၆၁၃

1.7K 236 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၁၃)

အိုးယန်ဟွမ်းယူဟာ သူ့ကိုယ်သူ အသားကျအောင် ပြင်ဆင်လိုက်ပြီးနောက် သူမဖက်သို့ လှည့်လိုက်ပြီး “လောင်းရွှမ်အင်ပါယာအနေနဲ့ စွန့်ပစ်နယ်မြေအတွင်းမှာ ကျရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရတယ်။ဒီနေ့မှာ ခင်ဗျားအနေနဲ့ တက်သစ်နေမြို့တော်ကို အခုလိုထိ အောင်အောင်မြင်မြင်နဲ့ ပြန်လည်တည်ဆောက်နိုင်ခဲ့တာ တစ်ကယ့်ကို အသိအမှတ်ပြုစရာ ကောင်းလှပါတယ်။ဒါပေမယ့် ဒီကိစ္စက ခင်ဗျားလို ကလေးတစ်ယောက်အတွက်တော့ ပင်ပန်းလောက်တဲ့ အလုပ်တစ်ခုဖြစ်မှာပဲ။သိပ်မကြာခင်မှာဘဲ ခင်ဗျားရဲ့ ပုခုံးထက်မှာ ကိစ္စအတော်များများကို ထမ်းထားရမှာဖြစ်ပြီး တက်သစ်နေမြို့တော်မှာ နေထိုင်ဖို့အတွက် ခင်ဗျားအနေနဲ့ အတော်လေး ပင်ပန်းဆင်းရဲတော့မှာပဲ”လို့ ပြောလိုက်သည်။
ဂရုစိုက်စိုးရိမ်သောစကားတွေကို အိုးယန်ဟွမ်းယူက ပြောလိုက်တာဖြစ်သည်။
ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်မိသည်။အိုးယန်ဟွမ်းယူက အခုလိုမျိုး စိုးရိမ်သောလေသံနဲ့ ပြောနေတာကို နားထောင်နေရတဲ့ သူမအနေနဲ့ တစ်ခုခုလွဲနေသလို ခံစားမိနေရတာ ဘာကြောင့်များလဲ့လို့ တွေးမိသွားသည်။
“ပြောရရင်တော့ ခင်ဗျားတော်ဝင်ရိုလန်ကျောင်းမှာရှိနေကတည်းက ခင်ဗျားကို ကျနော် တွေ့ချင်နေတာပါ။ခလုတ်ကန်သင်းတွေပေါများလှတဲ့ ဆင့်ခေါ်သူပညာရပ်ကို ဒီလောကထဲ က ဘယ်လိုလူကများ လျှောက်လှမ်းရဲတာလဲဆိုတာကို သိချင်နေမိတာ”လို့ အိုးယန်ဟွမ်းယူ က ရှန်ယန်ရှောင်အား စိတ်လိုနှစ်ရပြောလိုက်ခြင်းဖြစ်သလို သူ့မျက်ဝန်းတွေမှာလည်း စိတ်လက်ပေါ့ပါးသွားဟန်ကို မြင်တွေ့နေရပါသည်။
“လင်းလက်တိုက်သားတွေက ပြီးခဲ့တဲ့ဘေးဆိုးကြီးအပြီးမှာ ဆင့်ခေါ်သူတွေအပေါ်မှာ လုံးဝကို ဆန့်ကျင်လာခဲ့ကြတာ နောက်ပြီး ခင်ဗျားသိတဲ့အတိုင်းပဲ လောင်းရွှမ်တစ်ပြည်လုံးမှာ တော်ဝင်ရိုလန်ကျောင်းမှာသာ ဆင့်ခေါ်သူဌာနခွဲရှိတာလေ ဒါပေမဲ့လည်း ဒီလောက်နှစ်များစွာ ကြာပြီးသည့်တိုင် ဆင့်ခေါ်သူပညာရပ်ကို သင်ယူမယ့်ကျောင်းသား တစ်ယောက်တစ်လေ တောင် မရှိခဲ့ပါဘူး။ဆင့်ခေါ်သူလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျောင်းသားတစ်ယောက် ရှိတယ်လို့ သိလိုက်ရတော့ ငါဘယ်လောက်တောင် စိတ်လှုပ်ရှားသွားခဲ့ရသလဲဆိုတာကို ခင်ဗျားသိလား။ ဒီတိုက်ကြီးပေါ်မှာ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို အရေးမစိုက်တဲ့ လူတွေရှိနေသေးတာပဲ လို့ အတွေးရခဲ့မိတာပေါ့ဗျာ”
“ကောင်းခြင်းဆိုးခြင်းက ပညာရပ်နဲ့မသက်ဆိုင်ပါဘူး လူပုဂ္ဂိုလ်အပေါ်မှာပဲဆိုင်တာပါ။အဲ့ဒီ ဆင့်ခေါ်သူတွေကနေ လူတွေအပေါ်ကျရောက်စေခဲ့တဲ့ အိပ်မက်ဆိုးကြီးတွေက ဆင့်ခေါ်သူပ ညာရပ်က လုပ်တာမှ မဟုတ်ဘဲကိုး”လို့ ပြန်ပြောလိုက်သော်လည်း အိုးယန်ဟွမ်းယူက ဒီကိစ္စကို ဘာလို့ပြောနေတာမှန်း သူမ နားမလည်သေးပါဘူး။
“ကောင်းခြင်းဆိုးခြင်းဆိုတာ လူတွေရဲ့လုပ်ဆောင်ချက်သာဖြစ်ပြီး ကျန်တာဘာနဲ့မှ မပတ်သက်ပါဘူး။ဒါပေမဲ့ ခင်ဗျား စွန့်ပစ်နယ်မြေထဲကို ခြေချပြီးကတည်းက ခင်ဗျားရဲ့ ဆင့်ခေါ်သူပညာရပ်ကပေးတဲ့ သက်ရောက်မှုကိုတော့ ရပြီးလောက်ပြီလို့ ငါယူဆတယ်”
ထို့နောက် အိုးယန်ဟွမ်းယူက ဆက်ပြောလိုက်ပြန်ပါသည်။
“ကျောင်းပေါင်းစုံပြိုင်ပွဲကြီးရဲ့ချန်ပီယံတွေဟာ စွန့်ပစ်နယ်မြေထဲမှာ မြို့တစ်မြို့ကို လက်ခံရရှိကြပြီး မြို့ပြန်တည်ဆောက်ချိန်မှာလည်း လောင်းရွှမ်ပြည်ရဲ့ ထောက်ပံ့မှုကောင်း ကောင်း ရရှိကြတာချည်းပဲ။ဒါပေမဲ့ ဧကရာဇ်က ခင်ဗျားရောက်ပြီးတာတောင် ဘာကိုမှ ထောက်ပံ့မပေးခဲ့ဘူး ဒါကဘာအဓိပ္ပါယ်လဲဆိုတာကိုတော့ ခင်ဗျားသဘောပေါက်မယ် ထင်ပါ တယ်”
ရှန်ယန်ရှောင် မျက်ခုံးတွန့်လိုက်မိသည်။ဧကရာဇ်ရဲ့ မမျှတစွာ ဆက်ဆံမှုကိုတော့ သူမ ကောင်းကောင်းကြီးသဘောပေါက်ပြီးသားပါ။ဒါပေမဲ့ သူမကတော့ ဂရုမစိုက်ခဲ့ပါဘူး။သူမ တည်ဆောက်ထားတဲ့မြို့ဟာ သူမနဲ့သာ သက်ဆိုင်တာဖြစ်ပြီး တစ်ယောက်ယောက်အပေါ်မှာ ကျေးဇူးကြွေးတင်မနေချင်ပါဘူး။
“ဧကရာဇ်မှာလည်း အကြောင်းပြချက်တော့ရှိမှာပါ ကျနော်တို့က ဒီလိုကိစ္စမျိုးကို ဆွေးနွေးလို့ ဘယ်ဖြစ်ပါ့မလဲ”
ရှန်ယန်ရှောင် စိတ်မရှည်လာတော့ပါဘူး အိုးယန်ဟွမ်းယူရဲ့ ပဟေဠိဆန်ဆန် စကားတွေက သူမကို တစ်ကယ်ပဲ ခေါင်းရှုပ်စေပါသည်။
“ဒါပေါ့လေ ပလ္လင်တော်ရဲ့ကြီးမြတ်မှုကိုး”လို့ပြောပြီး အိုးယန်ဟွမ်းယူက ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ရှန်ယန်ရှောင်တစ်ယောက် စိတ်မရှည်တော့တာကို သူ သိသွားသလိုပါ ပဲ ဒါကြောင့် ရှင်းပြချက်တွေကို ရပ်လိုက်ပြီးတော့ ဆက်ပြောလိုက်ပါသည်။
“ခင်ဗျားလည်း ဒီအကြောင်းတွေကို ကောင်းကောင်းသဘောပေါက်ထားပြီးသားဆိုတော့ ငါလည်း ဘာမှဆက်ပြောစရာ မရှိတော့ပါဘူး။တစ်ကယ်တန်း စွန့်ပစ်နယ်မြေကို ငါ လာခဲ့ရတဲ့ အကြောင်းရင်းက ဧကရာဇ်ဆီက ဖိတ်ခေါ်ချက်ကြောင့်ပါ”
“ဧကရာဇ်ရဲ့ ဖိတ်ခေါ်ချက် ဟုတ်လား”
ရှန်ယန်ရှောင် တောင့်ကနဲဖြစ်သွားခဲ့သည်။ဧကရာဇ်က စွန့်ပစ်နယ်မြေကို စေလွှတ်ဖို့အတွက် အိုးယန်ဟွမ်းယူကို ဖိတ်ခေါ်လိုက်တာတဲ့လား...

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now