part24(zawgyi)

860 8 0
                                    

Love + Love
|Author Blackclock

" ဦးကို ဘာတွေ အလိုမကျနေသလဲ သွေးရယ် "
"ဟင့်အင်း ဖယ်ပါ သွေးအသားကို
လာမထိနဲ့"

"အွန်း"

သွေး စိတ်ကောက်ကောက်လေး လုပ်ပြော
တော့ ပြောသလို လက်တွန့်သွားကာ မထိ
မကိုင် မှိုင်ရပ်နေလေသော ဦး။

"ဦး........."

အသွေး စိတ်မာန်တိုတိုနဲ့ အော်မိတော့
မျက်စလှန်ကြည့်လာတဲ့ ဦး။

"ဦး ဘယ်လိုဖြစ်နေတာလဲ ဟင်၊
ဦးက မထင်မှတ် အချိန်မှာ ပေါ်လာတယ်
ပြီးတော့ အယောင်ပြပြီး ပျောက်သွားခဲ့တယ်
ပြီးတော့ ပြီးတော့ အခု အခုလည်း သွေး
ဦးအနားမှာ ရှိနေရပြန်တယ် ၊ သွေး တကယ်
ချစ်မိတော့မယ်ပြင်မှ ထွက်သွားခိုင်းတာ
သိပ်တရားရဲ့လား ဦးရယ်"

"ဦးမှာ အကြောင်းအရင်းတွေ
ရှိနေလို့ပါ ဦး သွေးနဲ့ လမ်းခွဲမယ် ပြောတာ
မဟုတ်ပါဘူး၊ အကယ်လို့များ ဦး သေသွား
ခဲ့သည်ရှိသော် အသွေးကို ဘာမှ ကူမပေး
နိုင်ခဲ့မှာ စိုးလို့ပါ"

"ဦး ဘာလို့ဆိုတဲ့ အကြောင်းပြချက်ကို
သွေး သိခွင့် မရှိနိုင်ဘူးလား ဟင်၊
သွေးက ဦးရဲ့ လူသိရှင်ကြား လက်ထက်ထား
တဲ့ မိန်းကလေးပဲလေ "

"ကလေးရယ်......"

အနားကပ်လာလို့ ဖက်ထားလေသော
ဦး။ အသွေးကတော့ ဖွဖွလေး ဖက်ထားတဲ့
ဦးညှို့နက် ရင်ခွင်ထဲ ရုန်းကန်လို့ ဦး မျက်နှာ
အသေအချာ ကြည့်နေမိလေသည်။

" လိမ္မာစမ်းပါကွယ်နော် ခဏတာလောက်ပဲ
ခွဲရမှာပါကွ နော်"
"ကတိနော် ဦး"
"ကတိ"
"ဦး လူသူကင်းမဲ့တဲ့ နေရာကို
မထွက်သွားရဘူးနော် နော်လို့ ဦး"
"အွန်း စိတ်ချပါ ဟင်း......"

ဦးညှို့နက် သက်ပြင်းတွေ ချနေလေသည်။
အသွေး ဘာလုပ်ရမယ် မသိ။ ချစ်လို့ ယူ
ထားတဲ့ ချစ်ရလေသော ခင်ပွန်းသည်ကို ထား
ရစ်ခဲ့ဖို့ အဘယ်လိုမျိုးသော စိတ်နဲ့ ဆုံးဖြတ်ရ
မယ် မသိ။

" ဦးကို ယုံပေးပါကွာ "
"အချိန်တစ်ခုက ဘယ်အချိန်ထိလဲဟင် ဦး"
"တစ်နှစ်တန်သည် နှစ်နှစ်တန်သည်ပေါ့
အင်း အဟင်း......"

Love + Love [Normal Fiction]Where stories live. Discover now