Part {24}🚨🚨

19.9K 781 14
                                    

ညလေးညင်းလေးက ပြတင်းပေါက်ကနေတစ်ဆင့် အိပ်ခန်းထဲသို့ တစ်ဖြူးဖြူးနဲ့ တိုးဝှေ့လို့လာခဲ့သည်။
တစ်စ၊တစ်စနဲ့ တိုးဝှေ့လာမူ့ကြောင့် ခန္ဓာကိုယ်လေးက  တစ်သိမ့်သိမ့်နဲ့ တုန်ရီလို့လာခဲ့၏။

အိပ်ရာ၀င်ကာစတုန်းက အနည်းငယ်ပူအိုက်လာတာကြောင့် အိမ်နေရင်း လက်တိုလေးသာ ၀တ်ထားတာမို့
ညလယ်ခေါင်ရောက်တော့ အပြင်ကလေအေးကြောင့်
လက်မောင်းကြွက်သားများက အေးစက်လို့နေ၏။

သျှား သည်  ညက7:30လောက်က အစောကြီး အိပ်ပျော်သွားတာမို့ ညစာတောင်မစားလိုက်ရပေ။
တိမ်၀လ္လာမိုးမြင့်ကတော့ သျှားကို မထိတစ်ထိ စနေတဲ့ အချိန်မှာ phone call တစ်ကော ၀င်လာတာ‌ကြောင့် ဖုန်းပြောနေတာကိုတော့ သိလိုက်တယ်။
သျှားက သူများအကြောင်း သိပ်စိတ်မ၀င်စားတဲ့သူ
မို့ တိမ်၀လ္လာမိုးမြင့် သည် ဘယ်သူ၊ဘယ်ဝါနဲ့ ဖုန်းပြောပြော သူစိတ်မ၀င်စားတာမို့ သိပ်အများကြီးမတွေးနေပေ။
ဒါပေမဲ့ သူပြောနေတာ အလုပ်ကိစ္စမဟုတ်မှန်းတော့ သျှားသိလိုက်တယ်၊ ဘာလို့ဆို ၀လ္လာသည် ဖုန်းပြောတာကို ၀ရံတာဘက်သို့ ထွက်သွားလိုက်ပြီး အသံက သမီးရည်းစား စကားပြောသလိုပဲ ဟိုဘက်က လူကိုချော့ပြောနေသလို
တစ်ခုခု ရှင်းပြနေတဲ့ ပုံပေါ်သည်။
ဒါပေမဲ့ သျှားက စိတ်ထဲ သိပ်မထည့်တာမို့ သိပ်ဂရုစိုက်မနေပေ။
ဒါနဲ့ပဲ  ထိုသူကို စောင့်ရင်း၊စောင့်ရင်းနဲ့ အိပ်ပျော်သွားတာဖြစ်၏။

အခုလေအေးတွေက မျက်နှာကို ရိုက်ခတ်လာတာမို့
‌တစ်ရေးနိုးလာတာဖြစ်၏။
မဖွင့်ချင်၊ဖွင့်ချင်ဖြစ်‌ေနတဲ့ မျက်လုံးတွေကို
အသာအယာပွတ်သပ်လိုက်တော့ မျက်၀န်းထဲမှာ မှိန်ပြပြညမီးရောင်လေးက အလင်းအာရုဏ်ကို ထိုးဖောက်၀င်ရောက်လာခဲ့သည်။

သျှားသည် ထထိုင်မယ်လုပ်လိုက်တော့ရုတ်တရပ် နားထဲမှာ ခြေသံတစ်ခုကို ကြားလိုက်ရ၏
ပထမတော့ သူအနွေးထည် တစ်ထည်ရှာပြီး ၀တ်မလို့ပဲ သို့သော် ထိုအသံကိုကြားတာနဲ့ အိပ်နေရာမှ မထိလိုက်တော့ ပဲ အသာ ငြိမ်နေလိုက်၏
ခြေသံတွေက တစ်ဖြည်းဖြည်း သျှားအိပ်‌ေနတဲ့
အိပ်ရာနဲ နီးကပ်လို့လာခဲ့၏။

{ ချည် } Where stories live. Discover now