၆၃၅

4K 331 66
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၃၅)

တားမြစ်အမှတ်ဖျက်ဖို့အတွက် ကုတင်ပေါ်တက်ရတာက ဖြစ်ရိုးဖြစ်စဉ်ပဲလေကွာ...

ဟုတ်ပြီဟုတ်ပြီ ကုတင်ပေါ်တက်ရမယ်...

ရှန်ယန်ရှောင် ကုတင်ပေါ်ကိုတက်လိုက်ပြီးနောက် တင်ပျဉ်ခွေ၍ထိုင်လိုက်သည် မျက်နှာမှာတော့ ‘ငါကဖြူစင်တယ် ငါ့အတွေးတွေက မကောင်းတဲ့မလျော်တဲ့အကြံဆိုးတွေ ရှိမနေဘူး အတွေးမချော်ဘူး’ဆိုသောအမူအရာမျိုးနှင့် သင့်လျော်မှန်ကန်သော အနေအထားဖြစ်ဖို့ ကြိုးကုတ်အားထုတ်နေပုံမျိုးဖြစ်ပေါ်နေရှာလေ၏။

ရှူ့ပါးစပ်မသိမသာလေးလှုပ်သွားသည် ဖြောင့်စင်းသောခြေတံရှည်ရှည်တို့က ရှေ့သို့လှမ်းချီလိုက်ကာ ဒေါင်ကောင်းလှတဲ့ကိုယ်လုံးနှင့်အတူ ရှန်ယန်ရှောင်အား မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

ခပ်ရှည်ရှည်ကိုယ်လုံးက သူမရဲ့မျက်လုံးရှေ့မှာရပ်နေတာဖြစ်ပြီး အလင်းကို ကွယ်ထားလို့ ရှူ့အရိပ်အောက်မှာ သူမရှိနေပါသည်။

ခေါင်းကိုမော့လိုက်ကာ ပြိုင်ဖက်ကင်းအောင်ချောမောလှသောမျက်နှာကို မော့ကြည့်လိုက်ပြီး သူမရဲ့မျက်လုံးတွေကို ရှူ့မျက်ခုံးတွေပေါ်မှာသာ အာရုံစိုက်ထားစေဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

ယောကျ်ားတစ်ယောက်ဖြစ်တဲ့ တစ်စုံတစ်ဦးဟာ တိုင်းပြည်တွေစစ်ခင်းအောင် လုပ်စေနိုင်စွမ်းရှိနေတာ အမှန်ပါပဲ။တစ်ချို့တစ်ချို့သူတွေက လိင်တူကိုပဲစုံမက်နှစ်သက်ရတာ ဘာကြောင့်ဆိုတာမှန်း နားလည်သွားခဲ့သည်။ဒီလိုအပြစ်ဆိုစရာမရှိ ပြည့်စုံချောမောသော မျက်နှာကိုတွေ့ကြုံရင်ဆိုင်နေရပါက မည်သည့်လိင်အမျိုးအစားဖြစ်ပါစေ စိတ်ငြိမ်းအေးဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

သူမရဲ့အသွင်အပြင်ရုပ်လက္ခဏာက မိုးနတ်ဘုံသို့တိုင် ထူးခြားချွန်ထွက်နေသည်လို့ သူမ ယူဆခဲ့မိသည်။သို့သော်လည်း ရှူ့ရှေ့မှာရပ်နေရတော့ သူမကိုယ်သူမ ရုပ်ဆိုးဆိုးတောသူမလို့ ခံစားမှတ်ယူလိုက်မိရသည်။

You've reached the end of published parts.

⏰ Last updated: Mar 07, 2022 ⏰

Add this story to your Library to get notified about new parts!

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now