၆၃၄

1.7K 231 8
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၃၄)

“တစ်နေ့နေ့မှာ လူ့ကမ္ဘာကို သူတို့တွေပြန်လာကြမှာလား”ဟု ရှန်ယန်ရှောင်က ပူပင်စွာမေးလိုက်သည်။

ရှူလည်း ကောင်မလေးအား တစ်ချက်ကြည့်လိုက်ပြီးနောက် တာဝန်မဲ့စွာ ဖြေလိုက်သည်က “ငါလည်းမပြောတတ်ဘူး”

“မပြောတတ်ဘူး”ဟုသံယောင်လိုက်နေသော ရှန်ယန်ရှောင်၏နှုတ်ခမ်းတို့ တလှုပ်လှုပ်တရွရွ ဖြစ်သွားကြလေ၏။

နတ်ဆိုးမျိုးနွယ်တို့ လူ့လောကတွင်ချန်ထားရစ်ခဲ့သော နတ်ဆိုးတွေကတင် လူသားတို့အား ခေါင်းတော်တော်ခဲစေခဲ့ပြီးဖြစ်သည်။သွေးမနှောသောနတ်ဆိုးတို့သာ ထွက်ပေါ်လာပါက လင်းလက်တိုက်သားတို့အနေဖြင့် လက်တွဲလျက်သားနှင့် ပင်လယ်ထဲသို့ခုန်ချရန်ပဲ ရှိတော့မည်ထင်ပါသည်။

“အခြေခံအကျဆုံးဆိုတဲ့ နတ်ရောင်ဝါတားမြစ်ကန့်သတ်ချက်ကိုတောင် လွယ်လွယ်နဲ့ ချိုးဖျက်လို့မဖြစ်နိုင်ဘူး။နတ်ဆိုးမျိုးနွယ်တွေအနေနဲ့ အဲ့အချိန်တုန်းက မပျက်သုဉ်းခဲ့ပေမယ့် အစွမ်းအကြီးဆုံးနတ်ဆိုးတွေကတော့ နတ်တွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ကြရတယ်။ ရှင်ကျန်ရစ်တဲ့နတ်ဆိုးတွေက တားမြစ်စည်းကိုချိုးဖျက်ဖို့အတွက် သူတို့အစွမ်းကြီးလာဖို့ ကျင့်ကြံကြိုးစားကြရင်တောင် နှစ်တစ်သောင်းအောက်နဲ့တော့ မဖြစ်နိုင်သေးဘူး”

မသာမယာဖြစ်နေတဲ့ကောင်မလေး စိတ်သက်သာရစေရန်အတွက် ရှူနှစ်သိမ့်စကား ပြောပေးလိုက်ပါသည်။

“နှစ်တစ်သောင်းနော် ဒါပေမယ့် ကျွန်တော်အမှတ်မမှားဘူးဆိုရင် နတ်တွေနဲ့ နတ်ဆိုးတွေရဲ့ တိုက်ပွဲကြီးက လွန်ခဲ့တဲ့နှစ်တစ်သောင်းကမဟုတ်လား”

ရှန်ယန်ရှောင်အနေနဲ့ မည်သို့မျှစိတ်သက်သာခြင်းမရှိပါလေ။ထိုအစား နတ်ဆိုးမျိုးနွယ်ဟာ လူ့လောကသို့ မကြာခင်အချိန်အတွင်းမှာပဲ ပြန်ရောက်လာတော့မှာလို့ ခံစားမိလိုက်ပါသည်။

ရှူလည်း သူမအားတစ်ချက်ကြည့်ကာ ပြောလိုက်ပြန်သည်။

“မင်းက တားမြစ်အမှတ်ကို ဒီနေ့ည မဖျက်ချင်တော့ဘူးလား”

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4حيث تعيش القصص. اكتشف الآن