၆၀၃

1.9K 259 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၃)

“ဒါပေါ့ နင်ငါ့ကိုမယုံရင် ယုကိုမေးကြည့်လို့ရတာပဲ”ဟု တန်နာဇီကပြောလိုက်ပြီး ခေါင်းကို စက်တပ်ထားသလိုမျိုး ညိတ်ပြလိုက်သည်။
ဘေးမှာရှိတဲ့ ယန်ယုလည်း ကြောင်သွားပြီးမှ လည်ချောင်းရှင်းလိုက်ကာ ပုံမှန်မဟုတ်စွာဖြင့် ပြောလိုက်ပါသည်။
“နင့်ကို အိပ်ပျော်ချီးပင့်မှု လုပ်စေချင်သလား ဒါမှမဟုတ် ဒီအတိုင်းပဲ အနားယူဖို့ လုပ်ပေးရမလား ငါ့ကိုပြောလေ”
“ငါ ဒီလောက်လည်း မပင်ပန်းပါဘူး”
ရှန်ယန်ရှောင် မျက်နှာတစ်ချက်မဲ့လိုက်သည်။တန်နာဇီနဲ့ ယန်ယုတို့က ငါ့ကို မောင်းထုတ်ဖို့ ကြိုးစားနေသလိုမျိုးကြီး ခံစားနေရတာ ဘာလို့လဲမသိဘူး…
ဒီကောင်တွေက ငါ့ကို ဂရုမစိုက်တော့ဘဲ တစ်ယောက်တည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားတော့မလို့လား…
“အိုး ဒါနဲ့ ဟိုအမြတ်စားကောင်နဲ့ကျန်လူတွေရော ဘယ်ရောက်နေကြတာလဲ။သူတို့ သုံးကောင်ကို မမြင်ရတာ မနက်ကတည်းကပဲဟ ဘယ်သွားကြတာတုန်း”
ကြူရှီယာ၊ ယန်းရှီနဲ့ လီရှောင်ဝေတို့ကို မတွေ့ရလို့ ရှန်ယန်ရှောင်ကမေးလိုက်သည်။ဒီငါးကောင် မခွဲနိုင်မခွာရက်တွေ ဖြစ်ခဲ့ကြတာကို ဒီနေ့ကြမှ ဘာလို့အတူရှိမနေကြတာလဲမသိဘူး…
“အား…အဲ့ကောင်တွေ အိမ်သာသွားတက်ကြတာလေ…မနေ့တုန်းကတည်းက သူတို့ ဗိုက်နာနေကြတာဆိုတော့လေ နင်ပေါက်တယ်မလား”လို့ တန်နာဇီက ခပ်မြန်မြန်ပဲ ရှင်းပြလိုက်သည်။
သနားဖို့ကောင်းတာက ဒီဆင်ခြေစကားက ကြားရသူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်ခြင်းပါပဲ။
“တန်နာဇီ…နင်ဘယ်လိုလုပ်ပြီး ဒီလိုတုံးအအ ဆင်ခြေမျိုးကို တွေးမိရတာလဲဟမ်”လို့ ရှန်ယန်ရှောင် ဘာပြောရမှန်းတောင် မသိဖြစ်စွာပြောလိုက်မိသည်။တန်နာဇီရဲ့ ဆင်ခြေက ကြေးစားအဖွဲ့သားတွေနှင့် ထူးမခြားနားပါပဲ။
“…”
တန်နာဇီက တုံဏှီဘာဝေလုပ်နေပြီးတော့ ယန်ယုကိုသာ အကူအညီတောင်းသလို ကြည့်လိုက်သည်။
ယန်ယုလည်း သက်ပြင်းသာချလိုက်ပြီးတော့ တစ်ခွန်းထဲ ပြောလိုက်သည်။
“သူတို့လုပ်စရာလေးတွေရှိနေလို့”
“ဪ”
ဒီသုံးကောင်ဘယ်ရောက်နေလဲဆိုတာကို တန်နာဇီနဲ့ ယန်ယုတို့က ပြောပြဖို့ ရည်ရွယ်ချက်မရှိမှန်း ရှန်ယန်ရှောင်သဘောပေါက်လိုက်သည်။
ရှောင်လေးလည်း ဖြစ်နေပျက်နေတာတွေကို အရမ်းတင်းသွားပြီးတော့ ဘာမှ ဆက်မမေးတော့ဘဲ ထွက်လာပြီးတဲ့နောက် ဒီအတိုင်းလျှောက်သွားပြီး စိတ်ပြေအောင် လုပ်မလို့ဟုသာ ပြောထားခဲ့ လိုက်သည်။
ဂူဝံပုလွေအဖွဲ့သားတွေကို နားလည်ရခက်လာခဲ့ပြီး ငနာငါးကောင်က ပိုလို့တောင် ဆန်းပြားနေ ကြပါသေးသည်။အခုဖြစ်နေတဲ့ ဘာမှန်းမသိမှုကြီးက တော်တော်နေလို့ထိုင်လို့ ခက်နေပါသည်။
ရှန်ယန်ရှောင် လှည့်ထွက်သွားလိုက်ရင်း လူသုံးယောက်တို့ ဘာအမှားမှ မလုပ်ကြဘဲ ရိုးရိုးသားသားနေနေကြတာကို အမှတ်ရသွားသည်။အချုပ်ထဲမှာ ငတ်သေအောင် ပစ်ထားခံရတဲ့ လီချီတောင် ဘာမှကျူးလွန်မှုမလုပ်ထားလို့ သူမတောင် အပြစ်ရှာမတွေ့ဖြစ်နေခဲ့ပါသည်။
အသစ်စက်စက်ဆောက်လုပ်ပြီးထားသော မြို့တော်ခန်းမဆောင်အတွင်းမှာ ထိုင်နေသော ရှန်ယန်ရှောင်က ပါးနှစ်ဖက်အားလက်တို့ဖြင့်ထောက်ထားပြီး သူမဘေးမှာ ထိုင်နေတဲ့ ဇာမဏီ့အား ကြည့်နေသည်။
“ကျူလေးက ဘယ်ရောက်နေမှန်းလည်းမသိဘူး ဖန်လေးကိုလည်း အရိပ်တောင် မတွေ့ရတော့ဘူး။အခု ငါ့အနားမှာရှိတာဆိုလို့ နင်နဲ့ဖီးနစ်ပေါက်လေးပဲရှိတော့တယ်။ဘာတွေ ဖြစ်နေကြတာမှန်းကို မသိတော့ဘူး”
ရှန်ယန်ရှောင် သက်ပြင်းတစ်ချက်ချလိုက်သည်။သူမအနားမှာ လူစုစု စုစုရှိနေခဲ့ခြင်းမှာ ကျင့်သားရနေပြီဖြစ်လို့ ရုတ်တရက်ကြီး လူသူကင်းမဲ့သွားခဲ့ခြင်းအတွက် သူမအနေနဲ့ အကျွမ်းတဝင်မရှိဘဲ ဖြစ်နေပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now