Part {9}

12.1K 890 13
                                    

Matsuya ကုမ္မဏီဆိုတာ စီးပွားရေးလောက မှာအင်မတန် နာမည်ရနေတဲ့ ကုမ္မဏီ တစ်ခုဖြစ်သည်။
ဂျပန်မှာရှိတဲ့ ကုမ္မဏီရုံးချုပ်ကို အဖေဖြစ်သူက တာ၀န်ယူထားပြီး၊  မြန်မာပြည်မှာ ရှိတဲ့ ကုမ္မဏီလက်ခွဲကိုတော့ သားဖြစ်တဲ့သူ တိမ်၀လ္လာမိုးမြင့်က တာ၀န်ယူထား၏။

ရုံးချုပ်လက်ခွဲလို့သာပြောတာ မြန်မာပြည်မှာဆိုရင်တော့ အများတကာတွေရဲ့ စီးပွားရေးထက် အမြင့်ဆုံးမှာပဲတည်ရှိနေ၏။

သျှား တို့ ကုမ္မဏီကတော့ MatSuya ကုမ္မဏီကြီးကိုမယှဉ်နိုင်ပေမဲ့လို့ သူတို့ကလည်း အများတကာတွေထက် သင့်တဲ့နေရာတစ်နေရာမှာပဲ ရပ်တည်နေတာဖြစ်၏။

သျှားက အဖေဖြစ်သူက ဘာပစ္စည်းပို့ခိုင်းလိုက်တာလည်းတော့မသိ၊ သွားမပို့ချင်ပါဘူးလို့ ငြင်းပြန်ရင်လည်း မသွားချင်တဲ့ အကြောင်းပြချက်က ဘာလဲဆိုပြီး အမေးခံရဦးမည်။ ပစ္စည်းကတော့သိပ်ကြီးကြီးမားရယ်လို့တော့မဟုတ်၊ ပါဆယ်ပုံးလေး တစ်ခုပဲဖြစ်၏။

အလွန်မြင့်မား မတ်စောက်တဲ့ အဆောက်အအုံကြီးရှေ့မှာBMW M8501 ကားပြာလေးတစ်စီးထိုးရပ်လိုက်၏။ အလွန်မြင့်မားလွန်းတဲ့ အဆောက်အအုံကြီးမို့ မော့ကြည့်ရတဲ့ အခြေအနေပင်။ အတွင်းထဲမ၀င်ရသေးပေမဲ့ လေထုရဲ့ တိုက်ခတ်လာမူ့ကြောင့် အနားတောင်မကပ်ရသေးဘူး၊ အရှိန်အဝါတွေ ဘယ်လောက်များ အရောင်ဟတ်နေသလဲဆိုတာ ပြောမပြတက်အောင်ပင်။

တစ်ခါပဲရောက်ဖူးပေမဲ့လို့ ဒီနေရာကိုတော့ သျှား အတော်လေးကို ရင်းနှီးနေမိ၏။ အဲ့တစ်ခေါက်တုန်းကဆိုရင် ရှေ့မျက်နှာနောက်ထားပြီး လာခဲ့ရတာ ပြန်တွေးမိရင် ဒေါသလည်းဖြစ်မိ၏၊ ရှက်လည်းရှက်မိပါ၏။
ကိုယ်ဘက်က မာနကြီးတစ်ခွဲသားနဲ့  မြေကိုမရောင်းတော့ဘူးလို့ ကိုယ့်ဘက်ကနေအရင်ပြောခဲ့တာ နောက်ဆုံးကျတော့ ကိုယ်က အရှက်မရှိ ပြန်လာညှိနိူင်းမူ့ ပြုလုပ်ခဲ့ရတာ ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ မျက်နှာတွေတောင် ပူလာမိ၏။

သျှား သည် ခေါင်းထဲက အတွေးပေါင်းသောင်းခြောက်ထောင်ကို ခါယမ်းထုတ်ဖြစ်ကာ သူ့လက်ထဲက ကိုင်ထားတဲ့ ပါဆယ်ထုတ်လေးကို ပြန်ငုံ့ကြည့်မိ၏။
ဒီထဲမှာ ဘာရှိလဲဆိုတာသူ သိချင်ပေမဲ့လို့၊ သူများပိုင်တဲ့ပစ္စည်းတွေကို မစပ်စုတာသာအကောင်းဆုံးပင်။
သို့ပေမဲ့ သျှား တစ်ခုတော့ သိချင်မိ၏။

{ ချည် } Where stories live. Discover now