• 1 •

7.2K 312 14
                                    

>> Uni <<

လေယာဉ်မယ်ရဲ့ အင်ချွန်းလေဆိပ်ကို ဆိုက်ရောက်တော့မဲ့အကြောင်း ပြောနေတာကအပြင်ကို ငေးကြည့်နေမိပြီး အတွေးလွန်နေတဲ့ သူ့ရဲ့ သတိတွေကို လက်ရှိလောကကို ပြန်ဆွဲခေါ်လာသည်။လေယာဉ်ကွင်းအပြင်ဘက်ရောက်တော့ဆိုးလ်က စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ ကားငှားတုန်း အနောက်ကနေ လှမ်းရိုက်တာကြောင့် လူကတုန်ခနဲပင်။

'ဆွန်းဟျောင်း...ဟန်ဆွန်းဟျောင်း မင်းက ဘယ်လိုဖြစ်ပြီး'

'မင်းကို လာကြိုတာလေ။ဆေးရုံအုပ်က ပြောထားတယ် တာဝန်ကျ ဆရာဝန်လာမှာမို့ သွားကြိုဖို့ပြောထားတာလေ'

'ကျေးဇူးပဲကွာ မင်း လာမကြိုရင် ငါအထုတ်အပိုးတွေနဲ့ တိုင်ပတ်ဦးမှာ'

'ရပါတယ်။သွားရအောင်လေ'

'ဆွန်းဟျောင်း လွန်ခဲ့တဲ့ 3 နှစ်ကျော်က ငါတို့တွေ စုထောင်ခဲ့တဲ့ Call Center လေးရော အခုထိလည်ပတ်နေတုန်းလား'

'မင်းသွားပြီးကတည်းက ဖျက်သိမ်းလိုက်ပြီ။ငါထပ်ပြီးတော့ အမှားတွေမဖြစ်စေချင်လို့'

'ဘာအမှားတွေကိုလဲ ဆွန်းဟျောင်း'

'မင်း မကြာခင် သိရမှာပါ။'

ဆွန်းဟျောင်းပြောနေတဲ့စကားတွေကို သေချာနားမလည်။ပြောနေတဲ့အကြောင်းအရင်းတွေကဆွန်းဟျောင်းအတွက် ဦးတည်ချက်ရှိနေပေမဲ့ သူ့အတွက်ကတော့ အစပင်ဖော်မရ။ကားမောင်းနေတာမို့ အနှောက်အယှက်မပေးချင်တာမို့
ဘေးနားကနေသာ ငြိမ်ပြီး လိုက်နေမိသည်။

<~><~>

ဆေးရုံရောက်တော့ ဆေးရုံအုပ်ကြီးနဲ့နှုတ်ဆက်ပြီး
ဆေးရုံကို စလာရမဲ့ရက်နဲ့ အချိန်တွေကို တိုင်ပင်တော့ ဆွန်းဟျောင်းနဲ့က တစ်ချိန်စီပင်။အဆင်ပြေသည်လား မပြေသည်လားတော့မဆိုတတ်။အကုန်လုံးလည်း ပြီးသွားပြီမို့ ဆေးရုံအုပ်ကိုနှုတ်ဆက်ပြီး ဆွန်းဟျောင်းနားနေခန်းကိုရှာပြီးသာလိုက်သွားမိသည်။

'ဆွန်းဟျောင်း ဘာဖြစ်လို့ ငါ့ကို ချက်ချင်းအမြင်မကြည်ဖြစ်သွားရတာလဲ'

'တကယ်မသိတာလား ဆော့ဂျင်...မင်း ဆိုးလ်ကို ပြန်ရောက်တာတောင် အခုနက Call Center ကိစ္စပြောတဲ့အထိတောင် မင်း တကယ်မသိသေးဘူးလား'

You are the Only One  ( ✔ ) Where stories live. Discover now