Chapter 4.1(U)

1K 169 0
                                    

ဘာ့ကြောင့်မှန်းမသိ၊ စိတ်လှုပ်ရှားကောင်းတဲ့အခိုက်အတန့်လေးမှာ သူအိပ်ပျော်သွားခဲ့ပေမယ့် သူ့အိပ်ရာပေါ်မှာ တစ်ခါလောက်အနားယူပြီးတာနဲ့ အိပ်မပျော်တော့ပေ။

နောက်ဆုံးတွင် ထလိုက်ပြီး သူ၏ “ရည်စားကောင်လေးအား လိုက်ပိုးပန်းရန် အစီအစဉ်”ကို လှည့်မကြည့်တော့ဘဲ ပစ်လိုက်တော့သည်။ နောက်ဆုံးသူကောင်းကောင်း အိပ်ပျော်သွားတဲ့အချိန်မှာ မနက်သုံးနာရီပင် ကျော်နေပြီ၊ သူနိုးလာတော့ ၉နာရီထိုးခါနီနေပြီ ဖြစ်သည်။ ‌ဒေါက်တာယန် သွားတာတောင် ကြာပြီ။

ကလေးငယ်က သူ့အတွက် ယာဂုလုပ်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားသော်လည်း စားပွဲပေါ်တွင် ပန်းကန်နောက်တစ်ခုဖြင့် ဖုံးထားသော ပန်းကန်တစ်ချပ်ကို တွေ့လိုက်ရ၏။

အပေါ်က ပန်းကန်ပြားတွင် စာရေးကပ်ထားသည်ကို တွေ့လိုက်ရသည်။
“အေးနေရင် မစားခင်မှာ နွှေးလိုက်နော်”
ကလေးငယ် အပေါ်ပန်းကန်ပြားကို ဂရုတစိုက်ဖယ်လိုက်ရာ အသားညှပ်ပေါင်မုန့်နှစ်ချပ်ကို တွေ့လိုက်ရသည်။

သူ့နှုတ်ခမ်းထောင့်က မသိစိတ်အရ မြင့်တက်လာခဲ့၏။ ဒေါက်တာယန်က သူ့ကိုယ်သူ ဂရုစိုက်ဖို့ ပြောလိုက်တာ မဟုတ်ဘူးလား။ ကလေးငယ်က အခန်းထဲကို ပြန်ဝင်သွားပြီး မှတ်စုကို သူ့စာအုပ်ထဲ သေချာထည့်လိုက်သည်။ ထို့နောက် တြိဂံပုံအသားညှပ်ပေါင်မုန့်တွေကို သူစိတ်ကျေနပ်တဲ့အထိ ရှုထောင့်မျိုးစုံကနေ ဓာတ်ပုံရိုက်ခဲ့သည်။ ထို့နောက်တွင်တော့ သူက ၎င်းတို့ကို မိုက်ခရ်ုဝေ့ဖ်ထဲသို့ ဆောင့်ကြီးအောင့်ကြီးဖြင့် ထည့်လိုက်သည်။

ပေါင်မုန့်တွေကို စားနေစဉ် ကလေးငယ်က ရင်ရှုဆီကို ပုံတွေပို့လိုက်သည်။ သူ့သူငယ်ချင်းက အလုပ်များနေပုံပေါ်ပြီး စာမပြန်ခဲ့ပေ။

သို့သော်လည်း နှစ်ယောက်သား ကျောင်းတွင် နေ့လည်စာစားချိန် ဆုံသောအခါ ရင်ရှု၏လည်ပင်းတွင် အနမ်းမှတ်များကို တွေ့ပြီး မနက်တုန်းက သူ့သူငယ်ချင်းဘာတွေအလုပ်ရှုပ်နေလဲဆိုတာကို နားလည်သွားတော့သည်။

သက်ပြင်းချမိ၏။ ကလေးငယ် နည်းနည်းလေးတော့ မနာလိုဖြစ်မိသည်။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now