Part {42} Uni

9.2K 465 13
                                    

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က။

သျှားတို့မိသားစုသည် ထိုရက်ပိုင်းတွေတုန်းကအခက်အခဲများစွာနဲ့ကြုံတွေ့ခဲ့ရသည်။
ဦးမြတ်မင်းတို့ ကုမ္ပဏီသည် ငွေလိမ်လည်မူ့နဲ့ အမူ့ရင်ဆိုင်ခဲ့ရသည်။
သူတို့ရင်းနှီးမြုပ်နှံခဲ့တဲ့ ကုမ္ပဏီတစ်ခုက စာချုပ်ချုပ်ရာမှာ လိုအပ်‌ချက်တွေနဲ့ ပြည့်နှပ်နေတာမို့ လုပ်ငန်းတစ်ချို့ကို ရပ်ဆိုင်းလိုက်ရသည်။
ဘာအကြောင်းအရာရယ်လို့ သေချာမသိသေးပေမဲ့ အဲဒီ့ရဲ့ရဲ့ ရလာဘ်အနေနဲ့ကတော့ ဦးမြတ်မင်း ရဲ့ ရှယ်ယာအချို့ကတော့ လူလိမ်ခံရလိုက်ရပြီဆိုတာတော့ အတပ်ပြောနိုငါသည်။

ထိုလုပ်ငန်းထဲမှာ ရင်းနှီးထားတဲ့ ငွေ အမြောက်အများက
ဘုတ်အဖွဲ့ အ၀င်တွေရဲ့ ငွေသားများကို စိုက်ထုတ်ထားတာကြောင့် အခုအခြေအနေ မျိုးက မတက်သာ၊ မလွှဲသာတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။

ဒီလိုအခြေအနေမျိုးကြောင့်လည်း ကုမ္ပဏီရဲ့ ရှယ်ယာ‌တစ်ချို့ကလည်း ဟိုး အောက်ဆုံးတိုင်အောင်ထိုးကျသွားခဲ့သည်။ ဒီလိုအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ ကိုယ့်ကျရူံးတာကို ကြိတ်၀မ်းသာတဲ့လူတွေရှိတာမို့ အကူအညီအဖြစ်တောင်းရင်တောင် ဘယ်သူမှ ရက်ရက်ရောရော မကူညီနိုင်ကြပေ။

သျှား သည် ဒီကိစ္စ အားလုံးကို သိလိုက်ရတော့ သူဘာတင်လုပ်ရမယ်မှန်းမသိတော့ပေ။
ဒီအခြေအနေ ဖြစ်နေတာကို ဦးမြတ်မင်းက မိသားစုအပေါ်ကို မပြောပြခဲ့ပေ။
သူ့ကြည့်ရတာ မိသားစု‌အပေါ် ဒုက္ခ မပေးချင်လို့ ဖြစ်နိုင်သည်၊ ဘာတစ်ခုမှ ရင်ဖွင့်မလာပေ။
ဒီကိစ္စကို သျှားသိလိုက်ရတာလည်း ဖေဖေရဲ့ အတွင်းရေးမူးမလေး ဆီကနေ တစ်ဆင့်ကြားခဲ့ရတာဖြစ်သည်။

ဖေဖေက အိပ်‌ချိန်တောင် ပုံမှန် မအိပ်ပဲ၊ သူ့မှာ စာဖတ်ခန်းထဲသာ သူ့စရင်းဇယားတွေနဲ့ နပန်းလုံးနေတက်သည်။
သျှား သတိထားမိတဲ့ အချိန်တွေဆိုရင် ဖေဖေသည် ညဆို
အိပ်ရော အိပ်ပါ့မလား‌လို့တောင် သံသယ ၀င်မိသည်။
နောက်ဆုံးတော့ ဖေဖေကို ကိုယ်တိုင်မေးလည်း ‌တစ်ခြားအကြောင်းအရာကို သာ လွှဲ"ချသွားသည်။
သျှား သိချင်တဲ့ အကြောင်းကို ပြောမလာပေ။

{ ချည် } Where stories live. Discover now