Part {7}

12.8K 890 21
                                    

ဒီနေ့က Sunday ပိတ်ရက်ဆိုတော့ ၀လ္လာသည် ဒေးစ်နဲ့တွေ့ဖို့ ချိန်းထား၏။ မြန်မာပြည်ကို ခုမှ ရောက်ဖူးတာဆိုတော့  ဒေးစ်ကို နေရာအနှံ့ လိုက်ပို့ပေးမယ်လို့ ပြောထား၏။

ခါတိုင်းပိတ်ရက်တွေဆိုရင် သူငယ်ချင်းတွေနဲ့ ‌အတူတွေ့ကြပြီး ပျော်ကြပါးကြ၏။
တစ်နေလုံးအိမ်မှာ အချိန်ဖြုန်းပြီး ညဘက်ဆိုရင် ဘားတွေ၊ ကလပ်တွေကို တက်လေ့ရှိ၏။
အခု ဒေးစ် ပါရှိနေတာမို့ ခုရက်ပိုင်း အပြင်တွေသ််ိပ်မထွက်ဖြစ်ခဲ့ပေ။

ဒီနေ့တော့ ဒေးစ် မရောက်ဖူးသေးတဲ့ ရွှေတိဂုံဘုရားကိုလိုက်ပို့မယ်၊ အဲ့က အပြန် ကန်တော်ကြီးနဲ့ အင်းယားကန်ကိုလည်း လိုက်ပို့ပေးမယ်လို့ ဆုံးဖြတ်ထား၏။

အခုရက်ပိုင်း အလုပ်တွေကလည်း ရူပ်နေတာမို့ ဘားတွေလည်း သိပ်မသွားဖြစ်ခဲ့၊ ဒီနေ့မှာတော့ ရေပြင်ညီတို့နဲ့လည်း မဆုံဖြစ်တာကြာပြီမို့ အတူသွားရန်ခေါ်ထား၏။

ညီ တို့က ၀လ္လာ လှမ်းခေါ်တဲ့ အချိန်တိုင်း မအားဘူးဆိုတဲ့ရက်ဆိုတာမရှိ၊ အရေးကြီးသည်ဖြစ်စေ၊ အလုပ်ကိစ္စနဲ့ပဲဖြစ်စေ၊ ချက်ချင်း အကူအညီတောင်းလိုက်ရင်  ဘယ်တုန်းကမှ ငြင်းဆိုလေ့မရှိခဲ့ အပြေးလေးအရောက်လာခဲ့သည်သာပင်။
ဒါကြောင့် မို့လည်း ၀လ္လာကလည်း သူငယ်ချင်းတွေအပေါ်ကို အင်မတန် တန်ဖိုးထားခင်တွယ်တက်၏။
၀လ္လာ ကဲ့သို့ပဲ ညီတို့နှစ်ယောက်ကလည်း ပွင့်ပွင့်လင်းလင်းနဲ့ ညီကိုတွေလိုပဲ တစ်ယောက်အကြောင်းသိကြပြီး ပြောမနာ၊ဆိုမနာ မို့လည်း ဂျပန်မှာကတည်းက ခင်မင်လာခဲ့ကြတာ အခုထိပင်။

တိမ်၀လ္လာမိုးမြင့်က အသားဖြူတဲ့သူမို့ အပေါ်က တီရှပ် အဖြူရောင်လေးနဲ့ကို အောက်က ရှော့ပမ် အနက်လေးနဲ့ကို တွဲဖက်၀တ်ဆင်ထား၏။
ထောင်မတ်နေတဲ့ ဆံကေသာကို သေချာသေသေသပ်သပ် ဖြီးလိမ်းလိုက်ကာ အကြည့်တွေက မှန်တင်ခုံပေါ်ကနေမရွှေပေ။ ရုတ်တရပ် သူ့အကြည့်တွေက စားပွဲပေါ်က နာရီလေးဆီ မှန်ထဲကနေအကြည်‌့တွေက ရောက်သွား၏။

လက်ထဲကဘီးကို သူ့နေရာကိုပြန်ထားလိုက်ပြီး၊ စားပွဲရှိရာကိုလှမ်းသွားလိုက်၏။  ထိုနာရီလေးကို သူ့အမေက ဟိုတစ်ယောက်ကို ပေးခိုင်းတဲ့ နာရီလေးမဟုတ်လား?
ဒါကို သူမေ့နေခဲ့တာဖြစ်သည်။
နောက်ဆုံး အဲ့လူနဲ့တွေ့တာ ဒေးစ့်ကိုသွားကြိုတဲ့နေ့က နောက်ဆုံးဆုံမိကျတာပင်၊အဲ့တုန်းက နှစ်ယောက်သားစကားနိုင်လုကျတာနဲ့ ဒီနာရီလေးကို မပေးဖြစ်ခဲ့လိုက်ပေ။
အခု အဲ့ လူနဲ့ မတွေဖြစ်တာ တစ်လတောင် ကျော်နေပြီပင်။

{ ချည် } Where stories live. Discover now