၆၂၃

1.7K 232 3
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၃)

“အိုး”ဟုပြောလိုက်သော အနက်ဝတ်၏မျက်နှာက နည်းနည်းရွှင်သွားခဲ့သည်။

“စမ်းသပ်ကိုယ်အသစ်ပေါ့လေ ဘယ်လိုပုံလဲတော့မသိပေမယ့် နံပါတ်တစ် ထိခိုက်သွားတာကိုတော့ နှမြောမိတယ် မဟုတ်ရင် ဒီနေ့ဒီအချိန်လောက်ဆို နံပါတ်တစ်ရဲ့ စွမ်းအားက ဒီစမ်းသပ်ကိုယ်အားလုံးထဲမှာ အကောင်းဆုံးဖြစ်နေမှာပဲ။ကံခေတာကတော့ အခြေအနေအားလုံးနဲ့ လိုက်ဖက်ပြည့်စုံတဲ့ခန္ဓာကိုယ်ကို တစ်ခါမှမတွေ့ရသေးတဲ့ကိစ္စပဲ အဲ့လိုဆို နတ်ဘုရားရဲ့လက်ရာတစ်ခုလို ဖြစ်သွားမှာပဲ”လို့ပြောလိုက်သော အနက်ဝတ်မျက်နှာဟာ စိတ်ကူးယဉ်နေဟန်ဖြစ်ပေါ်နေသည်။

အိုးယန်ဟွမ်းယူမျက်မှောင်ကြုတ်လိုက်သည်။

“နံပါတ်တစ်ရဲ့ စမ်းသပ်ကိုယ်အကြောင်းကို နောက်ဘယ်တော့မှ မပြောမိစေနဲ့တော့။အဲ့နှစ်က နံပါတ်တစ်ရဲ့ပျက်စီးမှုကနေ သက်ရောက်တဲ့အကျိုးဆက်တွေက အရမ်းပြင်းထန်တယ်။ နောက်ဆုံးလွဲချော်မှုလေးတွေကြောင့်သာ မဟုတ်ခဲ့ရင် ငါတို့ရဲ့စမ်းသက်ချက်က အောင်မြင်ခဲ့လိမ့်မယ်လို့ ငါယုံတယ်”

အနက်ဝတ်ရဲ့အမူအရာက မူလဟန်သို့ပြန်ဖြစ်သွားခဲ့ပြီး သူ့ကိုယ်သူ ကျုံ့လိုက်ပါသည်။

နံပါတ်တစ်ရဲ့စမ်းသပ်ကိုယ်ကိစ္စက တားမြစ်ပိတ်ပင်ချက်အဖြစ် အမြဲရှိနေခဲ့သည်။အဖွဲ့၏ လက်တစ်ဆုပ်စာလူတစ်စုကလွဲလို့ ကျန်ရှိသူအားလုံးအနေဖြင့် နံပါတ်တစ်ဆိုသော စမ်းသပ်ကိုယ်ရှိခဲ့မှန်းကိုတောင် မသိထားကြပါဘူး။ဆုံးရှုံးမှုဖြစ်ရခြင်းက နံပါတ်တစ်ရဲ့ ပေါင်းစည်းခြင်းဟာ နောက်ဆုံးခြေလှမ်းကို ရောက်ရှိနေခဲ့ပြီဖြစ်ပြီး မတော်တဆမှုကြီး ဖြစ်ခဲ့တာကြောင့် နံပါတ်တစ်၏စမ်းသပ်ကိုယ်တစ်ခုလုံး ပျက်စီးသွားခဲ့ရုံတင်မက နောက်ဆုံးပေါင်းစည်းခြင်းရဲ့ အဓိကသော့ချက်ဟာလည်း အတူပျက်စီးသွားခဲ့ရသည်။

အဖွဲ့သမိုင်းမှာ အဆိုးရွားဆုံးသော ဘေးဆိုးကြီးဖြစ်ကာ နောက်တစ်ကြိမ်အဖြစ်မခံနိုင်ပါလေ။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Waar verhalen tot leven komen. Ontdek het nu