Part {23}

11.4K 766 7
                                    


အချိန်ကည‌ေန 4နာရီခန့်ပင်ရှိပြီဖြစ်သည်။

နေ့လယ်ကတည်းက အခမ်းအနားက ပြီးဆုံးသွားပေမဲ့လို့
ဧည့်သည်တွေကို  ဧည့်ခံကျွေးမွေးပြုစုပြီး၊ ဟိုလူကဆွဲခေါ်သွား၊ဒီလူက ဆွဲခေါ်စကားပြောနဲ့ တစ်ချို့ လုပ်ငန်းရှင်တွေလည်းပါတာမို့ လုပ်ငန်းနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို လူချင်းတွေ့တုန်း ပြောဆိုတဲ့ အခါမျိုးတွေလည်းရှိတော့ တိမ်၀လ္လာမိုးမြင့်မှာက တစ်ချို့အရာတွေကျတော့ မျက်နှာလွှဲ ခဲပစ်လို့ကမရပေ။
ဒါကြောင့်  နှစ်‌ေယာက်သားမှာအိမ်ပြန်နောက်ကျလေတော့သည်။

သျှားကတော့ ဘေးနားကနေ လူပိုတစ်ယောက်လိုပဲ ဘာစကားမှမပြော၊ ကုမ္မဏီကိစ္စနဲ့ ပတ်သတ်ရင်လည်း စိတ်မ၀င်စားတဲ့ သူတစ်ယောက်ပေမို့လို့လားတော့မသိ၊ သူတို့ပြောနေကျတဲ့ ရှယ်ယာအကြောင်းတွေကို တစ်ခုမှ နားမလည်ပေ။
ဒါနဲ့ပဲ သူတို့ပြောနေကျတာကို အသာလေးထိုင်‌နားထောင်နေကာ ဘာစကားမှ၀င်မပြောပေ။

ဖေဖေတို့ကလည်း အိမ်ကိုပြန်လိုက်ခဲ့မယ်ဆိုတော့ ပြန်လိုက်မခံပေ၊ ၀လ္လာနဲ့ အတူတူပြန်ဆိုပြီး သူ့ကိုထားရစ်ခဲ့တယ်၊ အန်တီမိုးကလည်း ဒီအတိုင်းပဲ သူမသားနဲ့ပဲ အတူတူ ပြန်လိုက်ခဲ့လိုက်ပါတဲ့လေ။
အာ့နဲ့ သျှားနဲ့ ၀လ္လာတို့နှစ်ဦးသာရျန်ခဲ့လေတော့တယ်။
အလုပ်ကိစ္စဆိုလည်း နောက်မှပြောကျပါလားလို့ သျှားပြောတော့ ဒင်းကဘာပြောတယ်မှတ်လဲ၊ ခဏလေးပါတဲ့ ကိုယ့်ရဲ့ အရေးကြီး ဧည့်သည်မို့လို့ပါတဲ့လေ။
ဒင်းရဲ့ ခဏလေးက အခုဆို 2နာရီနီးပါတောင်ရှိနေလေပြီပင်။

" အဲ့ဒါဆိုရင် ကျွန်တော်နဲ့ နောက်တစ်ကြိမ်ကျမှ ဒီကိစ္စကို အတည်ပြုကျတာပေါ့"

၀လ္လာက တစ်ဖက်က လူထံသို့ ပြောလိုက်ခြင်းပေ။

"ကို၀လ္လာနဲ့ လုပ်ငန်းအတူတူလုပ်ရတာ ကျွန်တော်ဖြင်ြ အရမ်းဂုဏ်ယူမိတာပဲဗျာ, ဒါဆိုရင်လည်း အရင်ပြန်လိုက်ပါဦးမယ်နော်"

တစ်ဖက်က လူကြီးကပြောလာတော့ ၀လ္လာကလည်းခေါင်းတစ်ချက်ငြိမ့်ပြကာ အပြုံးတစ်ပွင့် ခပ်ကြီးကြီးကို လစ်ဟာပြလိုက်လေ၏။

{ ချည် } Where stories live. Discover now