၆၂၈

1.8K 234 3
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၈)

“ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်။သေသေချာချာလေးသာပြင်ဆင်မယ်ဆိုရင် နံပါတ်နှစ်နဲ့ နံပါတ်လေးတို့ရဲ့ အစားထိုးတောင်ဖြစ်လာနိုင်လောက်တယ်”လို့ကျွင်းမိုက ပြန်ပြောသည်။

“ငါသိထားသလောက်ဆို လောင်းဖန်က လောင်းမိသားစုကနော်။မင်းသူ့ကို လွယ်လွယ်နဲ့တော့ ယူသွားလို့ရမှာမဟုတ်ဘူး။လန်းယူပြည်ရဲ့အင်အားတွေက သိုသိုဝှက်ဝှက်ရှိလွန်းတယ်ကွ နောက်ဆုံးအခြေအနေမဟုတ်ရင် မလိုအပ်ဘဲအာရုံစိုက်ခံရအောင်မလုပ်သင့်ဘူး”လို့ အိုးယန်ဟွမ်းယူကသတိပေးလိုက်သည်။

“စိတ်ချပါ ငါလည်းလုပ်သင့်မလုပ်သင့်လောက်တော့နားလည်ပါတယ်။လောင်းဖန်က သုံးစားမရသူဖြစ်သွားတော့ မိသားစုထဲမှာ နေရာမရှိတော့ဘူးလေ။ငါ့တပည့်သာမဟုတ်ရင် လောင်းမိသားစုကမွေးထားတဲ့ခွေးကိုဆက်ဆံသလိုတောင် ဆက်ဆံခံရမှာမဟုတ်ဘူး ငါဘာပဲ လုပ်ခိုင်းလုပ်ခိုင်း သူကဘာသံသယမှရှိမှာမဟုတ်သလို လောင်းမိသားစုကလည်း ဆန်ကုန်မြေလေးတစ်ယောက် သေတာရှင်တာကိုဂရုစိုက်နေမှာမဟုတ်ဘူး။ဒါပေမယ့် အဲ့လိုမလုပ်ခင် လောင်းဖန်ကိုတည်ငြိမ်စေဖို့အတွက် သူ့အစားတစ်ယောက်ယောက်ကို သတ်ပေးရဦးမယ်”လို့ကျွင်းမိုက လူသတ်တာကို ပုရွက်ဆိတ်တစ်ကောင်သတ်ရတဲ့ပုံမျိုးဖြင့် ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။

“သတ်မယ်ဟုတ်လား ငါအမှတ်မမှားရင် သမားတော်ကြီးဖြစ်တဲ့မင်းက သွေးမမြင်ရတာ တော်တော်ကြီးကြာခဲ့ပြီမဟုတ်လား”လို့ အနက်ဝတ်ကပြောရင်း ရယ်လိုက်သည်။

ကျွင်းမိုမျက်မှောင်ကြုတ်သွားသည်။

“တစ်ဖက်သားကို ဖယ်ရှားရလို့ ရနိုင်တဲ့တန်ဖိုးအပေါ်မှာမူတည်တယ် အရေးမပါတဲ့သူကို သတ်ပေးရလို့ စမ်းသပ်ကိုယ်ရဲ့သစ္စာရှိမှုကိုရဖို့အတွက်ကတော့ ဘာလို့မသတ်ရမှာလဲ”

“အိုး မင်းကဘယ်လိုလူမျိုးကို သတ်ရမှာလဲဟ”ဟုအနက်ဝတ်က သိလိုစွာမေးလိုက်သည်။

“လောင်းရွှမ်အင်ပါယာက ကောင်မလေးတစ်ယောက်ပါလေ ဇာမဏီမျိုးနွယ်က ရှန်ယန်ရှောင်တဲ့”

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now