Part {1}

55.1K 1.7K 60
                                    

"မာန်ထက်သျှား..."

"မာန်ထက်သျှား.."

အိမ်ရှေ့မှာ အဆက်မပြတ် အော်ခေါ်နေတဲ့ ဒေါ်လေးဒေဝီမာလာ ကြောင့် "မာန်ထက်သျှား"နောက်ဖေးချောင်ထဲကနေ အပြေးလေးလာလိုက်မိသည်။

"ဒေါ်လေး...ကျွန်တော်ကို ခေါ်နေတာလား...?"

"နင့်ကို မခေါ်လို့ ငါက ဘယ်သူ့ကိုခေါ်နေရမှာလဲ..?"

အနားရောက်သွားရုံနဲ့ သူ့ကို ဇွတ်ချည်ဟောက်နေတဲ့ဒေါ်လေးကြောင့် သျှား စိတ်ညစ်မိသည်။

ဒေါ်လေးဒေဝီမာလာဆိုတာ တစ်ခြားသူမဟုတ်ပေ၊
အဖေဖြစ်သူ ဦီးမြတ်မင်း ရဲ့ နောက်အိမ်ထောင်၊ မယားဖြစ်သည်။

သျှား အမေရင်းကငယ်ငယ်ကတည်းက ဆုံးပါးသွားတာဖြစ်ပြီး သျှား ရဲ့အမေဆုံး လို့ မကြာသေးဘူး၊ အဖေက နောက်အိမ်ထောင်ပြုလိုက်၏။
အဖေနဲ့ လက်ထက်ခဲ့တဲ့ဒေါ်လေးမာလာဒေဝီမှာလည်း အရင်ယောက်ျားနဲ့ ရတဲ့ သမီးတစ်ယောက်လည်း ပါလာပြန်၏။

မိသားစုလေးယောက်ရှိပေမဲ့လို့ ဖေဖေတစ်ယောက်ရဲ့ ၀င်ငွေကိုပဲ အများဆုံး မှီခိုစားသောက်နေကျတာဖြစ်သည်။

မြတ်မာလာထွန်း က ဒေါ်လေးဒေဝီရဲ့ သမီးဖြစ်သည်။ သျှားနဲ့ သက်တူ၊ရွယ်တူပင်ဖြစ်ပြီး၊ သူမကတော့ တစ်ခါတစ်လေ အလုပ်ဆိုပြီး ညညဆို ထွက်သွားတက်သည်။
အမေလုပ်တဲ့သူကလည်း ဘာမှမပြောတာမို့၊ သျှားနဲ့ ဖေဖေနဲ့ကလည်း ဘာမှ၀င်မပြောတက်ကျပေ။
ညဆိုရင် သန်ခေါင်ယံ အချိန်လောက်မှ ပြန်လာတက်သည်။ ခြံတံခါးဖွင့်ဖို့ ဘယ်သူမှမရှိတာမို့ သျှား ကပဲ
အမြဲ မလာမချင်းထိုင်စောင့်ပေးရတာဖြစ်၏။
သူ မစောင့်ချင်ဘူးလို့ ငြင်းလိုက်ရင် ရတာပဲလို့ လူတွေကထင်ကျလိမ့်မည်။
ဒေါ်လေးက သူ့သမီး မြတ်မာလာထွန်း ပြန်မရောက်မချင်း နင် မအိပ်ရဘူးလို့ ပြောထားတာမို့ သျှား မှာ မအိပ်ဝံ့ပေ။
အဲ့လို စိတ်ပျက်စရာ ညမျိူးတွေလည်းရှိခဲ့သည်။

အခု လည်း ဘာခိုင်းစရာ ရှိလို့လည်း မသိပေ။

"ဒီမှာ ရော့..."

သျှား မျက်နှာထက်သို့ ပစ်ပေါက်လာတဲ့ အင်ကျီအ၀တ်အစားအချို့..။

{ ချည် } Where stories live. Discover now