၆၁၂

1.7K 228 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၂)

“ဒါဆိုလည်း ဂရုတော့စိုက်ဦး တစ်ခုခုဖြစ်တာနဲ့ ဇာမဏီငှက်ကိုသာ ခေါ်ထုတ်လိုက်ကွာ ငါသိသလောက်ကတော့ အိုးယန်ဟွမ်းယူရဲ့ မှော်သားရဲက အဆင့်မြင့်မှော်သားရဲပဲဖြစ်လို့ ဇာမဏီက နင့်နားမှာရှိနေသ၍တော့ သူလည်း နင့်ကို ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူး”လို့ စိတ်လက်မချဖြစ်နေတဲ့ တန်နာဇီက သူမကို ထပ်ကာထပ်ကာ သတိပေးလိုက်ပါသည်။
“ငါနားလည်ပါတယ်”လို့ ရှန်ယန်ရှောင်က ပြုံးပြီးတော့ ပြန်ပြောလိုက်သည်။
ငနာငါးကောင်တို့က သူမရဲ့ ကလေးထိန်းတွေနဲ့တောင် တူတူလာကြပြီး သူမအပေါ်မှာ အလေးပေးဂရုစိုက်ကြပြီး သူမ ငြိုငြင်အောင်လည်း မလုပ်ကြပါဘူး။
“ကြမ်းကြုတ်ဝံပုလွေရေ သူနဲ့သွားတွေ့ကြစို့”
သူမ အသိချင်ဆုံးကိစ္စကတော့ အိုးယန်ဟွမ်းယူ ဒီကိုရောက်လာရတဲ့ ကိစ္စအပေါ်မှာ ဖြစ်ပါသည်။
ရှင်းလင်းသန့်ရှင်းသော လမ်းပေါ်မှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်ကြီးလူ တစ်ယောက်ကို မြင်လိုက်ရသည်။အိုးယန်ဟွမ်းယူရဲ့ မွေးရာပါပုံစံဖြစ်ဟန်တူသော အသွင်အပြင်တို့ကြောင့် သူ့ကို အမြင်ကပ်မုန်းတီးဖို့ဆိုတာ ခဲယဉ်းလှပါသည်။သူ့ဘေးမှာတော့ ဂူဝံပုလွေအဖွဲ့သားတွေ ရှိနေပြီး သူ့ကို စကားပြောဆိုနေကြပါသည်။ကြည့်ရသော ပုံစံအရ ကြေးစားတွေဟာ အိုးယန်ဟွမ်းယူအပေါ်မှာ အတော်လေးကို လေးစားဟန်ရှိလှပါသည်။
ပြောစရာတစ်ခုကတော့ အိုးယန်ဟွမ်းယူတစ်ယောက် ဘယ်လောက်ပဲ ယဉ်ကျေးပျူငှာစွာ နေထိုင်ပြောဆိုသည် ဖြစ်ပါစေ ရှန်ယန်ရှောင်ရဲ့ မျက်လုံးထဲမှာတော့ ကြောင်သူတော်ပဲ ဖြစ်နေမှာပါ။
“ကျောင်းအုပ်ကြီးအိုးယန်ကို ကျွန်မမတွေ့ရတာ တော်တော်လေးကို ကြာခဲ့ပြီနော် ကျောင်းအုပ်ကြီးရော အဆင်ပြေသလား”လို့ ရှန်ယန်ရှောင်က သူမရဲ့ မနှစ်မြို့မှုတို့အား ပစ်ချလိုက်ပြီး သိမ်မွေ့စွာဖြင့် ပေါ့ပေါ့ပါးပါးနှုတ်ဆက်လိုက်သည်။
အိုးယန်ဟွမ်းယူလည်း သူမဖက်သို့ လှည့်လိုက်ပြီးနောက် ရှန်ယန်ရှောင်အားကြည့်ပြီး ပြုံးလိုက်သည်။သူ့ရဲ့ သိမ်မွေ့ညင်သာသော အသွင်အပြင်ကြောင့် သဘောထားပြည့်လှသော လူကြီးတစ်ယောက်လို့ ထင်မှတ်စေနိုင်ပါသည်။
“အားလုံး အဆင်ပြေပါတယ်ကွယ်”
“ကျောင်းအုပ်ကြီးအနေနဲ့ ဒီလောက် ဝေးလံခေါင်သီလှတဲ့နေရာကို ဘာအတွက် ရောက်လာတာလဲဆိုတာ ကျွန်မမသိပါဘူး။စွန့်ပစ်နယ်မြေဆိုတာ အန္တရာယ်ထူပြောပြီး သွားလို့လာလို့ကောင်းလှတဲ့ နေရာတစ်ခုတော့မဟုတ်ပါဘူးရှင်”လို့ ရှန်ယန်ရှောင်က ပြုံးကာ ပြောလိုက်သည်။သူမရဲ့ မနှစ်မြို့မှုကိုတော့ သတိပြုမိစရာမရှိဘဲ သူမရဲ့ ဆရာဖြစ်သူအပေါ်မှာ တစ်လေးတစ်စားနဲ့ ပြောဆိုနေပုံပေါ်နေပါသည်။သူမရဲ့ ဆရာဟောင်းနဲ့ တွေ့ဆုံနေတဲ့ ကျောင်းသားကောင်းတစ်ယောက်အတိုင်းပါပဲ။
“ဒီနေရာက စကားပြောလို့မကောင်းဘူးကွဲ့ မြို့တော်သခင်နဲ့ သီးသန့်ပြောလို့ ရနိုင်မလား မသိဘူး။အမှန်အတိုင်းပြောရရင်တော့ တစ်စုံတစ်ယောက်ရဲ့ကိုယ်စား လာခဲ့တာပါလေ”လို့ အိုးယန်ဟွမ်းယူက ပြုံး၍ပြောလိုက်သည်။
ခဏတာခန့်တော့ ရှန်ယန်ရှောင် စိတ်ထွေပြားသွားခဲ့ပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်ရှိသွားသည်။အိုးယန်ဟွမ်းယူပြောစကားအရ သူ့ကို တစ်ယောက်ယောက်က ကိုယ်စားလွှတ်လိုက်တာဆိုတော့ ယန်းချီများဖြစ်နေမလားမသိဘူး။
ရှန်ယန်ရှောင်လည်း တစ်ချက်တွေးလိုက်ပြီးနောက် ခေါင်းကိုညိတ်ကာ “ဒါဆိုရင်လည်း ကျောင်းအုပ်ကြီးက ကျွန်မနဲ့အတူ မြို့တော်ခန်းမကို လိုက်ခဲ့ပေးပါနော်”လို့ ပြောလိုက်သည်။
“ကောင်းပါပြီ”
မြို့တော်ခန်းမအတွင်းကို ဝင်ပြီးတဲ့နောက် အားလုံးကို ပြန်ထွက်သွားကြဖို့ သူမ အမိန့်ပေးလိုက်တော့ ခန်းမဆောင်ထဲမှာ သူမနဲ့ အိုးယန်ဟွမ်းယူတို့နှစ်ယောက်သာ ကျန်ရစ်ခဲ့ပါတော့သည်။
ထိုင်ခုံအသစ်ပေါ်မှာ ထိုင်နေတဲ့ အိုးယန်ဟွမ်းယူက အခန်းတွင်းရှိ အလွန်အမင်းနည်းပါးသော ပစ္စည်းတစ်ချို့အား လိုက်လံကြည့်နေပါသည်။သူပြောရမယ်ဆိုရင်တော့ ရှန်ယန်ရှောင်ရဲ့ မြို့တော်ခန်းမဟာ အခန်းလွတ်တစ်ခုမျှသာ ဖြစ်သည်လို့ ပြောရပါမည်။အပြင်ကကြည့်ရင် ခမ်းနားလှသော်လည်း အတွင်းရှိ ပရိဘောဂပစ္စည်းတို့က အရည်အသွေး ညံ့ဖျင်းလှပါသည်။
ခန်းမဆောင်တစ်ခုလုံးမှာ စားပွဲသေးတစ်ချို့နဲ့ထိုင်ခုံအချို့သာ ရှိတာဖြစ်ပြီး အားလုံးက ယန်းရှီရဲ့ လက်ရာတွေဖြစ်သည်။ဒါတွေအားလုံးကို စွန့်ပစ်နယ်မြေမှာ ရှာတွေ့သော ကုန်ကြမ်းတွေနှင့် သစ်ပင်တို့အား အသုံးပြု၍ ပြုလုပ်ထားတာပဲ ဖြစ်ပါသည်။
အပြင်ဖက်နဲ့နှိုင်းယှဉ်ပါက အတွင်းရှိသမျှ အားလုံးတို့က နည်းနည်းလေး ယုတ်လျော့နေပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now