Chapter 1.2(U)

1.5K 229 2
                                    

“သုန်းသုန်း ဒီညငါ့ကိုစာတမ်းကူရေးပေးလို့ရမလား”

သူက ခေါင်းခါလိုက်ပြီး အလုပ်များနေကြောင်း ညွှန်ပြလိုက်သည်။

“အလုပ်များတယ်?”
သူ့သူငယ်ချင်းကအံ့ဩတကြီးဖြင့် “မင်းအဲ့ဘားကို ထပ်မသွားတော့ဘူး မဟုတ်လား”

ကောင်လေးက ခေါင်းညိတ်ပြပြီး သူ့ကျောပိုးအိတ်ကိုဆွဲယူကာ ထွက်သွားသည်။ သူ့သူငယ်ချင်းက သူ့လွယ်အိတ်ကိုအမြန်ဆွဲယူပြီး ကမန်းကတန်းဖြင့်အမှီလိုက်ခဲ့သည်။ နောက်ဆုံးမှာတော့ ကောင်လေးက သူ့သူငယ်ချင်းရဲ့စာတမ်း သုံးပုံနှစ်ပုံလောက်ကို ဘားမှာ‌ရေးပြီး အဆုံးသတ်လိုက်သည်။

ညသန်းခေါင်ရောက်တော့ ကလေးငယ်နဲ့သူ့သူငယ်ချင်းတို့ အတူတူ ထွက်သွားသည်။ မထွက်သွားခင် ကလေးငယ်က စားပွဲတစ်ခုကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

“မင်းမှာ သူ့နံပါတ်မရှိဘူးလား နေ့တိုင်း အချိန်တွေကိုဖြုန်းတီးနေတာ သူ့ကိုဘာလို့မခေါ်တာလဲ။”
သူ့သူငယ်ချင်းက ကူကယ်ရာမဲ့စွာဖြင့် မေးလေသည်။

“ငါစာပို့ခဲ့ပေမယ့် သူကစာမပြန်လာဘူးလေ”

“…”

သူ့သူငယ်ချင်းက နောက်တစ်ကြိမ် ထပ်ကြိုးစားပြန်သည်။

“ဒါဆို သူ့ကိုဖုန်းခေါ်လိုက်လေ ငါမင်းကိုပြောမယ် တစ်ယောက်ယောက်ကို လိုက်တဲ့အခါ နည်းနည်းလေး အရှက်မရှိဖို့တော့ လိုတယ် သူကစာမပြန်လို့ မင်းကဖုန်းမခေါ်ဘူးဆိုရင် မင်းပန်းတိုင်ကိုဘယ်လို ရောက်နိုင်မှာလဲ”

“ကောင်းပြီလေ။”
ကောင်လေးက ခေါင်းညိတ်ပြပြီး သူ့သူငယ်ချင်းရဲ့စကားတွေကို စိတ်ထဲမှာ မှတ်ထားလိုက်သည်။

နောက်တစ်နေ့တွင် ကောင်လေးငယ်ြ သူ့မနက်စာကိုစားပြီး ၈နာရီထိုးသည်အထိ သူ့စာများကို သေချာဖတ်သည်။ ထို့နောက်သူကဒေါက်တာယန်ကို ဖုန်းခေါ်ခဲ့သည်။

ဒေါက်တာယန်က ဖုန်းမကိုင်ခဲ့ပေ။

ကောင်လေးက ဖုန်းကိုချပြီး သက်ပြင်းချလိုက်သသည်။ တစ်ယောက်ယောက်ကိုလိုက်တာက သေချာပေါက် ခက်ခဲ၏။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now