part22(zawgyi)

1K 14 4
                                    

Love + Love
|Author Blackclock

      " ဟင် မင်း……… မင်းက……"
"သွေးလေလို့……"

   နောက်ကျောဆီက အရိပ်ကြောင့်
ဦးညှို့နက် လှည့်ကြည့်စဉ် မြင်လိုက်
ရတာက မြွေဖြူတစ်ပိုင်း လူတစ်ပိုင်း
ကိုယ်နဲ့ သွေး။

  " ဟင် မင်း……"

"ချွင် ချလွင်"
"ဟာ ပျောက်သွားပြီ ဟေး ဟေး…"

        လိုက်ရှာမိလေတော့ မတွေ့။
တွေ့သူကသာ အထင်လွဲလို့ လှည့်
ပြန်သွားရှာလေသည်သာ။

   " ဟင်း…… ထင်တော့ ထင်သားပဲ
ငါလို သူဆင်းရဲမ တစ်ယောက်ကို
ချစ်ပြ တော်ကောက်ပြလာကတည်းက ဒီလိုလူမှာ
ချို့ယွင်းချက် ရှိနေမယ် ဆိုတာ၊ ဟူး……
ရုပ်ဒီလောက်ချောရဲ့သားနဲ့ ဘာကြောင့်
အခုလို ရူးနေတယ် မသိ"

     အသွေး အိပ်ရာပေါ် ပစ်လဲ လှန်ချ
အိပ်ရင်း တိုးတိုးဖွဖွ ရေရွတ်ပြောနေမိ
လေသည်။

   " အင်း ဒါနဲ့ ငါ့မျက်စိကရော
အဲ့လူကို ချစ်လိုစိတ်ကြောင့်
အမြင်မှားတာများလား ၊ သေချာ
ကြည့်မယ်လုပ်တော့ ဘယ်သူမှ
မရှိတော့တာ ဟင်း…… ရှုပ်ပါတယ်
မဖြစ်ဘူး တော်ကြာ လွန်လွန်ကျူးကျူး
တွေ ဖြစ်ကုန်မှ ငါ့ဘဝပျက်ရချည်ရဲ့"

    အသွေး တွေးပြီသည်နှင့်
ဒီအိမ်တော်ကြီးကို စွန့်ခွာဖို့
ပြင်လေတော့ အခန်းတံခါး
ဖွင့်လာသော လူ။ ဒေါက်တာ
လူချောလေး။ အသွေးထက်
တော့ ငယ်ကောင်းငယ်ပေ
လိမ့်မည်။

"ဟို ကျွန်တော် အစ်မကို ပြောစရာ
ရှိလို့ပါဗျ၊ ဒယ်ဒီအကြောင်း"

"ဟင် ဒါကြောင့် မင်း ပြန်လာတာလား
ြ့ပန်သွားပြီ ထင်နေတာ"

"ကျွန်တော် အစ်မကို စိတ်ပူလို့
စေတနာရှေ့ထားပြီး အရဲစွန့်
လာပြောပြတာပါ"

   ဒေါက်တာကောင်လေး မျက်ဝန်းတွေက
သိပ်ကို ဖြူစင်နေသည်။ အသွေး တလေး
တစား နားစိုက်ထောင်ဖို့ ပြင်လိုက်မိသည်။
မျက်နှာချင်းဆိုင် ထိုင်လို့…

"အစ်မကို ဒယ်ဒီ ဘယ်လိုတွေ့တယ်
မသိပေမယ့်၊ ကြည့်ရတာတော့ အဖြစ်ချင်း
တူနေလို့ လာအသိပေးတာပါ"

Love + Love [Normal Fiction]Where stories live. Discover now