Chapter 4.2(U)

995 152 7
                                    

ယန်ရီရှီးက ဆေးလိမ်းပြီးနောက် ကလေးငယ်၏ခေါင်းကိုမလိုက်ရာ ကလေးငယ်၏မျက်လုံးများ နီရဲလာသည်ကို တွေ့လိုက်ရသည်။

“မလုပ်တတ်တာတွေကို အတင်းမလုပ်ပါနဲ့ မင်းထိခိုက်သွားမယ် မဟုတ်ဘူးလား”
သူမလူးသာမလွန့်သာမေးလိုက်၏။

“အဲ့လိုမဟုတ်ပါဘူး” ကလေးငယ်က ခေါင်းငုံ့လိုက်သည်။
“ကောမပင်ပန်းရအောင် ကျွန်တော်က ကောကိုကူညီပေးချင်တာပါ”

ယန်ရီရှီးသည် ကလေး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်းကို သတိပြုလိုက်မိရာ ရုတ်တရက်ပူလာလေ၏။

“မလိုပါဘူး”
သူကလင်းရှန့်သုန်း၏ လက်ကို လွှတ်လိုက်လေသည်။

လင်းရှန့်သုန်း ပေကလတ်ပေကလတ်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။

နောက်အခိုက်အတန့်မှာတော့ နွေးထွေးတဲ့လက်တစ်စုံက သူ့ခေါင်းကို ပွတ်သပ်လာသလို ခံစားလိုက်ရ၏။

“ကိုယ်မင်းကို စောင့်ရှောက်နိုင်ပါတယ် လိမ္မာတဲ့ကောင်လေး အဆင်ပြေရဲ့လား ”

“စိတ်အေးအေးထား စိတ်အေးအေးထား စိတ်အေးအေးထားနော်”

ရင်ရှု၏ ကန့်ကွက်မှုများကြားမှ ကလေးသည် ရင်ခုန်စိတ်လှုပ်ရှားနေသေးသည်။

“မင်းဘယ်လိုထင်လဲ သူငါ့ကိုစိတ်ဝင်စားလာပြီလား”
အနီးအနားမှလူတွေကြားမှာကြောက်သလိုမျိုး တိုးတိုးလေးပြော၏။

“ကောင်းပြီ မင်းမှာ အခွင့်အရေးရှိနိုင်မယ်လို့ ငါထင်တယ်”

ငါတို့ သုန်းသုန်းရဲ့ ချစ်ဖို့ကောင်းတာကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။ ရင်ရှုက သူ့ကိုယ်သူ တွေးနေမိသည်။

“ဒါပေမဲ့ မင်းဒီကိစ္စတွေကို အလျင်စလိုမလုပ်နဲ့၊ ဒီလိုအခြေအနေမျိုးမှာလည်း ဝန်ခံဖို့မကြိုးစားနဲ့! ဖြည်းဖြည်းချင်းအချိန်ယူပြီး သူ့ခံစားချက်တွေကိုပုံမှန်အတိုင်း တိုးတက်ပါစေ။”

“အင်း” ကလေးငယ်သည် သူ့သူငယ်ချင်း၏အကြံဉာဏ်ကို ဂရုတစိုက်နားထောင်လေသည်။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now