၆၀၅

1.9K 252 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၆၀၅)

ရှန်ယန်ရှောင်က မြေထဲမြုပ်နေတဲ့ မျိုးစေ့တစ်စေ့နှင့်တူသည်။တက်သစ်နေမြို့မှာ တဖြည်းဖြည်း ချင်း ကြီးပြင်းလာသည့်သူမအား ရှူရဲ့အစွမ်းတို့က ရေလောင်းပေးသကဲ့သို့ ဖြစ်နေခဲ့ကာ ရေလောင်းပေါင်းသင်ပေးမှုကြောင့် သူမရဲ့ စွမ်းအင်တို့ တစ်ဆင့်ချင်း မြင့်တက်လာခဲ့ ပေသည်။
သန့်စင်လှသော မျက်နှာကလေးအားကြည့်နေတဲ့ ရှူ၏ အေးခဲသောမျက်ဝန်းတွေထဲတွင် ထူးထွေသော အရိပ်တို့ထွက်ပေါ်နေသည်။
သူသဘောပေါက်ထားပုံအရ လူသားတို့၏ အဆင်းသွင်ပြင်တို့က ဘာမှကွဲပြားခြားနားခြင်း မရှိပါချေ လှပခြင်း ရုပ်ဆိုးခြင်းဆိုတာ ပြယုဂ်တစ်ခုမျှသာဖြစ်သည်။
သူ ရှန်ယန်ရှောင်မျက်နှာကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ဒီလူသားဟာ သူနဲ့ အချိန်အကြာဆုံးရှိနေဖူးသော လူတစ်ယောက်ဖြစ်ပြီး သူမရဲ့အဆင်းကလည်း သာမန် ပြယုဂ်တစ် ခုမျှ မကပါဘဲ နာမည်တစ်ခု ပိုင်ဆိုင်ထားပြီး ရှန်ယန်ရှောင်လို့ အမည်တွင်ပါသည်။
ဒီကောင်မကလေးက သူ့မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တာပဲဖြစ်သည်။
ရှန်ယန်ရှောင်အနားမှာ ဖြစ်ပျက်ခဲ့သမျှတို့ကို ရှူကိုယ်တိုင်မြင်တွေ့ခဲ့သည်။လူတွေရဲ့ ရုတ်တရက် ပြုမူတတ်သော ထူးဆန်းသောအကျင့်စရိုက်တို့အပေါ် သူ မှတ်ချက်ပေးစရာမရှိပါ။လူသားရဲ့ အပြုအမူအကျင့်စရိုက်ဟာ အမြဲတမ်းပဲ ထူးဆန်းနေပါလိမ့်မယ်။အဆိုပါလူသားတို့အတွက်တော့ သူ့အနေနဲ့ ဘာမှထည့်တွက်နေမှာ မဟုတ်ပါဘူး။
တစ်ခုလေးပဲရှိတာက အဆိုပါလူသားတို့ရဲ့ ပြုမူမှုတို့ကြောင့် တစ်စုံတစ်ယောက်သောသူလေးကို နေမထိထိုင်မသာဖြစ်နေစေခဲ့သည်။အဆုံးမရှိတဲ့ နှလုံးကန်အား ရှူ မျက်စိမှေးစဉ်း၍ လှည့်ပတ် ကြည့်လိုက်သည်။
“နှစ်ရက်ပဲ လိုတော့တာပဲ”
ဘာကိုဆိုလိုမှန်းမသိသော စကားတစ်ခွန်းကို ရှူ ရေရွတ်လိုက်သည်။
ကျင့်စဉ်မှနေ ရှန်ယန်ရှောင်နိုးလာခဲ့တော့ နောက်တစ်ရက်နေ့လည်ခင်း ဖြစ်နေပါပြီ။ဘာမှ မစားရသေးပေမယ့် ဆာလောင်မှုကို မခံစားရပါဘူး။
ဒါပေမယ့်လည်း ပြားကပ်နေတဲ့ ဗိုက်လေးကို ပွတ်ကြည့်ပြီးနောက်မှာတော့ တစ်ခုခုစားဖို့ သူမ ဆုံးဖြတ်လိုက်သည်။
မြို့တော်ခန်းမဆောင်ထဲကနေ သူမထွက်လာတော့ ဇာမဏီ့ကိုရော ဖီးနစ်လေးကိုပါ မတွေ့ရပါချေ။မြို့တော်ခန်းမအပြင်မှာရပ်နေတဲ့ သူမ၏ မျက်လုံးတွေမှာ သံသယတို့အပြည့် ဖြစ်တည်နေသည်။
မြို့ကြီးတစ်ခုလုံး တစ်ညအတွင်းမှာပဲ ဟာလာဟင်းလင်းဖြစ်သွားသလိုပါပဲ။လမ်းပေါ်မှာရော မြို့ရိုးပေါ်မှာပါ လူမပြောနှင့် ခွေးတစ်ကောင်ကြောင်တစ်မြှီးမှ မတွေ့ရပါ။
အချိန်က နေ့ခင်းပိုင်းဖြစ်လို့ အလုပ်သမားတွေအနေနဲ့ မြို့တည်ဆောက်ရေးကို လုပ်ဆောင်နေရ မှာ ဖြစ်တာကို ဘာဖြစ်လို့ တစ်ယောက်မှ မတွေ့ရတာလဲ…
သူမတွေ့သမျှအကုန် ထူးဆန်းနေပါသည်။ဒါနဲ့ ဇာမဏီကို ဆက်သွယ်ဖို့လုပ်တော့ ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။အခုအဖြစ်က နေမင်းသင်္ချိုင်းကအဖြစ်နဲ့ မတူဘဲ သူမနဲ့ဇာမဏီကြားမှာ ဆက်နွယ်မှု ရှိနေတာကို ခံစားလို့ရပြီး ဘာအနှောက်အယှက်မှ မရှိပါဘူး ဒါပေမယ့် ဇာမဏီဖက်က ဘာမှ တုံ့ပြန်မှုမလုပ်ခဲ့ပါလေ။
ငါက တစ်ညလေး အချိန်ဖြုန်းလိုက်တာနဲ့ ဒီကောင်လေးကတောင် ငါ့ကို ပမာမခန့်လုပ်နေ ပါရော့လား…
ရှန်ယန်ရှောင် လမ်းအသွယ်သွယ်သွားလိုက်သော်လည်း မည်သူ့ကိုမှ မတွေ့ခဲ့ရပါဘူး။
“ဘာဖြစ်ကုန်တာလဲ”
သူမရင်ထဲမှာ မသက်မသာခံစားမိသွားသည်။တစ်ညလေးနဲ့ တစ်ယောက်မှ မရှိတော့ဘဲ မြို့ခွံကြီးပဲ ကျန်ရစ်ခဲ့ပြီး ဘာဖြစ်သွားမှန်းလည်း မသေချာမရေရာပါဘူး။
ဟိုသုံးဖွဲ့ကများ မနေ့ညတုန်းက လာတိုက်ခဲ့တာများလားလို့ တွေးမိလိုက်တဲ့ ရှန်ယန်ရှောင်လည်း အချက်ပေးသံတွေမြည်သွားသည်။ဒီအချက်ကသာ သူမတွေးလို့ရတဲ့ အချက်ဖြစ်နေသည်။
ဒါပေမယ့်လည်း တိုက်ပွဲအရိပ်အယောင်ဖြစ်တဲ့ သွေးစက်သွေးကွက်လည်း မတွေ့ရသလို သွေးနံ့တောင် မရပါဘူး။
“သူတို့ ဘယ်ရောက်သွားကြတာလဲ”
ရှန်ယန်ရှောင် မျက်မှောင်ကြုတ်လိုက်သည်။
“ရှူရေ သူတို့ဘယ်မှာရှိသလဲဆိုတာ အာရုံခံလို့ရသလား”ဟူ၍ လက်သီးကျစ်နေအောင် ဆုပ်ထားတဲ့ ရှန်ယန်ရှောင်က အားကိုးရာဖြစ်တဲ့ ရှူ့ဆီမေးလိုက်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now