Part {17}

10.6K 760 18
                                    

အချစ်ဆိုတာ သူများတွေအတွက်တော့ ဘယ်လိုဘယ်ပုံမျိုးတွေ ဖွဲ့နွဲ့တက်လဲ မသိပေမဲ့၊ တကယ့်လက်‌ တွေ့မှာတော့ ပြောမပြတက်လောက်ကို ချိုမြိန်လှပေသည်ဟု သျှားထင်မိ၏။

အချစ်ဆိုတာက ဘယ်ကနေ ပေါက်ဖွားလာတဲ့အရာလဲဆိုတာ သူမသိဘူး။ အာဒံနဲ့ဧ၀ က ကမ္ဘာဦးခေတ်ကနေ စခဲ့တယ်လို့ လူကြီးသူမတွေ ပြောတာ ကြားဘူးခဲ့၏။
တစ်ချို့လူတွေကျပြန်တော့လည်း ဗြဟ္မာတွေ ကမ္ဘာဦး အစကနေ လူသားတွေရဲ့ နှလုံးသားကို အချစ်ဆိုတဲ့ အသီးပင်လေး စိုက်ပျိုးပေးခဲ့တယ်လို့ပြောကျတယ်။

အတိတ်ဘ၀က ကုသိုလ်ကံကြောင့် ဒီဘ၀မှာ လူလာဖြစ်ကျရတယ်၊ တစ်ဦးနဲ့ တစ်ဦး ရေစက်တွေရှိခဲ့ကျလို့ အခု့လူ့ဘ၀မှာ ရင်းနှီးခင်မင်၊ ချစ်ခင်မြတ်နိုးခဲ့ကျရတယ်။

သဘာ၀ကိုလွန်ဆန်ပြီး အချစ်ကို မကိုးကွယ်ခဲ့သင့်မှန်း သျှားသိပါ၏။ သို့သော် အချစ်ဆိုတဲ့ စာလုံးလေးနှ။စ်လုံးမှာ ယောက်ျား၊မိန်းမ ခွဲခြားမထားခဲ့ပါဘူး။

ယောက်ျားလေးတွေ အချင်းချင်း လက်ထပ်ထိမ်းမြှားတဲ့အခြေအနေဆိုရင်၊ လူအများက ပြောလာလိမ့်မယ်။
ဟို..ဘ၀က ဆုတောင်းမှားခဲ့ကျလို့ ဒီဘ၀မှာ သူတို့တောင်းခဲ့တဲ့ဆုက ယောက်ျား၊မိန်းမ မခွဲခြားပဲနဲ့ လာပြီးပေါင်းစည်းခွင့်ရှိကျတယ်လို့၊ ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့စကားတစ်ခွန်းကို လိုလိုလားလားကန့်ကွက်မိပါ၏။

လူရယ်လို့ဖြစ်လာရင် ချစ်ကြိုက်ကျတာသဘာ၀ပဲပင်။
အချစ်ကနှလုံးသားထဲကနေ သိမ်သိမ်မွေ့မွေ့နဲ့ ပေါက်ဖွားလာတာမို့ နှလုံးသားရဲ့ စေလိုရာအတိုင်း ကိုယ့်မြတ်နိုးတဲ့ သူအပေါ်ကို ရဲရဲဝံ့ဝံ့နဲ့ ချစ်မိခဲ့တာပင်။
ဒါကြောင့် အချစ်ဆိုတဲ့ ဝေါဟာရတစ်ခုက မိန်းခလေးသော၊ ယောက်ျားလေးသော မချစ်ရဘူးဟူသည့် ပညက်ထားတဲ့ ဒဿနရှိမနေပေ ဒါကြောင့်မို့ လွတ်လပ်စွာ ချစ်ခွင့်ရှ်ိသည်။ သဘောကျခွင့်ရှိသည်၊ ပိုင်ဆိုင်ခွင့်လည်း ရှိသည်မဟုတ်လားပင်။

ဒီနေ့ဖေဖေက ကုမ္မဏီကို လိုက်ခဲ့ဖို့ သျှားကို ပြောသည်။
တ‌လော"ဆိုရင် ခေါင်းကိုက်တက်တဲ့ ဝေဒနာကို ခံစားနေရပေမဲ့လို့ အရင်တုန်းကထက်  ခုချိန်မှာ ပိုပြီး ကောင်းမွန်လာသည်ဟုပြောရမည်။
ညဘက်ကိုလည်း ဆေးပုံမှန်သောက်ရသည်။
ဒေါက်တာပြောတာကတော့ ဒီလို ဆေးကို ပုံမှန်သောက်ပြီး
အတိတ်က မှတ်ဉာဏ်တွေကိုလည်း တစ်စနဲ့ တစ်စ ‌စဉ်းစားကြည့်ပေးရင် မကြာခင်မှာ ပုံမှန် မှတ်ဉာဏ်တွေကို ပြန်ပြီး သတိရလာလိမ့်မည်ဟုပြောသည်။

{ ချည် } Where stories live. Discover now