• 19 •

952 124 29
                                    

Uni

လေယာဥ်ဆိုက်တဲ့အချိန်နဲ့ဆို သုံးနာရီလောက်ဟနေတာတောင် အခုထိ ဖုန်းဆက်မလာသေးတဲ့ ကိုကိုကြောင့်
ဂျောင်ကု ထိုင်မရထမရပင်၊တွေးနေတုန်း တဒူဒူနဲ့၀င်လာတဲ့ ကိုကို့ဖုန်းကြောင့် ရင်ထဲ တော်တော်အဆင်ပြေသွားသည်။

'ဟယ်လို မောင် ဟီး'

"ဘာ ဟီး လဲ၊ကိုယ့်ယောကျာ်းကို ဖုန်းဆက်တဲ့အချိန်ကို ပြန်ကြည့်လိုက် ဂျွန်ဆော့ဂျင်"

'အဲဒီကအချိန်ဆို 9 နာရီကျော်လေ၊အိပ်ချိန်လည်းမဟုတ်သေးပါဘူး'

"လေဆိပ်ဆင်းတာ ဘယ်အချိန်လဲ"

'6 နာရီခွဲလေ'

"အခုနဲ့အချိန်ဘယ်လောက်ဟသွားလဲ"

'မောင် သင်္ချာကျွမ်းပါတယ် မောင်ရဲ့'

"သင်္ချာတွက်ခိုင်းနေလို့လား ဂျွန်ဆော့ဂျင်!!!"

'ဒါက ကိုကို့ကို ဆူနေတာပေါ့။ကိုကိုက ဖုန်းစောစောဆက်ဖို့ပဲကို လေဆိပ်ကဆင်းတော့ ကားပေါ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့တာနဲ့ အခုမှပြန်ရလို့ မောင့်ကိုတန်းဆက်တာကို လာဆူနေတယ်'

"ဆူရမှာပေါ့ ပေါ့တိပေါ့ဆနဲ့"

'အဲ့လိုကျတော့ ဘာဖြစ်လဲ၊လူကိုနော် အနီးအနားမှာမရှိလို့ ဘာမှမလုပ်နိုင်ပါဘူးဆိုပြီး အော်မနေနဲ့၊ပြန်လာရင် ကိုက်ပစ်မှာ ပြီးသွားရင် စျေးကွက်တင်ဖို့လည်း စဥ်းစားပစ်မှာ ဘရို'

"အဲ့လိုဆို မောင်ကလည်း ကိုက်တဲ့ယောကျာ်းကို ပြန်ကိုက်ပြီး စျေးကွက်တင်ဖို့ စဥ်းစားချိန်မရအောင် လုပ်မှာပေါ့
ဘရိုရ"

'ပေါက်ကရတွေပြောနေတယ်'

"ကိုကိုအရင်ပြောတာလေ မောင်ပြောမှ ပြောတယ်လုပ်နေတယ်"

'စိတ်မဆိုးနဲ့နော် ကိုကိုဆက်မို့ကို အခြေအနေ​တွေကြောင့်ပါ'

"မဆိုးပါဘူး ကိုကိုရယ်၊ဂရုစိုက်နော် ကျောင်းသားတွေနဲ့ဆိုတော့ မောင် ခဏခဏဖုန်းမဆက်တော့ဘူး ကိုကို အားမှဆက်လိုက် ဟုတ်ပြီလား"

'oki oki မောင်ရော ဂရုစိုက်နော်၊စောစောအိပ်ဦး၊စိတ်ထဲ တစ်ခုခုအဆင်မပြေရင် ကိုကို့ကိုဖုန်းဆက်လိုက် စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးကို လုံး၀မသောက်နဲ့ကြားလား'

You are the Only One  ( ✔ ) Opowieści tętniące życiem. Odkryj je teraz