Chapter 5.2(U)

985 149 0
                                    

ယန်ရီရှီးက ကလေးငယ်ကို အိပ်ဖို့ဘယ်လိုချော့ပြောမလဲဆိုတာ တွေးနေချိန်မှာပဲ ကလေးငယ်က သနားစရာကောင်းစွာနှင့် ရီရှီး၏လက်ကိုဆုပ်ကိုင်လိုက်ပြီး သူတစ်ယောက်တည်း မအိပ်ချင်တဲ့အကြောင်း ပြောလိုက်၏။ သူ့ကတိကို တွေးမိ‌သွားတော့ ယန်ရီရှီးလည်း ကလေးငယ်ကို သူ့အိပ်ခန်းထဲကိုသာ ခေါ်သွားတော့သည်။

လူလည်လေးကတော့ ယန်ရီရှီး၏အိပ်ရာပေါ်မှာ ပျော်ရွှင်စွာ လူးလိမ့်နေတော့သည်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အတည်ပြုလိုက်ရုံနဲ့ သူ့ကိုယ်သူထိန်းချုပ်မှုကို ထိန်းထားခဲ့၏။ ခဏကြာတော့ ရီရှီးအတွက် နေရာချန်ထားဖို့ ပျော်ရွှင်စွာနှင့် ဘေးဘက်ရွှေ့ပေးလိုက်တော့သည်။

“ကိုယ်ရေချိုးလိုက်ဦးမယ် မင်းအရင်သွားအိပ်တော့နော်”
ယန်ရီရှီးက ကိုယ်ကိုကိုင်းလိုက်ပြီး သူ့ပါးတွေကို ဆွဲညှစ်လိုက်သည်။

“Ok.”

ကလေးငယ်က သဘောတူလိုက်ပေမယ့် ရေချိုးခန်းထဲက ရေကျသံနဲ့ သူဘယ်လိုအိပ်ပျော်နိုင်မှာလဲ? သူနောက်နည်းနည်းလောက် လူးလိမ့်ကြည့်ပြီးနောက် နောက်ဆုံးတွင် သတင်းကောင်းကို ‌မျှဝေရန် သတိရလိုက်သည်။ လင်းရှန့်သုန်းက ဧည့်ခန်းဆီကို ပြေးသွားပြီး သူ့ဖုန်းကိုယူကာ ရင်ရှုကို WeChatမှစာတစ်စောင် ပို့လိုက်သည်။

အရှေ့ : ငါ့မှာအခု ရည်စားရှိပြီ!!!! သူငါ့ကိုလက်ခံလိုက်တယ် ဟီးဟီးဟီး

ရင်ရှုက ချက်ချင်းပြန်မဖြေခဲ့ပေ။ သူ့ချစ်သူနှင့် နှစ်ယောက်တည်းအတူပျော်ပါးနေပုံရသည်။ တဖန်ရှေ့ဆက်ကျော်ဖြတ်ကာ သူနဲ့သူ့ချစ်သူအသစ်စက်စက်လေး ဒီအခြေအနေကို ရောက်လာတဲ့ အကြောင်းကို တွေးမိသည်။

ရေချိုးခန်းတံခါးပွင့်လာတဲ့အချိန်မှာ အတွေးတစ်ခုကိုပဲ ပုံဖော်မိသည်။ သူ့ချစ်သူက မီးခိုးရောင်ညအိပ်ဝတ်စုံကို ဝတ်ထားပြီး သူ့ဆံပင်မခြောက်တခြောက်မှာ ထွက်လာခဲ့သည်။

“မအိပ်သေးဘူးလား စကားနားမထောင်ဘူးပေါ့ ဟမ်?”

“ကောမရှိဘဲ ကျွန်တော်အိပ်လို့မပျော်ဘူး။ အိုး ကောကော ကျွန်တော် ဆံပင်ခြောက်အောင် လုပ်ပေးမယ်!”
ကလေးငယ် ထလာသည်။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now