Part {22}

11.5K 825 31
                                    

ဒီနေ့သျှားက ခြံအတွက် လိုအပ်တာတွေ၀ယ်ယူဖို့ ကိုမင်းခန့်နဲ့ အတူကားကြုံတာနဲ့ အပြင်ကိုလိုက်ခဲ့လိုက်တာဖြစ်သည်။
ကိုမြတ်မင်းခန့်ဆိုတာက မေသော် ရဲ့ မောင်အငယ်ဆုံးဖြစ်၏။
ဒီနေ့မှတိုက်"ဆိုင်"ပဲ သျှား ရဲ့ကားကလည်း ၀ပ်ရှော့ကိုပို့ထားရတယ်။
လမ်းကြုံတာနဲ့ပဲ သျှားမှာ ကိုမင်းခန့်ရဲ့ကားနဲ့လိုက်ပြီး အရေးကြီးနဲ့ ပစ္စည်းများကို လိုက်၀ယ်ဖို့ရန်အတွက် အဆင်သင့်‌တာပင်။

သူကလည်းပြောရှာပါတယ်၊ သျှား လိုအပ်တာမှန်သမျှကို အားမနာနဲ့ သေချာစိတ်ကြိုက်၀ယ်လို့ပြောတာမို့ သျှားမှာ အသေးစိတ်လိုအပ်တာမှန်သမျှကို စိတ်တိုင်းကျ၀ယ်ယူနေမိ၏။

နေရာက သိမ်ကြီးဈေးမှာပဲ အကုန်၀ယ်လိုက်တာမို့ အချိန်သိပ်မကုန်တော့ပေ။

" ကိုမြတ်မင်းခန့်၊ ပြန်ကြရအောင်"

"ဟင်..သျှား ၀ယ်လို့ပြီးသွားပြီလား? ၀ယ်စရာရှ်ိရင် ၀ယ်နော်၊ ကျွန်တော်ကို ဘာမှ အားမနာနဲ့.."

ကိုမြတ်မင်းခန့်က သျှား လက်နှစ်ဖက် ဘယ်တစ်ဖက်ညာတစ်ဖက် ဆွဲထားတဲ့ အထုပ်ကြီး၊အထုပ်ငယ်တွေကို ကူယူလိုက်၏။

"ကျွန်တော် အကုန်၀ယ်လို့ပြီးသွားပြီ"
အခုချိန်ထိ စောင့်ခိုင်းမိတာတောင် ကျွန်တော်မှာ ကိုမြတ်မင်းခန့်ကို အားနာနေရတာ.."

"သျှားကလည်း မဟုတ်တာဗျာ၊ ပြောရမဲ့လူတွေကျနေတာပဲ ကျွန်တော်တို့က သူစိမ်းတွေမှမဟုတ်ပဲ အားနာစရာမလိုပါဘူးလို့ ကျွန်တော်ပြောပြီးပြီပဲဟာ.."

"ဟုတ်ပါပြီ..ကိုမြတ်မင်းခန့်ရယ်၊ တကယ်ကျွန်တော် အကုန်၀ယ်လို့ပြီးသွားပါပြီ"

"အင်း..အင်း.."
အဲ့ဒါဆိုရင် ကျွန်တော်တို့ပြန်ကြတာပေါ့...။

ကိုမင်းခန့် ဆိုတဲ့သူက မကြာသေးခင်ကမှ စင်ကာပူကနေ ပြန်လာတာမကြာသေးပေ၊ အိမ်နီးနားချင်းလည်းဖြစ်၊ မေသော်ရဲ့ မောင်လေးလည်း ဖြစ်တာကြောင့် အချိန်တစ်ခုမှာတင်ပဲ သျှား တို့မိသားစုနဲ့ အတော်လေးခင်မင်ရင်းနှီးသွားခဲ့တယ်။ အသက်က သျှား ထက်ငယ်မဲ့ပုံပေါ်ပေမဲ့လို့ သူလူကောင်က ထွားကြိုင်သန်မာလှသည်။
အရပ်ကလည်း သျှားထက် ခေါင်းနှစ်လုံးစာလောက် ရှည်ထွက်နေကာ သူမျင်နှာပေါက်၊ ကိုယ်အနေဟန်ထားကလည်း မြန်မာလူမျိုးတစ်ယောက်လိုတောင်မထင်ရ။
တကယ့် နိုင်ငံခြားသား တစ်ဦးလိုပဲ၊ အသားအရည် အရပ်အမောင်း အပြောအဆိုကစ မြန်မာလူမျိုးတစ်ယောက်လို့ ပြောရမှာတောင် ယုံနိုင်ဖွယ်ရာမရှိပေ။
စကားပြောရင်လည်း စင်ကာပူနိူင်ငံမှာနေတာကြာလို့ဖြစ်ရမယ်၊ မြန်မာစကားကို ပီပီသသမထွက်၊ အသံဝဲတဲတဲလေးနဲ့ ကြားရသူအဖို့ တစ်မျိုးတစ်မည်ကိုပေးစွမ်းနေ၏။

{ ချည် } Where stories live. Discover now