၆၃၀

1.5K 222 0
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၆၃၀)

“လုံခြုံရေးကိစ္စအတွက်ကတော့ ဘာမှပူနေဖို့မလိုပါဘူး။မကြာသေးခင်အတွင်းကပဲ တက်သစ်နေမြို့တော်ထဲကို လိုလိုချင်ချင်နဲ့ဝင်လာကြတဲ့နတ်ဆိုးတွေရှိတယ်။ကုန်သွယ်လမ်း မဖွင့်သေးခင်ကျားလန်နဲ့အဆင့်မြင့်နတ်ဆိုးတစ်ချို့ကို ငါနဲ့အတူခေါ်သွားပြီးတော့ ဒီဒေသက တစ်ခြားအဆင့်မြင့်နတ်ဆိုးတွေကို စုခိုင်းပြီး အခြားအဆင့်နတ်ဆိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့တွေကိုစီမံခိုင်းလိုက်ရင် အရှေ့ဖက်ဒေသမှာ နတ်ဆိုးနဲ့သက်ဆိုင်တဲ့ ပြဿနာတွေ ရှိမှာမဟုတ်တော့ဘူး”

လူတွေအတွက် ပြဿနာအပေးဆုံးနတ်ဆိုးတွေဟာ ရှန်ယန်ရှောင်အတွက်တော့ လုံခြုံရေးကိစ္စမှာ အကောင်းဆုံးသောအဖြေတစ်ခုဖြစ်သွားပါသည်။မြေအောက်မြို့အတွင်း စိုက်ပျိုးထားသော အပင်သုံးပင်တို့က မှော်အစီအရင်၏ အကူအညီနှင့်အတူ မြန်မြန်ဆန်ဆန် ကြီးပြင်းလာခဲ့ပြီး အနက်ရောင်စွမ်းအင်တွေကို အများအပြားထုတ်လွှတ်ပေးနေတာဟာ အခုဆိုလျှင် အရှေ့ဖက်ဒေသတစ်ခုလုံးရှိ နတ်ဆိုးတွေကို ထောက်ပံ့နိုင်ပြီဖြစ်သည်။

“နတ်ဆိုးနဲ့ပတ်သက်တဲ့ကိစ္စကအဆင်ပြေသွားပြီ ဒါပေမယ့် အဲ့ဒီအမြတ်ရဖို့ပဲကြည့်တဲ့ စီးပွားရေးသမားတွေ ဖုန်းဆိုးမြေထဲလာဖို့ကို ငါတို့ကဘယ်လိုလုပ်ကြမှာလဲ ငါသိတာတော့ လောင်းရွှမ်အင်ပါယာက စီးပွားရေးသမားတွေဟာ ဖုန်းဆိုးမြေကိုအရမ်းကြောက်ကြလို့ ဒီကိုလာကြမှာမဟုတ်ဘူးနော် ဒါကပြဿနာရှိတယ်ဟ  ငါပြောမယ် ကြူရှီယာရာ မင်းတို့မိသားစုမှာ ဆိုင်တွေအများကြီးရှိတာပဲကို ဒီမှာနည်းနည်းလောက်လာဖွင့်ဖို့ မင်းလုပ်လိုက်လို့မရဘူးလား”ဆိုသောအကြံအား တန်နာဇီတစ်ယောက် ဂုဏ်ယူစွာဖြင့် ထုတ်ပြောလိုက်သည်။

ကြူရှီယာကတော့ ပုခုံးတွန့်လိုက်ပြီး ပျင်းရိစွာဖြင့်ပြောလိုက်တာက “ငါကတော့ ကိစ္စမရှိဘူး ဒါပေမယ့် တိုးနယားမျိုးနွယ်ရဲ့စီးပွားရေးကို ငါတို့အားပြုမယ်ဆိုရင် သယံဇာတတွေကို ငါ လက်ဝါးကြီးအုပ်ချယ်လှယ်ရတော့မှာပေါ့ တစ်ခုရှိတာက တက်သစ်နေမြို့တော်ဟာ ရှောင်လေးရဲ့နယ်မြေလေကွာ အဲ့ဒီလိုလုပ်လိုက်ရင် ငါ့ကိုရိုက်မှာပေါ့ဟ”ဟု ဖြစ်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part 4  ကောင်းကျိုးမပေးသော သမီးပျို Part 4जहाँ कहानियाँ रहती हैं। अभी खोजें