Part {44} ZG

3.1K 97 4
                                    


နောက်ရက်မှာပဲ ၀လ္လာတို့ စင်ကာပူသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ XXXဟိုတယ်မှာပဲ ဘိုကင်လုပ်ထားတာမို့
ရောက်တာနဲ့ ချက်ချင်းပဲဟိုတယ်သို့သွားကာ ဟိုတယ်မှာပဲ အနားယူလိုက်သည်။

သျှားမှာ ခေါင်းထဲက ညှီစိစိကြီးဖြစ်နေတာနဲ့ တန်းပြီး အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်ပစ်လဲချလိုက်တော့သည်။

အခန်းက နှစ်ယောက်စာ ဘိုကင်လုပ်ထားတာမို့ နေရထိုင်ရတာလည်း အဆင်ပြေလှသည်။ သျှားတို့ အခန်းက ၁၂လွှာမှာဖြစ်ကာ...
မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင် စင်ကာပူ နိုင်ငံရဲ့ သဘာဝ ရူခင်းတွေကို အလွယ်တကူကြည့်လို့ရသည်။
သူဒီဟိုတယ်ကိုခြေချမိစဉ်က ၀လ္လာက ၁၂လွှာမြောက်မှာဆိုတုန်းကဆို သျှား အတော်လေးကို ပျင်းရိနေတာဖြစ်သည်။ ခေါင်းထဲက ကိုက်ခဲမူ့ကလည်း ပိုလို့ဆိုးလာတာမို့ အတော်လေးကို မအီမသာနဲ့ လိုက်လာလိုက်ကာ ဘာမှလည်း မပြောမိတော့ပေ။
အခုတော့ ၀လ္လာရဲ့ကောင်းမူ့ကြောင့် ဒီအခန်းလေးက ပိုလို့တောင် သက်သောင့်သက်သာ ဖြစ်နေသေးသည်။

"ခေါင်းထဲ ချွေးဝင်သွားမယ်၊ ခဏနားပြီးရင် ရေချိုးပစ်လိုက်"

ဝလ္လာက ပြတင်းလိုက်ကာများကို ဖွင့်နေရင်းနဲ့  ကုတင်ပေါ်မှာ လှဲနေတဲ့သူကို ကြည့်ကာပြောလိုက်လေသည်။

"ငါ အရမ်းပင်ပန်းနေပြီ၊ ခဏ နားဦးမယ်"

"အင်း၊ မင်းဘာစားချင်လဲ"

"ရတယ်၊ ဘာပဲဖြစ်ဖြစ်"

"ကိုယ်တို့ ဒီမှာ ဘယ်လောက်ထိနေရမလဲတော့မသိဘူး၊ မင်း မနက်ဖြန်လျှောက်လည်ချင်လား ကိုယ်တို့ လျှောက်လည်ရအောင်"

"မင်း ဘာတွေပြောနေတာလဲ၊ မင်းဒီကို လုပ်ငန်းကိစ္စနဲ့ လာတာမို့လား ဘယ်မှ သဝေထိုးဖို့ကြံမနေနဲ့"

"ဟဟ၊ ကိုယ်သဝေထိုးဖို့ ကြံနေတာမဟုတ်ပါဘူး၊ ကိုယ့်ရဲ့အလုပ်ကိစ္စကိုက နောက်တစ်နေ့ ချိန်းလိုက်လို့ရတယ်"

"အလုပ်မဟုတ်တာတွေ မလုပ်စမ်းနဲ့"

သျှားက ထဟောက်လိုက်တော့ ၀လ္လာမှာ ငြိမ်ကျလို့သွားသည်။ အမှန်တော့ သူ့လင်တော်မောင်လေးက အခုမှ စင်ကာပူကိုရောက်ဖူးတာဆိုတော့ သူ့ကို လျှောက်လည်စေချင်တာဖြစ်သည်။
သူက လက်မခံတော့လည်း ၀လ္လာမှ မတက်နိုင်တော့ပေ။

{ ချည် } Where stories live. Discover now