Part {40} Uni

9.5K 518 20
                                    

"ကိုယ်နဲ့ စကား ခဏလောက်ပြောကြရအောင်၊ မင်း ဘက်က အဆင်ပြေမလားဟင်"

၀လ္လာရဲ့ စကားလုံးတွေကို နားထောင်မိနေရင်း သျှားမှာ အမ်းတန်းတန်း ဖြစ်သွားမိသည်။

ဒီလူက တကယ်ကြီးကိုပဲ တည်ငြိမ်မူ့ ရှိလှပေသည်။
သျှားသည် သူလက်ထဲမှာကိုင်ထားတဲ့ အထည်တစ်ချို့ကို ကျစ်ကျစ်ပါအောင် မသိစိတ်ကနေ ဆုတ်ကိုင်ထားမိသည်။ ဒီလို ရုတ်တရပ်ကြီး တိမ်၀လ္လာမိုးမြင့်ကို မြင်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ဒါကြောင့်မို့လည်း အံ့အားသင့်သွားရသည်။
ဒါပေမဲ့လည်း သူ့ရဲ့ ဖြစ်ပျက်သွားတဲ့ အံ့အားသင့်မူ့တွေကို
မျက်နှာပြင်ထက်မှာပေါ်လွင်နေအောင်တော့ ဘယ်တော့မှ ထုတ်ပြမှာ မဟုတ်ပေ။
ဒီနေရာမှာ ဒီအတိုင်းလေသာ တစ်ဖက်ကလူကို ရပ်ကြည့်နေမိသည်။

"မင်း ကိုယ့်စကားကြောင့် အနှောင့်အယှက်ဖြစ်သွားတာလား..ဒါဆိုရင်တော့ ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်ပြောလိုက်တဲ့ စကားတွေကို မကြားလိုက်ဘူးပဲ မှတ်လိုက်ပါနော်"

"ကိုယ် ကြောင့် မင်းစိတ်မပျော်မ‌ရွှင်ဖြစ်သွားရင် ကိုယ်တကယ့်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်နော်.."

"ကိုယ့်ကိုတော့ မမုန်းလိုက်ပါနဲ့၊ နောက်ပြီး အဲ့လိုအကြည့်တွေနဲ့လည်း်ကြည့်လိုက်ပါနဲ့နော်"

၀လ္လာသည် သူစကားက အရမ်းရဲတင်းသွားသလိုထင်မိ၍ အလျှင်အမြန်ကိုပဲ တောင်းပန်မိသည်။
ခုချိန်မှာ မာန်ထက်သျှား ဆိုတဲ့လူ စိတ်ဆိုးသွားမှာ သူသေအောင်ကြောက်မိသည်၊ ရွှံသွားမှာလည်းကြောက်သည်။
နောက်ပြီး ထိုသူ နောက်တစ်ကြိမ် မုန်းသွားမှာကိုလည်း သူကြောက်ပါသည်။

သျှား နဲ့ မတွေ့ဖြစ်ခဲ့တဲ့ အချိန်အတော်အတွင်းမှာ သူ့ကိုသူ
သျှားမရှိပဲ နေတက်သလိုနေ‌နိုင်အောင်လို့ မနည်းကျင့်သားရအောင်လုပ်ခဲ့ရသည်။
သူတရား၀င်လက်ထပ်ထားတဲ့သူ၊ တစ်ချိန်က ကိုယ့်နဲ့ တစ်အိုးတစ်အိမ် ထူထောင်ခဲ့တဲ့သူ၊ နောက်ပြီး အချစ်ဆိုတာအရသာကို ဘယ်လိုသိခဲ့အောင် သင်ပြပေးခဲ့တဲ့သူ ဒီလူကို
လက်လွှတ်လိုက်ရတာကို တွေးမိတော့ သူ့ရင်တွေနာကျင်ရပါသည်။

{ ချည် } Where stories live. Discover now