Part {18}

10.5K 747 9
                                    

" အာ့"

"မင်းဘာလုပ်တာလဲ"
"လွှတ်..ငါ့လက်ကို လွှတ်စမ်း.."

"နေပါဦးဗျာ"
ဘာလို့ အဲ့လောက်တောင် ဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ?

"မင်းအရှက်မရှိတဲ့ အကောင်"
လူကြားသူကြားထဲ ခြေတွေလက်တွေကတစ်စက်မှကို အငြိမ်မနေဘူး..ဖယ်..လွှတ်.."

"ဟောဗျာ.."
ဘယ်လိုဖြစ်ရပြန်တာလဲ၊ အခုနကတော့ ကျွန်တော်လုပ်တာခံနေပြီတော့၊ အခုမှ မသိချင်ယောင်ဆောင်မယ်ပေါ့လေ။ ဟုတ်လား?

သျှားသည် သူ့ကိုဆွဲကိုင်ထားတဲ့လက်တစ်ဖက်ကို ခါထုတ်ပစ်လိုက်တယ်၊ နောက်ပြီး အကြည့်စိမ်း"တွေနဲ့ တိမ်၀လ္လာမိုးမြင့်ဆိုတဲ့သူကို ကြည့်ပစ်လိုက်တယ်။
ဒီလူကို လူကြီးလူကောင်းတစ်ယောက်ဖြစ်မယ်လို့ထင်ထားတာ တကယ်ဖြစ်နေတာက အရှက်မရှိတဲ့ ဝံပုလွေတစ်ကောင်ဖြစ်နေ၏။

ဒီလိုမျိူး ကိုယ်ထိလက်ရောက်ဖျားယောင်းပြီးတော့ လူဘယ်နှယောက်ရဲ့ နှလုံးသားတွေကိုခြွေယူပြီး ပြီလဲမသိဘူး။ သူ့က ကိုယ့်ကို ရိုး"သား" ခင်မင်ခဲ့တယ်လို့ပဲ သျှားကထင်ခဲ့တာ၊  ဟိုတစ်ခါတုန်းက ညတိုင်း ဖုန်းဆက်တက်တဲ့သူက အခုဆို ဖုန်းဆက်ဖို့နေနေသာသာ၊ မက်ဆေ့လေးတစ်စောင်မပို့လာတော့၊ သျှားလည်း ထိုအခြင်းအရာကို စိတ်ရူပ်စရာတစ်ခုလို အမြဲတွေးခဲ့မိ၏။
နောက်ဆုံး အော် ဒီလူနဲ့သူနဲ့က ဘာပတ်သတ်မူ့မှ မရှိတာပဲ ပြောစရာရှိမှ ဆက်သွယ်မှာပေါ့၊ နေ့တိုင်း သူ့ဖုန်းကို မျှော်နေရအောင် သူက ကိုယ့်ရဲ့ချစ်သူ၊ဒါမှမဟုတ် သူငယ်ချင်းဆိုတဲ့ အဆင့်မှာတောင်မရှိနေခဲ့။

အဲ့လိုနဲ့ပဲ သျှား သူနဲ့ပတ်သတ်ခဲ့တဲ့ ကိစ္စမှန်သမျှကို ခေါင်ူထဲထုတ်ပစ်လိုက်တော့တယ်၊ ဒီခေတ်ကြီးထဲမှာ လူတစ်ယောက်က လူတစ်ယောက်ကို ရီသဲ့သဲ့‌ေပြာတာတို့၊
ဖွန်ကြောင်ချင်လို့ညတိုင်းဖုန်းဆက်တာတို့က စ,ချင် နောက်ချင်ကျတဲ့လူတွေ လက်တည့်စမ်းတဲ့ သဘောမှာရှိကျသည်။
ကိုယ်က အဲ့အရာတွေကို တကယ်အောက်မေ့ပြီး အတည်ယုံနေလို့မဖြစ်၊ ယုံစားမိရင် ကိုယ့်ဘက်ကပဲ မှားမည်ပင်။
Qဇယားခင်းတဲ့သူကတော့ သူတို့စိတ်ပါနေတဲ့ အချိန်အတိုင်း ဒီလူကို ပြောလို့ရနေသ၍ပြောနေမှာပင်။
ဟိုစကားပုံလိုပဲ မရရင်အရင်း၊ရရင်အမြတ်ဆိုသလိုပေါ့။

{ ချည် } Where stories live. Discover now