၆၂၇

1.5K 216 1
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၇)

“ဒါပေမဲ့ ဒဏ္ဍာရီသတ္တဝါရဲ့ကာကွယ်မှုရှိနေတော့ သူတို့ရဲ့ပိုင်ရှင်တွေကို တိုက်ခိုက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ”လို့ကန်းတီက နားမလည်နိုင်စွာဖြင့်ပြောလိုက်သည်။

“သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့မလိုပါဘူးလေ တစ်ခါတစ်ရံမှာ ကိုယ့်ရန်သူကိုဖြိုချနိုင်ဖို့ သူတို့နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုပါဘူးကွာ ဆေးရည်လေးနည်းနည်းလောက်နဲ့တင် ကိုယ်ထိလက်ရောက်တိုက်ခိုက်နေစရာမလိုတော့ဘဲ ရန်သူရဲ့အင်အားကို ကုန်ခမ်းသွားအောင် လုပ်လို့ရပါတယ်”

“ဆေးရည်ဟုတ်လား သမားတော်ကြီးကျွင်းက ဘာကိုဆိုလိုတာလဲမသိဘူး”

ကန်းတီကစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။

“ဒီကိစ္စက ကိုယ်နဲ့သမားတော်ကြီးပူလီစီတို့နှစ်ယောက် လုပ်နိုင်စွမ်းရှိပါတယ်။မြို့ပိုင်ကြီးက သတင်းကောင်းကိုသာ စောင့်နေလိုက်ပါလေ”လို့ ရေနွေးခွက်ကိုချလိုက်ပြီးနောက် ကျွင်းမိုက တည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။

“ဒါပေမယ့် ရှန်ယန်ရှောင်ကလည်း သမားတော်တစ်ယောက်မဟုတ်လား”

ကန်းတီနည်းနည်းစိုးရိမ်မိသည်။ဒီအစီအစဉ်ကို ရှန်ယန်ရှောင်သိသွားပါက သူမရဲ့ လက်တုံ့ပြန်မှုအတွက် မှော်ဆန်းကြယ်မြို့အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။

“သမားတော်တဲ့လား”လို့ကျွင်းမိုက လှောင်ပြောပြောလိုက်သည်။သူ၏သွယ်လျသော လက်ချောင်းများက ရေနွေးခွက်ကို ထိတွေ့ပွတ်တိုက်နေပါသည်။

“အလတ်တန်းအဆင့်ပဲရှိတဲ့ သမားတော်တစ်ဦးက သမားတော်ကြီးတစ်ဦးရဲ့ ဆေးရည်ကို ဘယ်လိုလုပ်ပြီး နားလည်သိရှိနိုင်စွမ်းရှိမလဲ”

ကန်းတီလည်း ကျွင်းမို၏ဆိုလိုချက်ကို သဘောပေါက်သွားပါတော့သည်။

“ဒါဆိုရင်တော့ သမားတော်ကြီးနှစ်ဦးရဲ့ ဒုက္ခခံမှုအတွက် ကျေးဇူးတင်ပါရစေ”

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Där berättelser lever. Upptäck nu