၆၀၆

2K 287 4
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၆)

“မြေအောက်မှာ”လို့ ရှူဖြေလိုက်သည်။
“မြေအောက်ဟုတ်လား သူတို့က နတ်ဆိုးတွေရဲ့ မြေအောက်မြို့တော်ကို သွားကြတာလား”
ရှန်ယန်ရှောင် နည်းနည်းတော့ အံ့ဩသွားခဲ့သည်။ဒါပေမယ့် သူမအနေနဲ့ ရှူရဲ့ပြောစကားကို ဘယ်သောအခါမျှ အတွန့်တက်နေမှာမဟုတ်ပါလေ။အဲ့ဒါနဲ့ သူမလည်း မြေအောက်မြို့တော်ရဲ့ ဝင်ပေါက်ဆီသွားလိုက်ပါသည်။
မြေအောက်မြို့တော်ဆီကို သူမလှမ်းဝင်လိုက်တာနဲ့ မျက်လုံးထဲကို စူးရှတောက်ပလှသော အလင်းတန်းတစ်ခု ရုတ်ချည်းဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် ရှန်ယန်ရှောင်လည်း လက်ကိုမြှောက်ကာ ကျိန်းစပ်လှသော အလင်းရောင်ကို လက်ဖြင့်ကာမည်အလုပ်မှာပဲ တစ်ယောက်ယောက်က သူမရဲ့လက်ကို ဆွဲဖမ်းထားလိုက်သည်။
“နင့်မျက်စိကို မဖွင့်သေးနဲ့နော်”ဆိုသော ကြူရှီယာရဲ့မူပိုင်ဖြစ်တဲ့ ပျင်းတွဲတွဲလေသံက သူမရဲ့ နားထဲကိုဝင်ရောက်လာပါသည်။ရှန်ယန်ရှောင်က ဘာမှပြန်မပြောနိုင်ခင်မှာဘဲ ကြူရှီယာရဲ့ ကျန်လက်တစ်ဖက်က သူမရဲ့မျက်လုံးတွေအပေါ်မှာ အုပ်ကွယ်ထားလိုက်ပါတော့သည်။
“ကြူရှီယာ နင်ဘာလုပ်နေတာလဲ”ဟု ရှန်ယန်ရှောင် မကျေနပ်သံဖြင့်ပြောလိုက်သည်။
“ငါ့နောက်သာလိုက်ခဲ့လိုက်”ဟုဆိုလိုက်တဲ့ ကြူရှီယာက ရယ်သံစွက်၍ပြောလိုက်ပြီး သူမရဲ့ ပျော့ပြောင်းလှသော လက်လေးအားဆွဲ၍ ရှေ့ကိုခေါ်သွားလိုက်သည်။
သူမရဲ့မျက်လုံးတွေကို ကြူရှီယာရဲ့ လက်တစ်ဖက်ကအုပ်ထားတာဖြစ်လို့ ဘာမှမမြင်ရဘဲ သူခေါ်တဲ့နောက်ကိုသာ လိုက်သွားလိုက်ရပါသည်။
ဘယ်လောက်ကြာအောင် သွားခဲ့သလဲဆိုတာကို သူမလည်း မပြောတတ်ပေမယ့် မြေအောက်ခန်း တစ်ခုလုံးဆုံးတော့မတတ်ဖြစ်နေပြီလို့ သူမခံစားရမိချိန်မှာတော့ ကြူရှီယာလည်း ရပ်လိုက်ပါ သည်။
“ရပြီ”
“ဘာလဲ”ဟု နဝေတိမ်တောင်ဖြစ်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်သည်။
မျက်လုံးအပေါ်မှာ အုပ်ကွယ်ထားတဲ့ လက်တစ်ဖက်က ဖြည်းဖြည်းချင်း အောက်ကိုကျသွား ခဲ့တော့ ရှန်ယန်ရှောင်လည်း တုံ့ဆိုင်းဆိုင်းဖြစ်နေပြီးမှ မျက်လုံးတို့အား ဖွင့်ကြည့်လိုက်သည်။
ထိုအခါတွင် သူမမြင်လိုက်ရသမျှကြောင့် လုံးဝကို ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရပါသည်။
မြေအောက်မြို့တော်တစ်ခုလုံး မှောင်နေပြီး မျက်နှာကြက်ဟာ ပြင်ပလောကရှိ ကောင်းကင်ကဲ့သို့ ထွန်းလင်းတောက်ပနေသော လမင်းတစ်စင်းအား ကြယ်အပေါင်းတို့ ခစားခြွေရံနေပုံက လှပလွန်းသော ကြယ်ရောင်စုံညတစ်ညအလားပင်...
သူမသာ မြေအောက်မြို့တော်မှာ ရောက်နေတယ်ဆိုတာကို မသိထားခဲ့ရင်တော့ အပြင်လောကရဲ့ ကျယ်ပြောလှပသော ရောင်စုံညတစ်ညကို မြင်တွေ့ခံစားနေရတာပဲလို့ ထင်မှတ်မိမှာ သေချာပါသည်။
သူတို့ခေါင်းပေါ်က တစ်လက်လက်တောက်ပနေတဲ့ ကြယ်ရောင်စုံတို့ဟာ သူမရဲ့ လက်နှင့် လှမ်းကိုင်ရင်တောင်ရတယ်လို့ ထင်မှတ်ရလောက်ပါသည်။
“နင် သဘောကျလားဟင်”လို့ ပြောလိုက်သော ကြူရှီယာရဲ့အသံထဲမှာ အလိုလိုက်သော အကြိုက်ဆောင်ချင်သော လေသံတို့ ရောစွက်နေခဲ့ပါသည်။(ရှစ်..)
ရှန်ယန်ရှောင် ပါးစပ်ဟလိုက်သည်။စွန့်ပစ်နယ်မြေကို သူမရောက်ကတည်းက သူမရဲ့ ခေါင်းပေါ် မှာ တိမ်မည်းတွေသာ ကြီးစိုးဖြစ်တည်နေခဲ့တာပါ။ကြယ်တို့ပြည့်နှက်နေသော ကောင်းကင်အား မမြင်တွေ့ရသည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲဆိုတာတောင် မမှတ်မိတော့သလို ဖြစ်နေပါသည်။
“ပျော်ရွှင်စရာမွေးနေ့ပါ ရှောင်လေးရေ”လို့ ကြူရှီယာက ညင်သာနူးညံ့သောအကြည့်ဖြင့်ကြည့်ပြီး ရှန်ယန်ရှောင်ကို ပြောလိုက်ပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Onde as histórias ganham vida. Descobre agora