့ရတဲ့အရာမဟုတ်ပါလေ။

“လုပ်လို့ရတာက...ငါတို့တွေ အဆင့်မြင့်မှော်သားရဲအချို့ကို သွားဖမ်းလို့ရတာပဲ”

စိတ်ညစ်နေတဲ့ညီငယ်ဖြစ်သူအားတွေ့မြင်နေရသော လီရှောင်ဝေက ညီငယ်၏ စိတ်ညစ်မှုပျောက်စေရန်အတွက် ပြောကြားလိုက်သည်။

တန်နာဇီရဲ့စိတ်တို့လည်း ချက်ချင်းနာလံထသွားခဲ့ပြီးနောက် သူ့မျက်လုံးတွေက ဇာမဏီ့ခေါင်းမှာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ဖီးနစ်ပေါက်လေးဆီကို ကျရောက်သွားသည်။

“ကြည့်ရတာ အဆင့်သင့်ဖြစ်နေတဲ့ ဖီးနစ်ရှိနေတာပဲလေ နည်းနည်းပိုသေးပေမယ့် လေလံတင်ရောင်းချလိုက်ရင်တော့ တစ်ကယ့်ကိုပွက်လောရိုက်သွားမှာသေချာတယ်”

တန်နာဇီရဲ့စိတ်အာရုံမှာတော့ လေလံပွဲအလယ်မှာ ဖီးနစ်ပေါက်လေးကိုကိုင်ပြီးရပ်နေတဲ့ သူ့ကိုယ်သူမြင်ယောင်နေမိသည်။မရေတွက်နိုင်လောက်တဲ့ ရွှေဒင်္ဂါးပြားတွေကိုတောင် မျက်စိထဲမှာ မြင်နေမိပါသေးသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now