Part {4}

13.6K 926 4
                                    

တိမ်ဝလ္လာမိုးမြင့် အကြောင်းပြုတဲ့ ကောင်းမူ့ကြောင့် ညက အချိန်မတော်မှ အိမ်ပြန်ခဲ့ရသည်။
ဒေါ်လေးဒေဝီ တို့ကတော့ ဘယ်အချိန် အိမ်ပြန်ရောက်လဲမသိပေမဲ့ သျှားကတော့ ညဆယ်နာရီလောက်မှ အိမ်ပြန်ရောက်၏။

တိမ်၀လ္ဘာမိုးမြင့်က သူ့ကို လုပ်ချင်တိုင်းလုပ်ပြီး ညက သူခေါ်သွားတဲ့ အခန်းထဲမှာ တစ်ယောက်တည်းထားပစ်ခဲ့တယ်။

အတော်ကြာမှ သျှား သည် နေရာမှထက ကားရှိရာဆီသို့ ပြန်‌ခဲ့လေ၏။၊ ပါတီ ပွဲက သူ့ကို အာရုံစိုက်ကျပေမဲ့လို့ သျှားကတော့ ထိုလူတွေကို လျစ်လျူရူကာ တစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။

ဟိုလူရဲ့ အမေဖြစ်သူကတော့ သူ့သားရဲ့ လုပ်ရပ်တွေကို နားလည်ပေးဖို့နဲ့ သူ့သားအစား တောင်းပန်ပါတယ်လို့ပြောလာခဲ့သေးသည်၊ လူငယ်တွေပဲဖြစ်တဲ့ ကိစ္စမို့ ‌တိမ်၀လ္လာမိုးမြင့်အစား အန်တီ တောင်းပန်စရာမလိုဘူးလို့ပဲ သျှား ပြန်ပြောခဲ့လိုက်တယ်။

သျှား ဆုတောင်းမိပါတယ် နောက်တစ်ကြိမ်ထိုလူနဲ့ ဘယ်တော့မှ မဆုံရပါစေနဲ့လို့ပင်။
မျက်နှာချင်းဆိုင် ဆုံခဲ့ရပါက စကားကများကြဦးမယ်ဆိုတာအသေချာပင်။

သျှား သည် ‌တစ်ကိုယ်ရည် သန့်ရှင်းပြီးတော့ အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။

ထမင်းစားပွဲက လူစုံ၊လက်စုံ ဖြစ်လို့နေသည်။

"သျှား လာ ဖေဖေ မင်းကို ပြောစရာရှိသေးတယ်"

ဦးမြတ်မင်းက လက်ထဲက သောက်လက်စ လက်ဖတ်ရည်ခွက်ကို အောက်သို့ချလိုက်ကာ သျှား ကို မော့ကြည့်လို့လာတယ်

သျှား ကလှေကားက ဆင်းရုံရှိသေး ‌မြတ်မာလာထွန်း တို့သားအမိနှစ်ယောက်က သျှား ဘက်သို့လှည့်ကြည့်လာ၏။
သူတို့ မျက်နှာကြည့်ရတာ ညကကိစ္စကို သိပ်ပြီး မကျေနပ်တဲ့ရုပ်တွေပင်။

သျှား သည် ထိုင်ခုံအလွတ်တစ်ခုမှာ ၀င်ထိုင်လိုက်တယ်။
ညက နောက်ကျမှ အိပ်တာဆိုတော့ ခေါင်းက သိပ်ကြည်လင်လို့မနေပေ။

"ဖေဖေ ဘာပြောစရာရှိလို့လဲ..."

ဦး မြတ်မင်းက သားဖြစ်သူကရဲ့ မျက်နှာကို မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။

{ ချည် } Where stories live. Discover now