Part {21}

10.7K 757 13
                                    

ဆွဲလားရမ်းလားဖြစ်နေတဲ့အခိုက်အတန့်မှာပဲ သျှား တစ်ယောက်ငိုချချင်မိသည်။
ဘာလို့လဲ..ဘာလို့ဒီလိုကိစ္စမျိုးဖြစ်နေရတာလဲ?
အခုအမှားကလည်း သူ့ဘက်က မှားတာတစ်ခုမှမရှိခဲ့။
အဲ့လူ မဆင်မခြင်လုပ်မူ့ကြောင့်သာ ဒီလို အကြောင်းကိစ္စတွေဖြစ်လာခဲ့ရတာ၊ အခုတော့ နောက်ဆုံး ဒီလူ ဘယ်လိုဉာဏ်နီ၊ဉာဏ်နက်တွေသုံးပြီး လူကြီးတွေကို စည်းရုံးသလဲ မသိ၊ တကယ်ကို ကလိမ်ကကျစ်ကျတဲ့သူ။

ဖေဖေကလည်း မစဉ်းစား၊မဆုံးဖြတ်ပဲ တစ်ဖက်ကကမ်းလှမ်းတဲ့အတိုင်း လက်ခံနေလို့ တကယ်စိတ်ကုန်မိတယ်။ တကယ်ဆိုရင် ကျွန်တော့်ရဲ့သားက ကျန်းမာရေး အပြည့်အ၀ကောင်းသေးတာမဟုတ်ဘူးဆိုပြီး ငြင်းလို့ရနေပါရဲ့နဲ့ လွယ်"ကူ" လက်ခံလိုက်တယ်။
တကယ်ပါ အခုချိန်မှာ သျှားသည် ဘာကိုမစဉ်းစားချင်သလို၊ ဘာကိုမှလည်း မတွေးချင်ပေ။
နည်းနည်းလောက် ဦးနှောက်ကို အလုပ်ပေးလိုက်တာနဲ့
ခေါင်းထဲက တစ်ဆစ်ဆစ်ကိုက်ခဲလာတာကြောင့် သူ အခုချိန် ဘာကိုမှ မစဉ်းစားဖြစ်ခဲ့။

ရင်ခွင်ထဲရောက်နေတဲ့ လူက ၀လ္လာပြောလိုက်တော့ ခဏတော့ ငြိမ်သက်လို့သွားသည်။
၀လ္လာရဲ့ စကားကိုကြားလို့ ငြိမ်နေတာပဲလား?ဒါမှမဟုတ် ဘယ်လို လွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ကြံစည်နေတာလားဆိုတာကတော့ ကာယကံရှင်ပဲသိလိမ့်မည်ပင်။

"သားရယ်  သျှား ကို လွှတ်လိုက်ပါ ထပ်မစပါနဲ့တော့၊
ရင်ခွင်ထဲကလူက သားစကားကိုကြားပြီး သားကိုကြောက်နေပါဦးမယ်"

ဒေါ်မိုးမြင့်စံသည် ထိုင်ရာမှ ထလာကာ သျှားတို့နှစ်ယောက်ဆီသို့ သွားပြီး ၀လ္လာရင်ခွင်ထဲမှာ နှစ်မြုပ်နေတဲ့သျှားရဲ့လက်ကို အသာအယာဆွဲခေါ်လိုက်၏။
ဒေါ်မိုးမြင့်စံရဲ့ ဆွဲခေါ်မူ့ကြောင့် ၀လ္လာသည်လည်း အသာအယာပဲ လွှတ်ပေးလိုက်၏။

"မေမေ့ရဲ့ စကားကြောင့် ခင်ဗျားကို လွှတ်ပေးတာနော်၊
မဟုတ်ရင် ဒီနေရာမှာတင် ခင်‌ဗျားကို ဖက်နမ်းပစ်လိုက်ပြီ"

ရင်ခွင်ထဲက ထွက်သွားတဲ့ခေါင်းလေးက လုပ်ရဲရင်လုပ်ကြည့်ဆိုပြီး ၀လ္လာကို ခက်ထန်ထန်အကြည့်နဲ့မော့ကြည့်လာ၏။ ၀လ္လာကတော့ ထိုအကြည့်မျိုးကို‌ မဖြုံဘူးဆိုတဲ့ မျက်နှာပေးနဲ့သျှားကို မဲ့ပြုံး ပြုံးပြလိုက်တယ်!!

{ ချည် } Where stories live. Discover now