Chapter 3(U)

1.2K 175 0
                                    

——ရှု : ငါတို့ဒီအကြောင်းကို လူကိုယ်တိုင်တွေ့ပြီးပြောဖို့ လိုမယ်ထင်တယ်၊ မြန်မြန် ကျောင်းကိုလာခဲ့။

——အရှေ့ဘက်သို့ ဦးတည်နေသော လမ်းမကြီး : အာ? ဒါပေမဲ့ ငါမလာချင်ဘူး။

——ရှု : အချ‌စ်လေး ဒီနေ့လည် ပါမောက္ခချန်ရဲ့အတန်းချိန်ကို မတက်ဘူးလား!

——အရှေ့ဘက်သို့ ဦးတည်နေသော လမ်းမကြီး : အိုး ဟုတ်သားပဲ၊ ငါအခုထွက်လာမယ် ငါ့ရဲ့အစီအစဉ်တွေကို ကူညီပြီးကြည့်ပေးဖို့မင်းကိုလိုအပ်နေသေးတယ်။

——ရှု : ရတယ် လာလိုက်လေ မြောက်ဘက်ဝင်ပေါက်က ငါးကင်ဆိုင်မှာ ငါရှိနေတယ်။

လင်းရှန့်သုန်းက သူ့ကျောပိုးအိတ်ကို ဆွဲယူလိုက်ပြီး ဒီနေ့ ကျောင်းမှာ မလိုတာတွေကို ထုတ်လိုက်သည်။ ထို့နောက် သူ့မှတ်စုစာအုပ်မှ စာရွက်တစ်ရွက်ကို ဖြဲလိုက်ကာ ယန်ရီရှီးအတွက် စာတိုတစ်စောင်ကို ထားခဲ့လိုက်သည်။ အိပ်ပျော်နေသောလူ နိုးသွားမည်ကို ကြောက်သဖြင့် ဌက်မွေးကဲ့သို့ ပေါ့‌ပါးသော ခြေလှမ်းဖြင့် ထွက်သွားလေသည်။

လင်းရှန့်သုန်း ကျောင်းကို ရောက်တဲ့အချိန်မှာပဲ သူတို့၏အကြိုက်ဆုံး ငါးကင်မှာ စားပွဲပေါ် ရောက်နှင့်နေပြီ ဖြစ်သည်။ ပန်းကန်ဘေးမှာ ထိုင်လိုက်ရင်း ညှာတာသောအနေဖြင့် ရေတစ်ခွက်တောင် ဖြည့်ထားပေးလေ၏။

“ဘာဖြစ်တာလဲ ‘ခံတပ်ကို ထိုးဖောက်သွားပြီ’ ဆိုတာက ဘာကိုဆိုလိုတာလဲ” လင်းရှန့်သုန်းက ရင်ရှု စိတ်မရှည်စွားမမေးခင်တွင် ထိုင်ရန်အချိန်အနည်းငယ်သာ ရခဲ့သည်။

ကောင်လေးက အတိုချုပ်ရှင်းပြလိုက်၏။

“ဟား ငါတို့သာ စောစောသိခဲ့ရင် တခြားအစီအစဉ်တွေနဲ့ နှောင့်ယှက်နေစရာတောင် မလိုဘူး။ တိုက်ရိုက်တိုက်စစ်ဆင်လိုကိရုံပဲပေါ့ မဟုတ်ဘူးလား”
ယန်ရှုက အံ့အောတကြီး ပြောလိုက်လေသည်။

ယန်ရှု၏အကူအညီဖြင့် ကောင်လေးငယ်မှာ ဒေါက်တာ ယန်ကိုလိုက်ရန် အချိန်အကြာကြီး စီစဉ်ထားခဲ့ရသည်။ တရားဝင်အတူရှိပြီးနောက် လက်မထပ်ဘဲအတူနေခြင်းသာ ဖြစ်လာသင့်သည်။ ဒါပေမဲ့ ဒီအခြေအနေအရဆိုရင်တော့ အဲ့ဒီအစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုလာလေပြီ။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now