Part {6}

12.5K 877 11
                                    

စိုက်ခင်းလေးထဲမှာက နှင်းဆီ၊ သပြေ၊ စံပယ်၊ သစ်ခွ စတဲ့ ပန်းအမျိုးအစားများက  အစီအရီ ပန်းအိုးလေးနဲ့ သူ့နေရာနဲ့သူ ထား ထားသည်။

ဥယျာဉ်လေးက အရမ်းအကျယ်ကြီးမဟုတ်သော်လည်း
အိမ်ဘေးနားက ခြံကလည်း လွှတ်နေတာနဲ့ သျှား က သူဝါသနာထဲက တစ်ခုဖြစ်တဲ့ ပျိုးပင် စိုက်ခြင်းကိုလည်း အချိန်ရရင် ရသလောက်လေး အားစိုက်မိသည်။

သျှား သည် သူ့အဖေဖြစ်သူက ကုမ္မဏီ အလုပ်ကို သင်ယူလို့ပြောပါသောလည်း ဒီ စီးပွားရေး အလုပ်ကို လုံး၀စိတ်မ၀င်စားခြင်းဖြစ်သည်။
သျှား ဝါသနာ ပါတာက ပန်းချီဆွဲတာပင်၊ သူ့ရဲ့ အချိန်တွေကို ပန်းချီ ဆွဲတဲ့အပေါ်မှာသာအများဆုံး အချိန်ပေးဖြစ်၏။ သူ့အချိန်တွေပိုနေရင် ဥယျာဉ်လေးထဲမှာ ရေလောင်း၊ပေါင်းသင်ပေးဖြစ်တယ်။
ကျောင်းပြီးကတည်းက သူ့အဖေကလည်း ဒီလိုမျိုးနေတာကို ဘာမှ မပြောပေမဲ့လို့ အခုရက်ပိုင်း ကုမ္မဏီနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အခြေခံကနေပြီး လေ့လာကြည့်ပါလားလို့ ပြောနေတာ ခဏ၊ ခဏပင် ရှိနေပြီ။
သျှား မှာ ငြင်းဖို့ပဲ အားသန်နေတာမို့ သူ့အဖေကပြောလာတိုင်း အကြောင်းပြချက် တစ်ခုခုပေးပြီး ငြင်းမိတာပင်။

ဒီနေ့တော့ လူကလည်း အိမ်မှာနေရတာ ငြီးငွေ့လာတာမို့ ကန်ဘောင်းယဘေး စက်ဘီးလေးနင်းရင် နေ၀င်ရောရီမှာ ထွက်လာခဲ့လိုက်တယ်။

သျှား။တို့ အိမ်က  တကယ့်အချက်အခြာကျတဲ့နေရာမှာတည်ရှိတယ်။  သူတို့ ၀န်း ထဲမှာက သာမာန် အိမ်အမျိုးအစားရယ်လို့ သိပ်မရှိ၊ ဘေးအိမ်တွေဆိုရင်လည်း တပယ်ကိုခမ်းနားထည်ဝါလွန်းတဲ့အိမ်တွေပဲရှိတယ်။
သျှားတို့ အိမ်ရဲ့ ‌တောင်ဘက်မှာက မြေးအဖိုး နှစ်ယောက်ပဲရှိပြီး၊ မြေးမလေးမှာက သျှား နဲ့ အသက်အတူတူပင်။ ‌
မြေး အဖိုး နှစ်ယောက်တည်း ရှိတာဆိုပေမဲ့ စီးပွားရေးအခြေအနေ၊ လူနေမူ့ အဆင့်အတန်းကစ သူ့များတွေရဲ့ အထက်မှာပင် ရှိသည်။
မိန်းခလေး ရဲ့အမည်မှာ နှင်းပွင့် ဖြစ်ပြီး၊ အဖိုးရဲ့ ကုမ္မဏီလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်ပင် ဖြစ်တယ်။

သျှား သည် တောင်ဘက်မှာရှိတဲ့ ကန်ဘောင်နံဘေးကနေ၊ ညနေစောင်းရဲ့လေပြေ၊လေညင်းလေးတွေကို ကိုယ်တိုင်ခံစားနေရင်းနဲ့ တစ်နေရာအရောက်‌တွင်.....

{ ချည် } Where stories live. Discover now