Chapter 6 {End} (U)

1.4K 168 3
                                    

မကြာသေးခင်က စတင်ခဲ့တဲ့ ကောလဟာလကို ယန်ရီရှီးယုံလားဆိုတာ မသိဘဲ ထိုနေ့လယ်က လင်းရှန့်သုန်းအတန်းတက်ခဲ့လေသည်။

ယန်ရီရှီးက အတန်းပြီးချိန် ကလေးငယ်ကို လာကြိုတဲ့အခါ ချိုမြိန်သောအနမ်းတစ်ပွင့်ကိုလည်း ရခဲ့သည်။ နောက်ဆုံးတွင် သူက"ကောလဟာလဖြစ်ရပ်"ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကိစ္စမရှိပါဘူး သူ့ကိုယ်သူတွေးမိသည်။ ဘာပဲဖြစ်ဖြစ် ကလေးကသူ့ကိုနမ်းလိုက်ပြီလေ။

ဒေါက်တာယန်က အရင်တိုင်းအလုပ်များသော်လည်း အပြင်ထွက်ခြင်းက သူတို့ရဲ့နေ့ရက်တွေကို သိသာစွာပြောင်းလဲစေသည်။ အပြင်မသွားခင် မနက်တိုင်း ဒေါက်တာယန်က ကလေးငယ်ကိုနမ်းပြီး မနက်စာချက်ပေးသည်။ အိမ်ပြန်ရောက်တဲ့အခါမှာလည်း မအိပ်ခင် ကလေးငယ်ကိုဖက်ကာ အနမ်းပေးသည်။ ထို့ပြင် ဒေါက်တာယန်သည် အလုပ်မရှုပ်သရွေ့ လင်းရှန့်သုန်း၏မက်ဆေ့ခ်ျများကို သေချာပေါက် ပြန်ဖြေသည်။

သူ့အရင်ရည်းစားတွေအရ ယန်ရီရှီးနဲ့ ချိန်းတွေ့ဖို့က ခက်ခဲတယ်၊ သူနဲ့တွေ့ဖို့အရမ်းခက်ခဲတဲ့အတွက် singleအဖြစ်နေတာက ပိုကောင်းပေသည်။ ဒါပေမဲ့ ကလေးငယ်အတွက် ထိုကဲ့သို့စိုးရိမ်ပူပန်မှုမျိုး မရှိပေ - သူ့ရဲ့အစောပိုင်းအတူနေထိုင်မှုက ဒီပြဿနာတွေကို ဖြေရှင်းပေးခဲ့သည်။

ထိုနေ့တွင် ဒေါက်တာယန်သည် ပြင်ပလူနာများကို တွေ့ပြီး နေ့လယ်ပိုင်းခဏအနားယူခဲ့သည်။ တိုက်ဆိုင်စွာပင် လင်းရှန့်သုန်းက နေ့ခင်းပိုင်းတွင် အတန်းမရှိပေ။ ချစ်သူကောင်းတစ်ယောက်အဖြစ် သူကဒေါင်တာယန်နှင့်အတူ နေ့လယ်စာစားအတူရန် ဆုံးဖြတ်ခဲ့သည်။

ကလေးငယ်က ဆေးရုံတွေကို အမြဲမုန်းတီးနေခဲ့ပေမယ့် ဒီတစ်ခါက်လာရောက်မှုက သူ့ချစ်သူကိုရှာရန်ဖြစ်ပြီး ပိုးသတ်ဆေး၏အနံ့ပြင်းပြင်းမှာ စူးရှပုံပင်မပေါ်ပေ။

လင်းရှန့်သုန်းက ယန်ရီရှီးအလုပ်များနေပြီး သူ့ကိုအနှောင့်အယှက်မပေးချင်ကြောင်း သိနေတာကြောင့် ယန်ရီရှီးကို စောင့်ဆိုင်းရန်နေရာကောင်းတစ်ခုကိုရှာကာ အခန်းထဲမှာသာ ရပ်နေသည်။ သူ့ပုံစံက သေးသေးလေးနဲ့ ချိုသာတဲ့ပုံပန်းသွင်ပြင်ဖြစ်‌နေပေမယ့် သူနာပြုတစ်ယောက်ကလာပြီး သူ့ကိုစိုးရိမ်တကြီးမေးလိုက်၏။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now