Chapter 2(U)

1.3K 189 1
                                    

ကောင်လေးက တံခါးဘဲလ်ကို အကြိမ်ပေါင်းများစွာ တီးခဲ့ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ ပြန်မဖြေခဲ့ပေ။

ယန်ရီရှီးက အိမ်မှာမရှိဘူးလား။ ကောင်လေးက သူ့ကိုဖုန်းခေါ်သင့်လား။ ဒါပေမဲ့ သူကဖုန်းမကိုင်နိုင်လောက်ဘူး…

ကောင်လေးက မသိလိုက်ဘဲ သူ့ကျောပိုးအိတ်ကြိုးတွေကိုဆွဲလိုက်ပြီး ဘာဆက်လုပ်ရမလဲဆိုတာကို လေးလေးနက်နက် စဉ်းစားနေသည်။ သူဘယ်သူလဲဆိုတာကို ရှင်းပြဖို့ စာတိုတစ်စောင် ပို့ခါနီးလေးမှာပဲ သူ့နောက်က ဓာတ်လှေကားက ပွင့်သွားသည်! ကောင်လေးက လှည့်ကြည့်လိုက်တော့ ယန်ရီရှီးကို တွေ့လိုက်ရသည်။

သူစိမ်းတစ်ယောက်က သူ့အိမ်တံခါးရှေ့မှာ ရပ်နေသည်။ အတိအကျပြောရမယ်ဆိုရင်တော့ ဒါကသူစိမ်းတစ်ယောက်တော့ လုံးဝမဟုတ်ပါဘူး။ ယန်ရီရှီးက မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမဆုံးစာကို လက်ခံရရှိပြီးတော့ ကောင်လေးရဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး မတုံ့ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။ တိတ်ဆိတ်သော သဘောထားက ကောင်လေးရဲ့စိတ်အားထက်သန်မှုကို လျော့ပါးစေနိုင်တယ်လို့ မူလကသူထင်ခဲ့ပေမဲ့ သူကတော့ ယန်ရီရှီးရဲ့ အိမ်ရှေ့မှာ ရပ်နေခဲ့သည်။ သူကလိပ်စာအတိအကျကို ဘယ်လိုရခဲ့တာလဲ။

အနည်းငယ် တက်ကြွနေသော ကောင်လေးက သူ့ကျောပိုးအိတ်ကြိုးကို ထပ်ဆွဲပြီး စိတ်လှုပ်ရှားစွာဖြင့် စကားမပြောမီ ယန်ရီရှီးက သူ့ပါးစပ်ကို‌ပင် မဖွင့်ခဲ့ပေ။

“တောင်း–တောင်းပန်ပါတယ် စိတ်အနှောင့်အယှက် ဖြစ်သွားရင်…ကျွန်တော်က လင်းရှန့်သုန်းပါ1. ကျွန်တော် အမ် ကျွန်-ကျွန်တော့်အမေက ချန်ချင်းပါ ကောသိလား?”

ကောင်လေး၏စကားများနှင့် သူတို့၏တွေးခေါ်နိုင်စွမ်းက ရှုပ်ထွေးသွားပေမဲ့ ယန်ရီရှီးကတော့ နားလည်သည်။ ဒီတစ်ယောက်က သူ့အမေရဲ့အချစ်ဆုံးသူငယ်ချင်း၏သား ဖြစ်မည်။ ကြည့်ရတာတော့ ယန်ရီရှီးက သူကလေးတုန်းက ကောင်လေးကို ချီတောင်ချီဖူးသည်။

“ငါသိပြီ”
ကောင်လေးကဒီကို ရောက်နေပြီဆိုတော့ ယန်ရီရှီးက သူ့ကိုအထဲဝင်ခွင့်ပေးဖို့ တံခါးကို ဖွင့်ပေးရုံပဲပေါ့။

ကိုယ့်ရဲ့ကလေးငယ် {Myanmar Translation} (Completed)Where stories live. Discover now