Part {16}

12.2K 873 38
                                    

သျှား ရဲ့ ရုတ်တရပ်တုန့်ပြန်မူ့အပေါ်မှာ တိမ်၀လ္လာမိုးမြင့် တစ်ယောက် နည်း" ကြောင်တောင်" တောင်ဖြစ်သွားမိ၏။

အခုသူမြင် တွေ့နေရတဲ့ကောင်လေးက သူစိမ်းတစ်ယောက်လိုပဲ‌ေတာင် အောက်မေ့မိ၏။
သူက ဘယ်တုန်းကမှ မသိတဲ့လူတစ်ယောက်လို ပြုမူနေလျက်ရှိ၏။
အရင်တုန်းက တွေ့ဖူး၊ မြင်ဖူးတဲ့ လူတစ်ယောက်လိုပုံစံမျိုးရှိမနေပေ၊  ဟိုး အရင်က နှစ်ယောက်သား မျက်နှာချင်းဆိုင် ဆုံမိရင် ပြဒါးတစ်လမ်း၊ သံတစ်လမ်းလိုပဲ တွေ့လိုက်ရင် စကားအကောင်းမပြောတက်ကျပေ။
အဲ့လိုမျိုးကို ကိုယ်ကလည်း သဘောကျတာမို့၊ တစ်နည်းပြောရရင် ထိုသူက စ‌၊နောက်ရတာမကြိုက်တက်တော့ ကိုယ်က အမြဲ စကာ၊နောက်ကာ စကားများရန်ဖြစ်ခဲ့ကျတဲ့ အခြေအနေထိတောင်ရှိခဲ့ဖူး၏။
သို့သော်..အခုတွေ့မြင်နေရတဲ့ လူကတော့ ထိုသူလိုမျိုးမဟုတ်တော့ပေ၊ ကိုယ့်ကို တစ်ခါမှ မမြင်ဖူးတဲ့ လူလို၊ ဒါမှမဟုတ် ဘယ်တော့မှ မသိခဲ့တဲ့ လူလို အကြည့်တွေက ပြောင်းလဲလို့နေ၏။

တိမ်၀လ္လာမိုးမြင့် သည် အို့တို့အန်းတန်းဖြစ်သွားတဲ့ စိတ်နဲ့ပဲ ချော်လဲ၊ရောထိုင်လိုက်တော့၏။

"မင်းဘာဖြစ်နေတာလဲ"?
မင်းက အခုမှငါ့ကို မသိ‌ချင်ယောင်ဆောင်နေတာပေါ့၊ မင်းနဲ့ မတွေ့ရတဲ့ အချိန်တိုင်းမှာ ငါ့ကိုငါရူးတော့မလိုပဲ..အဲ့ဒါတွေ မင်းသိလား?

"ကျွန်တော်နားမလည်ဘူး"
အစ်ကို..ဘာတွေပြောနေတာလဲ၊နောက်ပြီး ရူးတော့မလိုပဲက ဘာကို ပြောတာလဲ မသိဘူး။

သျှားက နားမလည်သောအကြည့်တွေနဲ့ မေသော်ဘက်ကို လှည့်ကြည့်လိုက်၏၊ မေသော်ကလည်း သျှား ရဲ့အကြည့်တွေကို နားလည်သလိုပုံစံမျိုးနဲ့ သူလည်းဘာမှမသိဘူးဆိုတဲ့ အမူအယာနဲ့ ခေါင်းယမ်းပြလာ၏။

သေချာသွားပြီ၊ ဒီလူသည် ဟိုး အရင်က အတိတ်တွေအားလုံးကို တစ်ခုမှ မမှတ်မိတာသေချာသည်။

၀လ္လာသည် စားပွဲပေါ်ကို ကိုယ်ကို ကိုင်းရင်းလက်နှစ်ဖက်ထောက်ထားကာ သျှား ကို စိုက်ကြည့်နေလေ၏။

ကြာလာတော့သျှားသည် အနေရခက်လာ၏။
အခုလို လူမြင်ကွင်းကြီးမှာ လူကို အပေါ်တင်ကြီး စိုက်ကြည့်နေတော့ ကြက်သီးများက တစ်ဖြန်းဖြန်းထလာခဲ့၏။

{ ချည် } Where stories live. Discover now