Part {15}

11.8K 847 26
                                    

ဆရာ၀န်ရဲ့ ပြောပြချက်အတိုင်းပဲ သျှားရဲ့ မှတ်ဉာဏ်တွေက ချို့ယွင်းသွားခဲ့၏။
အဆိုးဆုံးကို ကြိုတွေးထားလို့သာ ဦးမြတ်မင်းတို့အတွက်တော်ရော့မည်။
အတိတ်ဆိုတာက အချိန်တန်ရင်၊ သဘာ၀ကုထုံးတွေနဲ့ ကုသပေးလို့ရနိုင်တာမို့ တစ်ဖြည်း"ချင်း ပြန်လည် သတိရလာဖို့ဆိုတာက အနှေးနဲ့ အမြန်ပေ။
ဒါကြောင့် လူတစ်ခု" ချို့ယွင်းသွားတာတို့၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တာပဲ ကံကောင်းလှပြီဟု မှတ်ယူရမည်ပင်။

အခုလည်း သျှား က ဘယ်သူဘယ်ဝါ၊ နာမည်တွေကဘယ်သူဆိုတာကို တစ်ခုမှမမှတ်မိပေ။
ရှင်း"ပြောရရင် အဖေဖြစ်သူ ဦးမြတ်မင်းကိုတောင် မမှိတ်တော့ပေ။
သို့ပေမဲ့ အားလုံးရဲ့ ပြောဆိုမူ့တွေကြောင့် သျှားက ဦးမြတ်မင်းရဲ့သားဆိုတာကိုတော့ မမှတ်မိပေမဲ့လက်ခံရမည်က မလွှဲဧကန်ပင်။

"ဖေဖေ..ကျွန်တော်က ဖေဖေ့ရဲ့သားအရင်းလား?"

ရုတ်တရပ်ထမေးလာတဲ့ သျှားရဲ့စကားကြောင့်  ဦးမြတ်မင်း ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွား၏။
နံဘေးနားမှာက ဒေါက်တာအပါအ၀င်၊ ဒေါ်မာလာဒေဝီတို့သားအမိပါ မတ်တပ်ရပ်နေတာဖြစ်၏။
သူတို့က ငြိမ်ငြိမ်လေး ရပ်ကြည်နေကျတာမို့ ဘာစကားမှတော့ ပြောမလာခဲ့၏။

သျှားရဲ့စကားကြောင့် ရင်ထဲဆို့နင့်သွားသည်။

"ဒါပေါ့..သားရဲ့.."
သားက ဖေဖေ့သားအရင်း၊ ဖေဖေရဲ့ တစ်ဦးတည်းသောသား၊ ဖေဖေ အားထားရတဲ့ ငါ့သားပေါ့!!

"ဒါနဲ့..သူတို့ကရော ဘယ်သူတွေလဲ?"

ဘေးတစ်ဖက်၊တစ်ချက်မှာ ရပ်ကြည့်နေတဲ့ သားအမိနှစ်‌ယောက်ကို သျှားက မေးငေါ့ပြလိုက်တော့၊ ဒေါ်ဒေဝီတို့သားအမိမှာ အိုးတို့၊အန်းတန်းတောင် ဖြစ်သွားရ၏။

ဦးမြတ်မင်းဘက်ကို ဒေါ်ဒေဝီက လှည့်ကြည့်လိုက်ကာ ဘာစကားမှဆိုမလာပေ၊ ဦးမြတ်မင်းရဲ့အပြောကို စောင့်နေတာဖြစ်၏။

သျှားဖေဖေမှာလည်း သူတို့သားအမိဘက်ကို တစ်ချက်ကြည့်လိုက်ပြီး သျှားဘက်သို့ အပြုံးလေးနဲ့ လှည့်ကြည့်လာခဲ့၏။

"ဒါက ဖေဖေ့ရဲ့ ဇနီးလေ.."

ဦးမြတ်မင်းမှာသားဖြစ်သူရဲ့ နောက်ကျောလေးကို အသာပုတ်ပေးလိုက်ကာ ပြောတော့ မျက်လုံးအဝိုင်းသားကြီးနဲ့ ဒေါ်မာလာတို့ကို ကြည့်လာ၏။
ဖေဖေကလည်း မေမေဖြင့်လည်း မေမေပေါ့၊ အခုတော့ ဖေဖေ့ရဲ့ဇနီးဆိုတော့ ဘယ်လိုတွေပြောနေမှန်းမသိပါဘူးလေ။

{ ချည် } Where stories live. Discover now