၆၂၂

1.8K 241 6
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၂၂)

“ဒါဆို ဘယ်လိုလုပ်မှာလဲ ယန်းချီအပေါ်မှာ မလှုပ်ရှားဖို့ မင်းပဲပြောတယ် အခုရောက်တော့ သူ့တပည့်ကိုတောင် မထိရပြန်တော့ဘူးလား”လို့ အနက်ဝတ်က မဲ့တဲ့တဲ့ဖြင့်ပြောသည်။

“ကောင်မလေးကို မထိရဘူးလို့ပြောတာမဟုတ်ဘူး အချိန်မရောက်သေးလို့ပြောနေတာ။ လောလောဆယ်မှာ လောင်းရွှမ်အင်ပါယာဧကရာဇ်ရဲ့ အမြင်မကြည်မှုကို ကောင်မလေး ခံနေရပေမယ့် တိုင်းပြည်နဲ့ဝေးလံတဲ့ စွန့်ပစ်နယ်မြေထဲမှာနေနေတော့ ကောင်မလေးဖက်က ဘာဖိအားမှမခံစားရသေးတော့ ဘာကိုမှလိုအပ်မှာမဟုတ်ဘူး။နောက်ပြီးတော့ တက်သစ်နေမြို့တော်ရဲ့ တည်ဆောက်ရေးလုပ်ငန်းက တော်တော်လေးကိုပြီးနေပြီ ပြောရရင် အခုလတ်တလော ကောင်မလေးမှာ ဘာအားနည်းချက်မှမရှိဘူးဖြစ်နေတယ်”ဟု ရှန်ယန်ရှောင်၏ လက်ရှိအနေအထားကို အိုးယန်ဟွမ်းယူက သေချာသုံးသပ်ပြလိုက်သည်။

ရှန်ယန်ရှောင်သာ သာမန်အရည်အချင်းမျိုးရှိလျှင် အနက်ဝတ်အနေနဲ့ ကြိုက်သလိုသတ်နိုင်ပါသည်။သို့သော်လည်း ဒီကောင်မလေးရဲ့ အရည်အချင်းက ကြောက်ဖို့တောင်ကောင်းလှပါသည်။ဒီလိုပါရမီရှင်မျိုးကို သူ မတွေ့မမြင်ရတာ အရမ်းကို ကြာခဲ့ပါပြီ။

ဒီလိုအချိန်မျိုးမှာ အဖျက်စီးခံလိုက်ရရင် ဘယ်လောက်နှမြောဖို့ကောင်းလိုက်မလဲ...

“မင်းပြောတာဘာအဓိပ္ပါယ်လဲ"

“ကောင်မလေးမှာ ဘာအားနည်းချက်မှမရှိတော့ ဘာကိုမှ တောင်းဆိုမှာမဟုတ်ဘူး ငါတို့က သူ့ဆီမှာ အားနည်းချက်ရှိသွားအောင်လုပ်ရမယ်။လွန်ကျူးလှတဲ့ ဖိအားဒဏ်ခံရရင် သူလည်း ခံစားနိုင်မှာမဟုတ်ဘူး။အဲ့အချိန်မှာ ငါထွက်လာပြီး ကောင်မလေးကို ကယ်တင်လိုက်ပြီး နောက်တစ်ခေါက်သိမ်းသွင်းလိုက်မယ်။အချိန်အခါသင့်ပြီဆိုရင် အောင်မြင်မှုကလည်း အလိုလိုရလာမှာပဲ”လို့ပြောလိုက်သော အိုးယန်ဟွမ်းယူ၏ သဘောကျဖွယ်မျက်နှာမှာ တင်းမာမှုမတွေ့ရသော်လည်း သူ့စကားလုံးတိုင်းဟာ ကြားရသူအဖို့ အထိတ်တလန့်ဖြစ်စေနိုင်ပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4Where stories live. Discover now